Thursday 28 May 2015

မေ ၂၉ တွင် နေပြည်တော်၌ သန်းကောင်စာရင်း ပင်မ အစီရင်ခံစာ ထုတ်ပြန်မည်

နေပြည်တော် Myanmar International Convention Centre II ၌ မေလ ၂၉ ရက်တွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်း ပင်မအစီရင်ခံစာ တရားဝင်ထုတ်ပြန်ခြင်း အခမ်းအနားကို သမ္မတဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

မနက် ၉ နာရီမှ ၁၁ နာရီကျော်အထိ ကျင်းပမည့် အခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူး၏ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားလည်း ဧည့်သည်တော်အဖြစ် တက်ရောက် ပြောကြား မည်ဖြစ် သည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ကုလလူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA မှ မစ္စလဗ်နာဘကွီတို့လည်း တက်ရောက်ကြမည်ဟု UNFPA က ယနေ့ ထုတ်ပြန်သည်။

Mizzima - News in Burmese 

No comments:

Post a Comment