Thursday 28 May 2015

အိုဘားမားရဲ့ သမီးကို နွားတွေ၊ ဆိတ်တွေနဲ့ တင်တောင်းမယ့် ရှေ့နေ

ကင်ညာနိုင်ငံသား ရှေ့နေတစ်ဦးက အမေရိကန်သမ္မတအိုဘားမားရဲ့ သမီးနှစ်ဦးထဲက အသက် ၁၆ နှစ် အရွယ် သမီးကြီး မာလီယာကို သူပိုင်ဆိုင်တဲ့ သိုးတွေ၊ နွားတွေနဲ့ တင်တောင်ဖို့ ဆန္ဒရှိကြောင်း ပြောလိုက် ပါတယ်။ ဖိလစ်ကစ်ပရိုနိုလို့ အမည်ရတဲ့ အဲဒီအမျိုးသားက နွားအကောင်ငါးဆယ်၊ သိုးအကောင်း ၇၀ ၊ ဆိတ်အကောင် ၃၀ နဲ့အတူ အိုဘားမားရဲ့သမီးကို လက်ထပ်ခွင့်ရဖို့ တင်တောင်းချင်တာ ဖြစ်ပါတယ်။

Nairobian သတင်းကဖော်ပြထားတာကို ကိုးကားပြီး skynews သတင်းဌာနက ဖော်ပြထားရာမှာတော့ ဒီရှေ့နေအမျိုးသားရဲ့အသက်ပါရှိခြင်းမရှိပါဘူး။ ‘‘ ကျွန်တော် သူမကို ၂၀၀၈ လောက်ကတည်းက စိတ်ဝင် စား နေခဲ့တာပါ။ သူမကို မေတ္တာရှိနေပြီဆိုတာ သေချာသွားကတည်းက အခုထိ ရည်းစားတစ်ယောက်မှ မထားခဲ့ပါဘူး’’ လို့ သူကပြောပါတယ်။ အိုဘားမားက ဇူလိုင်လထဲမှာ ကင်ညာနိုင်ငံကို လာဖို့ရှိတာကြောင့် အဲဒီခရီးစဉ်မှာ  သူ့သမီးကိုခေါ်ပေးခဲ့ဖို့ အိုဘားမားဆီ စာတစ်စောင် ရေးသွားမယ်လို့လည်း ကစ်ပရိုနိုက ပြောပါတယ်။

 အိုဘားမားရဲ့ သမီးကို သူချစ်တာဟာ သာမန်ယောက်ျားတစ်ဦးအနေနဲ့ ချစ်တာဖြစ်ပြီး ဘဝကိုလည်း သာ မန် အိမ်ထောင်သည်ဘဝနဲ့သာ ဖြတ်သန်းသွားချင်ကြောင်း ကစ်ပရိုနိုက ဆက်ပြောခဲ့ပါတယ်။ အခွင့်ကြုံ ရင်တော့ မာလီယာကို နွားနို့ညှစ်နည်းနဲ့ ရိုးရာမုန့်လုပ်နည်းတွေ သင်ပေးချင်ကြောင်းလည်း သူက ဆက် ပြောခဲ့ပါသေးတယ်။

Ref - skynews
Planet Myanmar Network

No comments:

Post a Comment