Thursday 28 May 2015

လားရှိုးတွင် မိခင်ဖြစ်သူက မွေးကင်းစ ရင်သွေးငယ်ကို ဗိုက်ဖောက်သတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ (၁၂)ရပ်ကွက်တွင် မွေးကင်းစကလေးငယ်ကို မိခင်ဖြစ်သူက ဘလိတ်ဓားဖြင့် ဝမ်းဗိုက် ဖောက်ပြီး အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့် ပစ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် ည ၈ နာရီက လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ ဘော်ဒါဆောင် တစ်ခုရှိ အိမ်သာထဲတွင် အမျိုးသမီးတစ်ဦး က ကလေးကိုမွေးခဲ့ပြီး ကလေးငယ်ကို ဘလိတ် ဓားဖြင့် ဝမ်းဗိုက်ဖောက်ပြီး အူကိုဆွဲထုတ်၊ လည် ပင်းညစ်ကာ ဓားနှင့်လှီးထားသောကြောင့် ဖမ်း ဆီးအရေးယူလိုက်ခြင်း ဖြစ်သည်။
''ကလေးရဲ့ ဝဲဘက်ရင်အုံကိုလဲ ထိုးသွင်း ဒဏ်ရာတွေ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးကို ညက ဖမ်းဆီးပြီး ဆေးရုံအချုပ်မှာ ဖမ်းထားတယ်။ ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် အချုပ်ကျနေ တယ်ဆိုတာက အဲဒီကောင်မလေးကိုယ်တိုင် သွေးသွန်နေလို့ ဆေးကုသမှုခံနေရလို့ပါ''ဟု ဆေးရုံရှိ အချုပ်လူနာဆောင် တာဝန်ကျ ရဲတပ် ကြပ်ကြီး ခင်မိုးမြင့်က ပြောသည်။

မွေးကင်းစကလေးငယ်ကို သတ်သူမှာ လားရှိုးမြို့ (၁၂)ရပ်ကွက် နယ်မြေ(၁၆) ရှမ်း ခိုလောင်းရှိ ဘော်ဒါဆောင်တစ်ခုတွင် တရုတ် စာသင်ကျောင်းမှ အသက် ၁၇ နှစ်အရွယ် ကျောင်းသူ မအားလိန်မှာ တန့်ယန်းမြို့နယ် မိုင်းကောင်ရွာနေ ကိုးကန့်တရုတ်လူမျိုး ဖြစ် ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
''နှစ်သစ်ကူးမှာ ဘီယာသောက် ပျော် ပါးကြရင်း ကျောင်းသားလူငယ် အချင်းချင်း မှားမိရာက ကိုယ်ဝန်ရလာခဲ့တာပါ။ ကျွန်မ အခု ရှစ်တန်းတက်နေတာ နောက်နှစ် ကိုး တန်းပြီးရင် တရုတ်ကျောင်းမှာ ဆရာမဖြစ် နိုင်တယ်။ နိုင်ငံခြားလဲသွားနိုင်တယ်။ ဒီကလေး ရှိနေရင် ဘာမှ လုပ်လို့မရဘူး။ ပြီးတော့ သူ့ အဖေကလဲ အခု ကျောင်းမနေတော့ဘူး။ တရုတ် ပြည် သွားပြီ။ ကိုယ်ဝန်ရှိနေပြီလို့ ကျွန်မ ဖုန်း ဆက်တော့ အပျော်ကစားတာပဲဖြစ်တယ်၊ မယူ နိုင်ဘူး၊ တာဝန်မယူဘူးလို့ ပြောတယ်။ ဒါကြောင့် ကျွန်မ ဒီကလေးကို မရချင်လို့ လုပ်လိုက်တာ'' ဟု မိမိရင်သွေးအား သတ်ခဲ့သူဟု ဝန်ခံထား သူ မအားလိန်က ပြောသည်။
မအားလိန်မှာ အဆိုပါ တရုတ်ကျောင်း ဘော်ဒါဆောင်တွင် နေထိုင်၍ ကျောင်းတက် နေသည်မှာ သုံးနှစ်ရှိပြီး ကျောင်းပိတ်ချိန်တွင် တန့်ယန်းသို့ ပြန်သွားခဲ့ကြောင်း၊ ကျောင်းပြန် ဖွင့်ချိန် မတ် ၁ ရက်က အဆောင်သို့ ပြန် လာခြင်းဖြစ်ကြောင်း၊ ကျောင်းသူလေး ကိုယ် ဝန်ရှိနေခြင်းကို မသိကြောင်း၊ အဆောင်တွင် မိန်းခလေး၊ ယောက်ျားလေး စုစုပေါင်း ၁၅ ယောက် နေထိုင်သည်ဟု အဆောင်ပိုင်ရှင်၏ သမီးဖြစ်သူက ပြောသည်။
မေ ၂၅ ရက် ည ၈ နာရီခန့်တွင် အ ဆောင်နောက်ဖက်မှ ကလေးငိုသံကြားသော ကြောင့် ကြည့်လိုက်ရာ အမှိုက်ပုံးထဲတွင် ကျွတ် ကျွတ်အိတ်နှင့် ထုတ်ထားသော ကလေးကို တွေ့ရသောကြောင့် မအားလိန်နှင့်အတူ က လေးကို ဆေးရုံကြီးသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။
မွေးကင်းစကလေးကိုသတ်၍ စွန့်ပစ်ခဲ့ သူ မအားလိန်ကို လားရှိုးမြို့ အမှတ်(၂) ရဲတပ် ဖွဲ့စခန်းက ပထမ သတင်းပေးချက်အမှတ် ၄၅/၂ဝ၁၅ တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၇၊ အုပ် ထိန်းသူက ၁၂ နှစ်အောက် ကလေးစွန့်ပစ်မှု ဖြင့် အရေးယူထားကြောင်း သိရသည်။
အဆိုပါ မိခင်နှင့်ကလေးနှစ်ဦးစလုံးကို ဆေးကုသမှုပေးနေခဲ့ရာ မေ ၂၆ ရက် နံနက် ၁ဝ နာရီတွင် ကလေးငယ်မှာ သေဆုံးသွား ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တွင် ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘော် ဒါဆောင်များ ရှိသည့်အပြင် တရုတ်စာသင် ကျောင်း ငါးကျောင်းခန့်ရှိသည်ဟု သိရသည်။
TheYangonTimes

No comments:

Post a Comment