Thursday 22 January 2015

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ပမာဏ မဂ္ဂါဝပ် ၁၀၀၀၀၀ အထိ ထုတ်လုပ် နိုင်မည့် အလားအလာရှိသည့် အတွက် ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည် ဆိုင်ရာ ရေအားလျှပ်စစ်အသင်းတို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဟု သတင်းထုတ်ပြန်

Photo: မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ပမာဏ မဂ္ဂါဝပ် ၁၀၀၀၀၀ အထိ ထုတ်လုပ် နိုင်မည့် အလားအလာရှိသည့် အတွက် ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည် ဆိုင်ရာ ရေအားလျှပ်စစ်အသင်းတို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဟု သတင်းထုတ်ပြန်
Thursday, January 22, 2015

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ ထုတ်လုပ်နိုင်မည့် အလားအလာရှိနေသည့်အတွက် ကမ္ဘာ့ ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အသင်း (IHA) တို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နိုင်စွမ်းဖြစ်သည့် မဂ္ဂါဝပ် ၃၅ဝဝ ၏အဆ ၃ဝ နီးပါးနှင့်ညီမျှသည့် မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အလားအလာရှိသည့် စွမ်းအားရတနာသိုက်ကြီး တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း လက်ရှိတွင်မူ နိုင်ငံ၏ အိမ်ထောင်စု အားလုံးပေါင်း၏ ရာခိုင်နှုန်း ၃ဝ အောက်သာလျှင် လျှပ်စစ်မီးရရှိနိုင်ပြီး လူတစ်ဦးချင်းကျ လျှပ်စစ်မီးသုံးစွဲမှုမှာလည်း ကမ္ဘာ့တွင်အနည်းဆုံး နိုင်ငံများထဲ တွင်ပါဝင်သည်ဟု သိရသည်။

“လျှပ်စစ်မီးဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အခြေခံကျပါတယ်။ ဒါအပြင် ရေအားလျှပ်စစ်ဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်အနာဂတ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုလုပ်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့၊ လူမှုဘဝတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ Global Partnership ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Karin Finkelston က ပြောကြားသည်။

“စနစ်တကျသာ ဆက်လုပ်မယ်ဆိုရင် ရေအားလျှပ်စစ်ဟာ ပိုသန့်ရှင်းပြီး ဈေးပိုသက်သာတဲ့ အားကိုးလို့ရတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု စနစ်ကို လက်လှမ်းမီစေမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေးတို့ရဲ့ မောင်းနှင်အားဖြစ်လာနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာ ရေအားလျှပ်စစ်အသင်း (IHA) တို့သည် နည်းစနစ်ပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဆိုင်ရာစံချိန်စံညွှန်းများ နှင့်ပတ်သက်သော အကောင်းဆုံး အလေ့အထများကို မြှင့်တင်အားပေးခြင်းဖြင့် မြန်မာနိုင်ငံအား ပိုမို၍ ရေရှည်ခံတည်တံ့သော ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ရေရှည်ခံတည်တံ့သည့် ရေအားလျှပ်စစ်ကဏ္ဍတစ်ခု ရရှိပိုင်ဆိုင်ထားခြင်းဖြင့်  သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို လျှော့ချရာတွင် ကူညီနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် တိုင်းပြည်၏ကြီးမားသည့် စွမ်းအင်ထုတ်ယူနိုင်မှုအ လားအလာများကို လက်တွေ့ပေါ်ပေါက်လာစေပြီးလျှင် တိုင်းပြည်၏စီးပွားရေး တိုးတက်မှုနှင့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှုတို့ ရရှိရေးတို့အတွက် ပါဝင်ကူညီဖြည့်ဆည်းပေးနိုင်မည်ဟု သိရသည်။

“ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် ရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးမှုဟာ တာရှည်ခံတည်တံ့ဖို့နဲ့ ထိစပ်ပတ်သက်နေသူတွေ အကုန်လုံးရဲ့ အကျိုးစီးပွားတွေ ပါဝင်စေဖို့အတွက် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးအတွက် ချဉ်းကပ်နည်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အားလုံးမှာ တူညီတဲ့တစ်ချက်ကတော့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ဖို့နဲ့ စီမံကိန်းတွေအောင်မြင်စေဖို့ အတွက်ဆိုရင် ကောင်းမွန်တဲ့နိုင်ငံရေး၊ နည်းပညာမူဘောင်တစ်ခု ချမှတ်ထားရေးဟာ မရှိမဖြစ် လိုအပ်ချက်ဆိုတာပါပဲ” ဟု IHA ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဒါရိုက်တာ Cameron Ironside က ပြောကြားသည်။       

Eleven Media Group 

လွိုင်ကော်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) အား တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)
လွိုင်ကော်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) အား တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်) 
မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ ထုတ်လုပ်နိုင်မည့် အလားအလာရှိနေသည့် အတွက် ကမ္ဘာ့ ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အသင်း (IHA) တို့ ပူးပေါင်း၍ ရေရှည် ခံသည့် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နိုင်စွမ်းဖြစ်သည့် မဂ္ဂါဝပ် ၃၅ဝဝ ၏အဆ ၃ဝ နီးပါးနှင့်ညီမျှသည့် မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အလားအလာရှိသည့် စွမ်းအားရတနာသိုက်ကြီး တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း လက်ရှိတွင်မူ နိုင်ငံ၏ အိမ်ထောင်စု အားလုံးပေါင်း၏ ရာခိုင်နှုန်း ၃ဝ အောက်သာလျှင် လျှပ်စစ်မီးရရှိနိုင်ပြီး လူတစ်ဦးချင်းကျ လျှပ်စစ်မီးသုံးစွဲမှုမှာလည်း ကမ္ဘာ့တွင်အနည်းဆုံး နိုင်ငံများထဲ တွင် ပါဝင်သည်ဟု သိရသည်။

“လျှပ်စစ်မီးဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အခြေခံကျပါတယ်။ ဒါအပြင် ရေအားလျှပ်စစ်ဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်အနာဂတ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုလုပ်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့၊ လူမှုဘဝတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပို ရေးရှင်း (IFC) ၏ Global Partnership ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Karin Finkelston က ပြောကြားသည်။

“စနစ်တကျသာ ဆက်လုပ်မယ်ဆိုရင် ရေအားလျှပ်စစ်ဟာ ပိုသန့်ရှင်းပြီး ဈေးပိုသက်သာတဲ့ အားကိုးလို့ရတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု စနစ်ကို လက်လှမ်းမီစေမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေးတို့ရဲ့ မောင်းနှင်အားဖြစ်လာနိုင်မှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာ ရေအားလျှပ်စစ်အသင်း (IHA) တို့သည် နည်းစနစ်ပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဆိုင်ရာစံချိန်စံညွှန်းများ နှင့်ပတ်သက်သော အကောင်းဆုံး အလေ့အထ များကို မြှင့်တင်အားပေးခြင်းဖြင့် မြန်မာနိုင်ငံအား ပိုမို၍ ရေရှည်ခံတည်တံ့သော ရေအား လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ရေရှည်ခံတည်တံ့သည့် ရေအားလျှပ်စစ်ကဏ္ဍတစ်ခု ရရှိပိုင်ဆိုင်ထားခြင်းဖြင့်  သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို လျှော့ချရာတွင် ကူညီနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် တိုင်းပြည်၏ ကြီးမားသည့် စွမ်းအင်ထုတ်ယူနိုင်မှုအ လားအလာများကို လက်တွေ့ပေါ်ပေါက်လာစေပြီးလျှင် တိုင်းပြည်၏စီးပွားရေး တိုးတက်မှုနှင့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှုတို့ ရရှိရေးတို့အတွက် ပါဝင်ကူညီဖြည့်ဆည်းပေးနိုင်မည်ဟု သိရသည်။

“ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် ရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးမှုဟာ တာရှည်ခံတည်တံ့ဖို့နဲ့ ထိစပ်ပတ်သက် နေသူတွေ အကုန်လုံးရဲ့ အကျိုးစီးပွားတွေ ပါဝင်စေဖို့အတွက် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးအတွက် ချဉ်း ကပ်နည်း အမျိုးမျိုးကို အသုံးပြုကြပါတယ်။ အားလုံးမှာ တူညီတဲ့တစ်ချက်ကတော့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ဖို့နဲ့ စီမံကိန်းတွေအောင်မြင်စေဖို့ အတွက်ဆိုရင် ကောင်းမွန်တဲ့နိုင်ငံရေး၊ နည်းပညာ မူဘောင် တစ်ခု ချမှတ်ထားရေးဟာ မရှိမဖြစ် လိုအပ်ချက်ဆိုတာပါပဲ” ဟု IHA ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဒါရိုက်တာ Cameron Ironside က ပြောကြားသည်။       

Eleven Media Group 

No comments:

Post a Comment