Thursday 28 May 2015

မျက်လုံးထဲကနေ သွေးတွေ စီးကျနေတဲ့ အမျိုးသမီး

အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီရှိ ၀ိုင်ကီလီ အရပ်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ ထူးဆန်းတဲ့ ရောဂ ဝေဒနာ တစ်မျိုးရရှိ နေပြီး မျက်လုံး ထဲကနေ သွေးတွေစီးကျနေ တာကြောင့် ဆရာဝန် အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ရောဂါဝေဒနာကို အဖြေရှာဖို့ စဉ်းစားလို့ မရအောင် ဖြစ်ခဲ့ပါတယ်။ အသက် (၂၄ )နှစ်အရွယ်ရှိအိုင်ကီဒါဟာ မျက်လုံးနဲ့ လျှာတို့ကနေ သွေးတွေအလို အလျောက်ထွက် နေတာ ဖြစ်ပြီး ဆရာဝန်တွေဟာ ကုသဖို့ နည်းလမ်းမရှိသေးဘူးလို့ သိရပါတယ်။ ၂၀၀၈ မှာ အိုင်ကီဒီဟာ  Gardner- Diamond Syndrome အမည်ရ ရောဂါဝေဒနာ ရရှိခဲ့ ပါတယ်။ ဒီ ရောဂါ ရရှိပြီး နှစ်နှစ်လောက အကြာမှာ မျက်လုံးထဲက နေသွေးတွေ စီးကျခဲ့ခြင်း ဖြစ်ပါတယ်။

ထူးခြားတာက သွေးတွေဟာ မျက်လုံး နဲ့ ပါးစပ်တို့ကနေ စီးဆင်းနေပေမယ့် ဘာနာကျင်မှုမှ မရှိခြင်း ဖြစ်ပါတယ်။ အိုင်ကီဒီက မိမိ အနေဖြင့် သွေးတွေ စီးဆင်းချိန်မှာ မည်သည့် နာကျင်မှုကိုမှ မခံစားရကြောင်း၊ မျက်လုံး အပေါ် စိတ်ခံစားမှု ထားရှိ လိုက်ပါ က မျက်လုံးတွေဟာ ဟြေင်းလဲလာပြီး သွေးတွေ စီးကျတော့မယ် ဆိုတာ သိရှိနေ ကြောင်း ဟြေကြားခဲ့ ပါတယ်။ အချို့အချိန် တွေမှာ ကိုယ်ခန္ဓာအနှံမှာ သွေးရောင် အကွက်တွေ လိုမျိုးပေါ်ပေါက် တတ် တာကြောင့် စော်ကားရိုက်နှက်ခံထား ရတယ်လို့ ယုံကြည်နေသူလည်း ရှိခဲ့ ပါတယ်။ အစောပိုင်းမှာ လျှာကနေ သွေးတွေ စတင် စီးကျနေခဲ့ တာဖြစ်လို့ ကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် အရာ မထင်ခဲ့ပါဘူး။  ဒီနောက်  ညသန်းခေါင်ယံ ကျော်လွန် သွားတဲ့ အချိန်တွေမှာ မျက်လုံးထဲက သွေးတွေ စီးကျလာတတ် ပါတယ်။ အိပ်နေတဲ့အချိန်မှာ မျက်လုံးထဲ က သွေးတွေ ထွက်လာ တာကြောင့် မိခင် ဖြစ်သူက အိပ်ရာခင်းတွေ ပေကျံမှု မရှိအောင် ပြုလုပ်ပေးရ ပါတယ်။ အိုင်ကီဒီဟာ ဒီရောဂါကို ကုသဖို့ ဆရာဝန် (၃၀) ဦးလောက် ပြသခဲ့ပြီး ဖြစ်ပေမယ့် ဘယ်သူမှ အဖြေရှာနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အိုင်ကီဒီဟာ လက်ရှိ ဖြစ်နေတဲ့ ရောဂါ အပေါ် အကောင်းဆုံး အဖြေရှာနိုင်မယ်လို့ မျှော်လင့်ထားပြီး ဘ၀ကြီးကို လိုက်လျောညီထွေ ရှိအောင် နေထိုင်သွားဖို့  ဆုံးဖြတ်ထား ပါတယ်။ အိုင် ကီဒီရဲ့ မိသားစုဝင်တွေ ကလည်း အကောင်းဆုံး ဖေးမမှုတွေပေးခဲ့ တာကြောင့် ခွန်အားတွေရရှိ စေတယ်လို့ ဆိုထားပါတယ်။

Messenger News Journal 

No comments:

Post a Comment