Saturday 30 May 2015

အကြမ်းဖက်မှု ကိုအားပေးထောက်ခံ သည့်နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန်ပယ်ဖျက်


ဆယ်စုနှစ်ငါးနှစ်ကြာ ရပ်နားထားသော သံတမန်ဆက်ဆံရေးပြန်လည်ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကို ကျူးဘားကို အကြမ်းဖက်မှုအားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ သောကြာနေ့က ပယ်ဖျက်လိုက်ရာ ကြီးမားသည့် အတားအဆီးကြီးတစ်ခုကို ဖယ်ရှားခဲ့သည်။
အမေရိကန်က ကျူးဘားကို ၁၉၈၂ခုနှစ်က အမည်ပျက်စာရင်းသွင်းခဲ့မှုကြောင့် ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ ၀င်ရောက်ရေးအဟန့်အတားဖြစ် ခဲ့သည့် အပြင် နိုင်ငံတကာ၏ အပယ်ခံလိုဖြစ်လာခဲ့သည်။

အမေရိကန်၏ ဆုံးဖြတ်ချက်က်ု ပယ်ဖျက်ရန် ကျူးဘားက တောင်းဆိုနေခဲ့သည်။ ကျူးဘားကို အကြမ်းဖက်မှုအားပေးသည့် နိုင်ငံအဖြစ်မှ ပယ်ဖျက်ပေးရေး ဧပြီလက သမ္မတအိုဘားမားက ကွန်ဂရက်သို့ အချိန် ၄၅ ရက်ပေးပြီးနောက် ယင်းသို့ဆုံးဖြတ်ချက်ချရန်ဖြစ်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အတည်ပြု ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် နိုင်ငံများစာရင်းတွင် အီရန်၊ ဆူဒန်နှင့် ဆီးရီးယားတို့သာ ကျန်တော့သည်။
mizzima

No comments:

Post a Comment