Friday 29 May 2015

မူဆယ်ရှိပုဂ္ဂလိကဘဏ်များ ငွေအများဆုံး လွှဲနိုင်သော ပမာဏကို ကန့်သတ်

မန္တလေး-မူဆယ်လမ်း လုံခြုံရေးအခြေအနေကြောင့် ငွေ များ သယ်ယူရေးအခက်အခဲရှိသဖြင့် မူဆယ်မြို့ရှိ ပုဂ္ဂလိကဘဏ် များသို့ ငွေလွှဲရာတွင် မေလကုန်ပိုင်းမှစတင်၍ တစ်ဦးလျှင် အများဆုံး ကျပ်ငွေငါးသိန်းသာ ခွင့်ပြုကြောင်း သတင်းရရှိသည်။

‘‘ငွေတွေကို မန္တလေးကနေ သယ်ရတော့လမ်းလုံခြုံရေးက စိတ်မချရဘူး။ မူဆယ်မှာ လေယာဉ်ကွင်း မရှိ တော့ ကားနဲ့ပဲသယ် ရတယ်’’ဟု ကမ္ဘောဇဘဏ်အကြီး တန်းအကြံ ပေးပုဂ္ဂိုလ် ဦးသန်းလွင်ကပြောသည်။

သို့သော်အစိုးရဘဏ်များ တွင်ငွေလွှဲ၊ ငွေထုတ်ခြင်းတို့အ တွက် မကန့်သတ်ထားဟု လုပ် ငန်းရှင်အချို့က ပြောသည်။ ပုဂ္ဂ လိက ဘဏ်များမှ ငွေလွှဲပို့ရာတွင် ငွေပမာဏသတ်မှတ်လိုက်သော ကြောင့် အသေးစားနှင့် အလတ် စားအရောင်းအ၀ယ်ပြုလုပ်သူ များသည် မူဆယ်ရှိဘဏ်ခွဲဖွင့် လှစ်ထားသော ဘဏ်များအားလုံး ၌ ငွေလွှဲကာ လုပ်ငန်းလည်ပတ် နေကြောင်း နယ်စပ်မှကုန်သည် အချို့က ပြောသည်။

‘‘အချိန်ကုန်တယ်။ တစ်နေ ရာ တစ်နေရာသွားနေရတော့ ငွေ ကုန်တယ်’’ဟု မူဆယ်မှ ကုန်ပစ္စည်းများ မှာယူတင်သွင်းနေသောလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ်  မူဆယ်မြို့သည် ကုန်သွယ်ရေး လုပ်ငန်းအများဆုံးပြုလုပ်သော မြို့တစ်မြို့ဖြစ်၍ ငွေသွင်းငွေ ထုတ်များလေ့ရှိသည်။ သို့သော် လမ်းခရီးလုံခြုံရေးကို စိတ်မချရသဖြင့် ဘဏ်ရုံးချုပ်များမှ ငွေပို့ရာတွင် သတိထားလုပ်ကိုင်နေ သောကြောင့် ယခုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း မြန်မာ့ ရှေ့ဆောင် ဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင် မှုအတွက် ငွေပမာဏသတ်မှတ် ခြင်းမှာ လတ်တလော လမ်းလုံခြုံ ရေးကြောင့် သာဖြစ်ပြီး မကြာမီ မူလအခြေအနေတိုင်းပြန်လွှဲသွား နိုင်မည်ဟု ရိုးမဘဏ်မှ ဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။

ယခုကဲ့သို့ ငွေလွှဲမှုကို ပုဂ္ဂ လိကဘဏ်များက ကန့်သတ်ခြင်း သည် မူဆယ်တွင် ငွေကြေးလည် ပတ်မှု ကျပ် တည်းပြီး ငွေဈေးကွာ ဟမှုများဖြစ်မည်ကိုစိုးရိမ်ကြောင်း မူဆယ်မြို့မှ ဆန်ကုန်သည်တစ်ဦး ကပြောကြား သည်။ တရုတ်နိုင်ငံ သို့ ကုန်ပစ္စည်းများ ရောင်းဝယ်ရာ တွင် ကျပ်ငွေနှင့် တရုတ်ယွမ်ငွေ တို့ကိုသာ အသုံးပြုသည်။

မူဆယ်-မန္တလေး ပြည် ထောင်စုလမ်းမကြီးတွင် ၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက်က ကုန် တင်ယာဉ်တစ်စီးကို ဗုံးခွဲမှုဖြစ်ပွား ခြင်း၊ မတ်လ ၁၉ ရက်တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ က ယင်းလမ်းကို ဖြတ်သန်းမည် ဖြစ်၍ နာရီ ၂၀ ခန့်လမ်းပိတ်ဆို့မှု များဖြစ်ပွားခဲ့သည်။ ဧပြီလကုန်ကလည်း ကွတ်ခိုင်မြို့အနီး ယာဉ်များကို ငွေကြေးကောက်သည့် TNLA အ ဖွဲ့ကို အစိုးရတပ်မတော်ကရှင်းလင်းရာ တိုက်ပွဲဖြစ် ပွားခဲ့သည်။ မေလ ၁၈ ရက်နံနက်မှစတင်၍ မူဆယ်နှင့်ကွတ်ခိုင်မြို့နယ် နမ့်ဖတ် လွန်ရွာအနီး ပန်ဂျလော့ တောင် တက်လမ်းပေါ်တွင်နှစ်နေရာခွဲ၍ ငွေကြေးကောက်ခံနေခြင်း ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment