Friday 29 May 2015

ငါးလုပ်ငန်းဖွံ့ဖြိုးရန် ဦးသိန်းစိန်အစိုးရ ပံ့ပိုးကူညီမှု မရှိခဲ့ဟုဆို

ငါးမွေးမြူရေးကန်တွင် လုပ်ငန်းဖော်ဆောင်နေသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဦးသိန်းစိန်အစိုးရလက် ထက်တွင် မြန်မာနိုင်ငံ၏ ငါးလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပံ့ပိုးကူညီမှုမရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးဝင်းကြိုင်က ပြောကြား သည်။

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ် မီသားပေါက် စခန်းများ တည် ဆောက်၍ မျိုးရိုးမြှင့်ထားသော ငါး၊ ပုစွန်များ ထိန်းသိမ်းပြီး မွေး မြူသူများထံ သားပေါက်များဖြန့် ချပေးရန် အစာစပ် စက်ရုံများမှလို အပ်ချက်ကို ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့ပြင် မွေးမြူရေးအစာစက် ရုံများ အရှုံးပေါ်သဖြင့် လုပ်ငန်း ဖျက်သိမ်းလိုက်ရသောကြောင့် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများ တွင် မွေးမြူရေးအစာလိုအပ်ချက် မြင့်မားလာခဲ့ပြီး ပြည်ပမှတင်သွင်း ခဲ့ရသည်။

‘‘ခေတ်မီရေသတ္တ၀ါမွေးမြူ ရေးစနစ် ဖြစ်လာဖို့ ငွေကြေးနဲ့ နည်းပညာ လိုအပ်တယ်။ အောင် မြင်လာရင် အရည်အသွေးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်အတွက်လည်း ၀င်ငွေ တိုးလာမှာ။ အဲဒီ လိုအပ်ချက်တွေ ကို အစိုးရက ဦးဆောင်ရမယ်။ ပေါင်းစပ်ပြီး ဆက်သွယ်ဆောင် ရွက်ပေးရမယ်။ နောက်ဆုံးတော့ ပြောရရင် အစိုးရက တာဝန်ယူမှု မရှိလို့ မတိုးတက်တာ။ ဒီငါးနှစ်အတွင်းမှာ ကျဆုံး သွားတာ ဒီဝန် ကြီးကို တာဝန်ခံထားတဲ့အစိုးရမှာ တာဝန်ရှိတယ်။ ၀န်ကြီးက သူ လုပ်ရမယ့်အလုပ်ကို မလုပ်တာ’’ ဟု ဦးဝင်းကြိုင်ကပြောသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာ ဘေးကင်းမှုရှိစေရန် ဆောင်ရွက်ရေး မူဝါဒချမှတ်ထားသည်။

‘‘၀န်ကြီးဌာနက အစားအ စာကဏ္ဍ တိုးတက်ချင်တယ်လို့ ရည်ရွယ်ချက်မှာ ပါနေတယ်။ ဘယ်မွေးမြူရေး လုပ်ငန်းမဆိုကြီး ကြီးမားမားနဲ့ စီးပွားရေးတက်ချင် ရင် မွေးမြူရေး အစာမရှိဘဲ မ တက်ဘူး။ မွေးမြူရေး တိုးတက် ချင်တယ်ပြောပြီး အစာကဏ္ဍတိုး တက်အောင်မလုပ်ဘူး။ အစိုးရက ဒီအချိန်မှမလုပ်ရင် ဘယ် အချိန် လုပ်မှာလဲ။ ကျွန်တော်တို့ပုဂ္ဂလိက က မလုပ်နိုင်တာက အစိုးရနဲ့ပူး ပေါင်းလုပ်ချင်တာ၊ သူတို့နဲ့အ လျဉ်းသင့်တာပဲ ပံ့ပိုးနေတယ်’’ဟု မြန်မာနိုင်ငံ ငါး၊ပုစွန်အစာထုတ် လုပ်ရောင်းဝယ်သူများအသင်းဥ က္ကဋ္ဌ ဒေါက်တာသက်မှူးကပြော ကြားသည်။

အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကရေလုပ်ငန်းရှင်များသည် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်မွေးမြူရေး လုပ်ငန်း များ ကြိုးစားဆောင်ရွက်သော်လည်း အစိုးရက ကူညီဆောင်ရွက်မှု မပြုခဲ့ခြင်းကြောင့် အကောင်အထည် ပေါ်မှု အားနည်းခဲ့ကြောင်း ဦးဝင်းကြိုင် ကပြောကြားသည်။

7Day DAILY 

No comments:

Post a Comment