Thursday 22 January 2015

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အကြံပြုချက်များ တောင်းခံ

ခြောက်ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အကြံပြု ချက်များ ပေးပို့ နိုင်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား လိုက်သည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒီဆွေးနွေးပွဲ ကို တက်ရောက်ပါမယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေဆီက တင်ပြလာတာ တွေကို ခြောက် ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဆွေးနွေး သွားမှာပါ ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များမှ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲတွင် အကြံပြု ဆွေးနွေး လိုသည့် အချက်အလက်များ ရှိပါက အမျိုးသား လွှတ်တော် ဥက္ကဌထံ ၂၀၁၅ ခုနှစ် ၊ ဇန်န၀ါရီ (၂၃) ရက် နောက်ဆုံးထား ပေးပို့ရန် ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ တိုင်းရင်းသား ရေးရာ အဖွဲ့ အစည်း များမှ တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ စောလျင် စွာ တွေ့ဆုံ ဆွေးနွေးရေးကို ပြည်ထောင်စု လွှတ်တော်မှ တိုက်တွန်းမှုကို နိုင်ငံတော်သမ္မတမှ ပြန်လည်ပြီး သ၀ဏ်လွှာ ပေးပို့မှု အပေါ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၏ သဘောထားကို အကြောင်းပြန်ရန် သ၀ဏ် လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဇန်န၀ါရီ (၁၉)ရက်တွင် ပေးပို့ခဲ့သော သမ္မတ၏ သ၀ဏ်လွှာတွင် နိုင်ငံတော် သမ္မတ ဦးဆောင်၍ ခြောက်ဦး တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်း လာသော ကိစ္စသည် ကောင်းမွန်သော လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူ အားလုံး၊ လူထု၊လူတန်းစား အဖွဲ့အစည်းများနှင့် နိုင်ငံရေး အင်အားစုများက လက်ခံသော ကိုယ်စားပြုရေး အပြင် ၎င်းတို့ လိုလားသည့် တောင့်တချက် များကို ပါရှိ စေမည့် မူဘောင်များ ကြိုတင် ချမှတ် ထားသည့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေး အတွက် စီမံဆောင်ရွက် နိုင်ပါက ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း အကြံပြု ချက်တွင် ထည့်သွင်း ဖော်ပြ ထားသည်။

လွှတ်တော် ဥက္ကဋ္ဌ ပြောသွား တာက ခြောက်ပွင့်ဆိုင်ကို လက်ခံတယ်။ တက်ရောက်မယ် ဆိုတဲ့ သဘောပဲ ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏ်စိုး က ပြောသည်။ ထို့ပြင် သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း တရားဝင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ပြောကြား ထားသည်။

Messenger News Journal 

No comments:

Post a Comment