Thursday 28 May 2015

ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် ယာဉ်မောင်းကို သေဒဏ်ချမှတ်

ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် ယာဉ်မောင်းဖြစ်သူကို သေဒဏ် အဖြစ် ချမှတ်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်သွားခဲ့ ပါတယ်။ တရုတ်နိုင်ငံ၊ ဟူဘီအရပ် ဒေသ ယီချန်းမြို့မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွား ခဲ့တဲ့ ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် တရားရုံးတော်က သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ယာဉ်မောင်းသူဟာ ၀က်ရူးပြန် ရောဂါ ခံစားနေရသူ ဖြစ်ပြီး ယာဉ်မောင်း နေစဉ်မှာ ရောဂါဝေဒနာ ဖောက်လာပြီး လမ်းသွားနေတဲ့ သူတွေကို တိုက်မိခဲ့ တာကြောင့် လေးဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။ ယာဉ်မောင်းသူဟာ လူစည်ကားရာ မြို့ထဲမှာ မောင်းနှင်ရင်း ၀က်ရူး ပြန်ရောဂါ ထလာပြီး တစ်ဖက်ယာဉ်ကြော ကို ရောက်သွားပြီးနောက် တံတားအောက် မှာရှိနေတဲ့ လမ်းသွားလမ်းလာတွေကို တိုက်မိခဲ့ခြင်း ဖြစ်ပါတယ်။ တရား ရုံးတော်က အများပြည်သူ သွားလာနေတဲ့နေရာမှာ အန္တရာယ် ရှိလောက်အောင် မောင်းနှင်ခဲ့တယ်လို့ ယူဆပြီး သေဒဏ်ပြစ်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ်ပါ တယ်။ ဒါဟာ ယီချန်းမြို့မှာ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ပထမဆုံး သေဒဏ်ချမှတ် ခံရခြင်း အဖြစ် မှတ်တမ်း ၀င်သွားခဲ့ ပါတယ်။ ယာဉ်မောင်းဟာ အသက် (၄၅) နှစ်အရွယ်ရှိပြီး ၀က်ရူးပြန် ရောဂါရှိ နေ ပေမယ့် လိုင်စင် လျှောက်ထားရာမှာ ယင်းအချက်ကို ထည့်သွင်း ထားခြင်း မရှိဘူးလို့ တရားရုံးတော် က ဆုံးဖြတ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။

Messenger News Journal 

No comments:

Post a Comment