Thursday 28 May 2015

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရန် သေချာသော်လည်း သမ္မတဦးသိန်းစိန် ပြန်အရွေးခံရန်မှာ မသေချာသေးဟုဆို

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေ သော်လည်း နိုင်ငံတော်သမ္မတဦးသိန်း စိန် ရွေးကောက်ပွဲဝင်ရန် မသေချာ ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောသည်။
အဆိုပါသတင်းများ ထွက်ပေါ် နေမှုကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ တောင် ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်သိန်းလင်းအား မေးမြန်းခဲ့ရာ ယင်းက ''သမ္မတကြီးက ဘယ်ကနေ ပြိုင်မယ်ဆိုတာကတော့ ကျွန်တော်တို့ မသိသေးဘူး။ ကျွန်တော် တို့ဥက္ကဋ္ဌကြီးကတော့ ပြိုင်မှာသေချာ တယ်''ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦး ရွှေမန်းသည် ၄င်း၏ ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် မိမိအနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး သမ္မတတာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်းကို တရားဝင်ပြောဆိုထား ပြီးဖြစ်သည်။ လက်ရှိ နိုင်ငံတော်သမ္မတ က ပြည်သူလူထုလိုလားပါက မိမိအ နေဖြင့် နောက်တစ်ကြိမ် သမ္မတတာ ဝန် ထမ်းဆောင်သွားမည်ဟု ပြည်ပ ခရီးစဉ်များတွင် ပြောဆိုခဲ့သည်။
၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့မှ ဦးမင်းဇေယျက ''နိုင်ငံတော်သမ္မတ လုပ်မည့်သူတွေက ပြည်သူတွေအ ပေါ်၊ ပြည်သူတွေအကျိုးကို ဘယ် လောက် လုပ်ပေးနိုင်ခဲ့ပြီလဲ။ လက် ရှိမှာရော ဌာနဆိုင်ရာတွေရဲ့ အကျင့် ပျက်မှုတွေကိုရော ဘယ်လောက် ထိန်း ကျောင်းနိုင်လဲ။ ကျွန်တော် တစ်ခုပဲ တောင်းဆိုချင်တယ်။ ရွေးကောက်ပွဲ ကို သန့်ရှင်းစွာလုပ်ပေးပါ''ဟု ပြော သည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် စုစု ပေါင်း ၈၈၂ နေရာမှ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။ အလားတူ မေ ၂၉ နှင့် ၃ဝ ရက်တွင်ပြုလုပ်မည့် ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးပွဲတွင် သမ္မတ၊ ဒုသမ္မတ ရာထူးများအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့်သူများကို ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
‎TheYangonTimes‬

No comments:

Post a Comment