Thursday 28 May 2015

ချစ်သူ လိုချင်နေတဲ့ အရပ် (၈)ပေကျော် အိန်္ဒိယနိုင်ငံသား

အရပ် (၈)ပေ ၊ (၁) လက်မရှိတဲ့ အိန်္ဒိယနိုင်ငံသားတစ်ဦးဟာ ချစ်သူရည်းစား လိုချင်နေပေမယ့်  ရှည်လျားတဲ့ အရပ်ကြောင့် ချစ်ကြိုက်မယ့် သူမရှိတာကြောင့် အခက်တွေ့နေရပါတယ်။ ယူတာပါရာဒက်ရှ် ပြည်နယ်မှာနေထိုင်တဲ့ ဒီဟာမန်ဒရာဆင်း ဟာ ကမ္ဘာ့ အရပ်အမြင့်ဆုံး သူထက် (၂) လက်မသာ ပိုနိမ့်သူလည်း ဖြစ်ပါတယ်။ ဒီဟာမန်ဒရာဆင်းဟာ ချစ်သူ မရှိသလို အလုပ်လုပ်ရာ မှာလည်း ရှည်လျားတဲ့ အရပ်ကြောင့် ခိုင်းမယ့်သူ မရှိပါဘူး။
ဘ၀၀မ်းရေး အတွက် ပန်းခြံတွေကို သွားရောက်ပြီး ထူးခြားတဲ့ လူသား အဖြစ် ခံယူကာ ဓာတ်ပုံတွဲ ရိုက်လို သူတွေ ထံကနေ အခကြေးငွေ ရယူတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအလုပ်ကလည်း ပိုက်ဆံ မရသလောက် ဖြစ်ခဲ့ပါတယ်။ ဧည့်သည်တွေဟာ ဓာတ်ပုံတွဲ ရိုက်ပြီး တဲ့နောက် ပိုက်ဆံ မပေးဘဲ ထွက်ပြေး သွားတာကြောင့် ဖြစ်ပါတယ်။ အသက် (၃၂)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒီဟာမန်ဒရာဆင်းက မိမိအနေဖြင့် လက်ထပ်လိုသော်လည်း အရပ်ရှည်နေတာကြောင့် အနှောင့်အယှက် ဖြစ်နေရကြောင်း၊ မိမိနှင့် လိုက်ဖက်မယ့် သူကို ရှာဖွေရန်လည်း မဖြစ်နိုင်ကြောင်း၊ မိမိအနေဖြင့် ချစ်သူရည်စား ရခဲ့ရင်တောင် ရယ်မောခံရမည် ဖြစ်ကြောင်း၊ မိမိသည် အလွန်ရှက်တတ်ပြီး မိန်းကလေးတွေကို ရည်းစားစကားတောင် ဟြေခဲ့ခြင်း မရှိကြောင်း၊ မိမိ အနေဖြင့် အားလုံးကို လေးစားသော်လည်း မိမိ၏ အိပ်မက်ထဲ ကလို အမျိုးသမီးများနှင့် တစ်ကြိမ်မျှ မတွေ့ခဲ့ ရကြောင်း ဟြေကြားခဲ့ပါတယ်။ ဂင်းနစ်စံချိန် မှတ်တမ်းအရ လက်ရှိ ကမ္ဘာ့ အရပ်ရှည်ဆုံးက တူရကီနိုင်ငံမှာရှိတဲ့ ဆူလ်တန်ကိုဆန် ဖြစ်ပြီး အရပ်အမြင့်က (၈)ပေ၊ (၃) လက်မရှိတယ်လို့ သိရပါတယ်။

Messenger News Journal 

No comments:

Post a Comment