Friday 29 May 2015

UPWC နှင့် NCCT ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့သည်မေလ ၂၈ ရက်က ထိုင်းနိုင်ငံ တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လဆန်းတွင် စတင်ပြုလုပ်မည့် လော်ခီးလာထိပ်သီးအစည်းအဝေးအကြို ပြင်ဆင်သည့်အနေဖြင့် NCCT အလုပ်အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၂၆ ရက်မှစ၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့  ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

UPWC နှင့် တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) မူကြမ်းကို သုံးသပ် အကြံပြု ခြင်း၊ လော်ခီးလာ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ဇွန်လ ၂ ရက်မှစ၍ ကရင် အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေလော်ခီးလာတွင် ပြုလုပ်မည့် NCCT ထိပ်သီးအစည်းအဝေး၌ ပဏာမအဆင့် သဘောတူထားသည့် NCA မူကြမ်းအတည်ပြုနိုင်ရန် တိုင်းရင်းသားခေါင်းဆောင်များက ဆုံးဖြတ်မည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment