Sunday 31 May 2015

မြန်မာ ယူ-၂၀ အသင်းကို အမေရိကန်နည်းပြ ချီးကျူး

နယူးဇီလန်− မြန်မာယူ-၂၀ အသင်းသည် အလွန်စိတ်ဓာတ်တက်ကြွပြီး မိမိတို့အသင်း၏ ကစားကွက် ဆိုးရွားသွားအောင် ကစားနိုင်ခဲ့ကြောင်း အမေရိကန် အသင်းနည်းပြက ချီးကျူးပြော ကြားသည်။
နယူးဇီလန်တွင် ကျင်းပနေ သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မေလ ၃၀ ရက်တွင် မြန်မာယူ-၂၀ အသင်းကို အမေရိကန် ယူ-၂၀ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီး၌ အမေရိကန်နည်းပြ တက်ဘ်ရာမို့စ်က ‘‘ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါ ဘူး။ ဒါကတော့သေချာပါတယ်။ ကျွန်တော်တို့ အရှေ့မှာ အလွန် စိတ်ဓာတ်တက်ကြွနေတဲ့ အသင်း တစ်သင်းနဲ့ ကစားနေရတာကို တွေ့ခဲ့တယ်။ ကမ္ဘာ့ဖလားကို ၀င် လာတဲ့ မျက်နှာသစ်အသင်း တစ် သင်းပေါ့။ သူတို့အပြင်းအထန် ကြိုးစားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို ပုံပျက်ပန်းပျက် ကစားရစေအောင်၊ ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့အ တွက် ခက်ခဲခဲ့ပါတယ်’’ ဟု ပြောသည်။အမေရိကန် လူငယ်အသင်းသည် ယခုပြိုင်ပွဲသို့ (၁၃) ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာလူငယ် အသင်းပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းတွင် မြန်မာအ သင်းက အသင်းလိုက် ကစားပုံ ကောင်းစွာဖြင့် အသာစီးကစား နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် အမေရိ ကန်က အသာစီးဖြင့် ကစားသွား သည်။ လူငယ်ကစားသမားများ ၏ ကြိုးစားမှုကြောင့် ရှုံးသော် လည်း ခေါင်းမော့၍ ကွင်းထဲမှ ထွက်လာနိုင်ကြောင်း မြန်မာ ယူ-၂၀ နည်းပြ ဂတ်ဖရိုင်းဒရစ် က ပြောသည်။
‘‘ဒီကွင်းကြီးထဲကနေ ကျွန် တော်တို့ခေါင်းမော့ပြီး ထွက်လာ နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နည်း နည်း ကံမကောင်းခဲ့ဘူး။ အထူး သဖြင့် ပထမပိုင်းမှာ ဖြစ်ပါတယ်။ အမေရိကန် အသင်းသားတွေ ဘက်က ပိုကောင်းတဲ့ ကစားပုံမျိုး လည်း ကျွန်တော်တို့ မတွေ့ခဲ့ရ ပါဘူး။ သူတို့က အတွေ့အကြုံ ပိုသာတာပဲ ရှိပါတယ်’’ ဟု မြန် မာယူ-၂၀ နည်းပြက ပြောသည်။
သို့သော် အမေရိကန်အ သင်းမှာ ပိုမိုပါးနပ်ခဲ့ပြီး ၎င်းတို့ထံ မှ လေ့လာသင်ယူစရာ ရခဲ့သည် ဟု ဂတ်ဖရိုင်းဒရစ်က ဆက်လက်ပြောသည်။
ကန်နည်းပြ တက်ဘ်ရာမို့စ် က ဒုတိယပိုင်းတွင် အသင်းက စားပုံ သိသိသာသာ ကောင်းခဲ့ခြင်းနှင့်ပတ်သက်၍ ပထမပိုင်းအပြီး နားချိန်တွင် မည်သို့ မှာကြားခဲ့ သည်ကို သတင်းထောက်များ၏ မေးမြန်းမှုအား အောက်ပါအ တိုင်း ဖြေကြားခဲ့သည်။
‘‘ပထမပိုင်းအပြီးမှာ ကျွန် တော် ဘာပြောခဲ့တယ်ဆိုတာကို တော့ ခင်ဗျားတို့ကို တကယ်မပြောပြနိုင်ပါဘူးဗျာ’’။
အုပ်စုဗိုလ်ဖြစ်ရန် ရေပန်း စားသော အမေရိကန်မှာ ကိုးမိနစ် တွင် အောက်အသင်းဖြစ်သော မြန်မာမှ ရန်နိုင်ဦးသွင်းယူသောဂိုး ကြောင့် နောက်မှလိုက်ကစားခဲ့ရ ပြီး နှစ်ဂိုးပြန်သွင်းကာ နိုင်ခဲ့ခြင်း အပေါ် နိုင်ငံတကာမီဒီယာအချို့ က အံ့အားသင့်ဖွယ် ရလဒ်ဆိုး ကြုံရမည့်အရေးမှ အမေရိကန် လွတ်မြောက်ခဲ့သည်ဟု ဖော်ပြ ကြသည်။

7Day Daily

No comments:

Post a Comment