Thursday 22 January 2015

၂၀၁၅နှစ်လည်ပိုင်းတွင်3Gကွန်ရက်ကို တစ်နိုင်ငံလုံးအသုံးပြုနိုင်အောင် ဆောင်ရွက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၅နှစ်လည်ပိုင်းတွင် 3Gကွန်ရက်ကို တစ်နိုင်ငံလုံးအသုံးပြုနိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်၇ှိသူတစ်ဦးကပြောသည်။

၂၀၁၅နှစ်လည်ပိုင်းတွင် ပြည်တွင်းရှိဆက်သွယ်ရေးကွန်ယက်မရှိသေးသော ဒေသများတွင်မိုဘိုင်းဖုန်းဖြင့် အင်တာနက်ဝန်ဆောင်မှု အသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ 3Gကွန်ရက်ကိုနောက်ဆုံ့းပေါ်နည်း ပညာများဖြင့်ပိုမိုမြန်ဆန်ပြီးစိတ်ချရသည့် ၀န်ဆောင်မှုဖြစ်စေရန်တိုးမြင့်ဆောင်ရွက်လျက်ရှိပြီး၊ ဆက် သွယ်ရေး ကွန်ရက်လွှမ်းခြုံသည့်ဧရိယာပိုမိုကျယ်ပြန့်အောင် ရင်းနှိးမြှုပ်နှံမှုများဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ချက်ဖြင့်ဂျှပန်ကုမ္ပဏီများဖြစ်သောKDDI,Sumitomoတို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

“ကျွန်တော်တို့မြို့ပြတွေတင်မဟုတ်ဘဲနဲ့ ကျေးလက်ဒေသတွေအထိ ကွန်ရက်တွေပြန့်ကျက်နိုင်အောင် လုပ် မယ်။ ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးနိုင်အောင်လုပ်မယ်။ ဒီအချိန်ကစပြီးအပြိုင်အဆိုင် တအား များသွားရင် ဈေးကွက်ကပျက်စီးသွားနိုင်တယ်။ MPTဟာပိုမိုတည်ငြိမ်တဲ့ ကွန်ရက်တစ်ခုကို ရရှိနေပြီ ဖြစ်ပါ တယ်။” ဟု ငှင်းမှ ဆက်လက်ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်၂၀၁၆ခုနှစ်တွင်တစ်နိုင်ငံလုံး ၇၀ ရာခိုင်နှုန်း ကွန်ရက် ဖြန့်ကြက် နိုင်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကတ်ပျောက်ကတ်ပျက်ပြန်လည်လျောက်ထားမှုကို ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မည်သည့်ကတ်အမျိုးအစားမဆိုနှစ်သောင်းကျပ်ယူခဲ့ပြီး၊ ပြန်လည် လျောက်ထား ပါက တစ်လခန့်ကြာမှလုပ်ဆောင်ပေးနိုင်သော်လည်း ယခုအချိန်မှစတင်ကာ ကတ် ပျောက် ကတ်ပျက် လျောက်ထားပါက၁၅၀၀ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး၊ နေ့ချင်းပြီးဆောင်၇ွက်ပေး နေပြီဖြစ် ကြောင်းသိရသည်။

The Street View 

No comments:

Post a Comment