Friday 29 May 2015

မူလတန်းပြဆရာမနှင့် ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သူများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး သ နပ်ပင်မြို့နယ်တွင် မူလတန်းပြ ဆရာမနှင့် ၎င်း၏ ဖခင်တို့ကို သတ်ပြီး ထွက်ပြေး သွားသည့် တရားခံများအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် တရားခံများကို လိုက်လံဖမ်းဆီးနေကြောင်း သ တင်းရရှိ သည်။

အမျိုးသားနှစ်ဦးနှင့် အမျိုး သမီးတစ်ဦးကို မေလ ၂၇ ရက်ညနေတွင်ရန်ကုန်-မန္တလေးအမြန် လမ်း ၁၁၅ မိုင်၌ ဖမ်းဆီးရမိခဲ့ ကြောင်း ပဲခူးတိုင်းခရိုင်မှူး ဒုရဲမှူး လှဦးကပြောကြားသည်။

‘‘ဖမ်းဆီးရမိတဲ့တရားခံတွေ ထဲမှာ လင်မယားနှစ်ယောက်နဲ့ အမျိုးသားတစ်ဦးကိုမိထားတယ်။ သတ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ဒီအိမ်ကိုလာလည်နေကျဆို တော့ အတွင်းပစ္စည်းတွေရှိတာ တွေသိတယ်။ အသာတကြည် တောင်းတာမရတော့ လက်လွန် ပြီးသတ်မိတဲ့အမှုပါ’’ဟု ၎င်းက ပြောကြားသည်။

နေအိမ် အပေါ်ထပ်တွင် သေဆုံးသွားသည့် မူလတန်းပြ ဆရာမနှင့် ဖခင်တို့ နေထိုင်ပြီး အောက်ထပ်၌ အသက် (၄၀) အ ရွယ်မောင်ဖြစ်သူနေထိုင်ကာ ၎င်း က အလှပြင်ဆိုင် ဖွင့်ထားကြောင်းသိရသည်။

‘‘သူကအလှပြင်ဆိုင်လည်း ဖွင့်တယ်။ နတ်လည်းကတော့ဝင် ငွေကောင်းတယ်။ ကောင်လေး တွေနဲ့လည်း တွဲသွားတွဲလာရှိတယ်။ သတ်ပြီးပြေးတဲ့သူတွေက လည်း သူတို့အိမ်မှာတည်းဖူး တယ်။ သူအသတ်မခံ ရတာက တော့ ဖြစ်တဲ့အချိန်မှာ သူကဆိုင် ရောက်နေလို့ပါ’’ဟု အမှုစစ်ရဲအ ရာရှိကပြောကြားသည်။

အသတ်ခံရသူ မူလတန်းပြ ဆရာမ ဒေါ်စန်းစန်းအေးသည် နေအိမ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ဖခင် ဦးကျော်ရှိန်မှာ ပဲခူးဆေးရုံကြီးသို့ ရောက်ရှိ ခဲ့ပြီး ည ၈ နာရီခန့်၌ သေဆုံးခဲ့ သည်။

အမျိုးသားလေးဦးကဖခင်ကိုကြိုးဖြင့်တုပ်၍ ဓားဖြင့်ခုတ်နေစဉ် သမီးဖြစ်သူကတွေ့ရှိပြီး ထွက်ပြေးသည့် အတွက် နောက်မှလိုက် ကာ ဓားဖြင့်ခုတ်သတ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။ ယင်းအမှုသည် မေလ ၂၅ ရက် ညနေတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသည့်တရားခံများကိုလည်း ဆက်လက်ဖမ်းဆီးနိုင် ရန် ဆောင်ရွက်နေပြီး ဖမ်းဆီးရမိသည့် တရားခံများကို စစ်ဆေးနေကြောင်း ပဲခူးတိုင်းခရိုင်မှူး ဒုရဲမှူး ကြီး လှဦးကပြောကြားသည်။

7Day Daily

No comments:

Post a Comment