Friday 29 May 2015

အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ကန်စွန်းရွက်ခူးရန် ထွက်လာသည့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေ ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု မေ ၂၇ ရက်၊ ညနေ ၃ နာရီခန့်က တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။

တွံတေးမြို့နယ်၊ အိုးဖိုအနောက်ရပ်ကွက်၊ ကမတာကွင်းတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် မောင်အောင်မိုးထက်သည် မိုးများရွာနေစဉ် ၎င်း၏သူငယ်ချင်းတစ်ဦးနှင့်အတူ ကန်စွန်းရွက်ခူးရန် ထွက်လာ ခဲ့ရာ မိုးကြိုးပစ်ခံရသဖြင့် မောင်အောင်မိုးထက်တွင် နှုတ်ခမ်းပေါက်ပြီး သွေးထွက်သည့် ဒဏ်ရာမှ အပ အခြားပြင်ပ ဒဏ်ရာများမရှိဘဲ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် တွံတေးမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေသည်ဟု သတင်းထုတ် ပြန်ထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment