Thursday 28 May 2015

မလေးရှားတွင် လူမှောင်ခိုမှုနှင့် ပတ်သက်သည့် လူသေမြုပ်နှံထားရာ နေရာ များ များစွာတွေ့ခဲ့ရမှုတွင် ရဲ ၁၂ ဦးကို သံသယဖြစ်ကာ စစ်ဆေးနေ

မလေးရှားနိုင်ငံ မြောက်ဖက်အစွန်းဖျား နယ်မြေတွင် လူမှောင်ခိုမှုနှင့် ပတ်သက်သည့် လူသေမြုပ်နှံထား သည့် နေရာပေါင်းများစွာကို တွေ့ရှိမှုတွင် ရဲ ၁၂ ဦးကို သံသယဖြစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

၎င်းတို့အနက်မှ လေးဦးမှာ ပြီးခဲ့သည့် နှစ်အစောပိုင်းကတည်းက ထောက်လှမ်းစုံစမ်းမှုများ အမျိုးမျိုး ပြုလုပ်ပြီး ဖမ်းဆီးထားသူများ ဖြစ်ကြသည်။

ထိုင်းနယ်စပ်အနီးတွင် လူသေမြုပ်နှံရာ နေရာပေါင်း ၁၃၉ နေရာကို အာဏာပိုင်များက တွေ့ရှိခဲ့သည်။

တွေ့ရှိရာနယ်မြေသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ မလေးရှားနိုင်ငံသို့ လူများသွင်းယူရာ လမ်းကြောင်း အဖြစ် မှောင်ခိုဂိုဏ်းများက အသုံးပြုနေရာ လမ်းကြောင်းများတွင် ဖြစ်သည်။

ရွှေ့ပြောင်းဝင်ရောက်သူ အများစုမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆိုသူ မွတ်စလင်များနှင့် ဘင်္ဂလားဒေ့ရှ်မှ စီးပွားရေး အရ ရွှေ့ပြောင်းလာကြသူအများစု ဖြစ်ကြသည်။

ကျန် ရဲ ရှစ်ဦးကို လူမှောင်ခိုမှုများတွင် ပါဝင်ပတ်သက်သည်ဟု မလေးရှားအကျင့်ပျက် ခြစားမှု တိုက်ဖျက် ရေး ကော်မရှင်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

REF : BBC

No comments:

Post a Comment