Thursday 22 January 2015

ပန်ဆိုင်းမြို့က ဆရာမနှစ်ဦး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့

ပန်ဆိုင်းမြို့ နယ် ကောင်းခါးကျေးရွာ ခရစ်ယာန် ဘာသာရေးကျောင်းဝင်း အတွင်း စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးမှုများ စတင်ပြု လုပ်နေပြီဖြစ် ကြောင်း ပန် ဆိုင်းမြို့နယ်ရဲစခန်းမှ သိရသည်။

ရှမ်းပြည်နယ်မြောက် ပိုင်း ပန် ဆိုင်းမြို့နယ် ကောင်းခါးကျေးရွာ တွင် စေတနာ့ ဝန်ထမ်းဆရာမနှစ်ဦး သည် ဇန်နဝါရီ ၁၉ရက် ညပိုင်းက အသတ်ခံ ခဲ့ရခြင်းဖြစ်သည်။

ယခုဖြစ်စဉ်သည် အဆိုပါ ကျေး ရွာတွင် ပထမဆုံးအကြိမ်ဖြစ်ပွားခြင်း ဖြစ်ကာ တရားခံကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးရေးကော်ရှင်အဖွဲ့ ဖွဲ့ ကာ စစ်ဆေးဆောင်ရွက်နေကြောင်း ပန်ဆိုင်းမြို့နယ်ရဲစခန်းမှ တာဝန် ရှိ သူတစ်ဦးက ဒီမိုကရေစီတူဒေးသ တင်းစာသို့ ပြောသည်။

''တရားခံကို အမြန်ဆုံးဖော် ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေး ရေးကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်နေ ပါ တယ်။ စခန်းမှူးနဲ့ တာဝန်ရှိသူတွေ အားလုံး အခင်းဖြစ်ပွားခဲ့တဲ့ရွာကို သွားစစ်ဆေးနေကြပါတယ်''ဟု ပန် ဆိုင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ကြူကုတ်မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်းမှူး၊ မုံးပေါ် ပြည် သူ့စစ် အဖွဲ့နှင့် ကချင်နှစ်ခြင်းအသင်း တော်မှ သင်းအုပ်ဆရာများဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

အခင်းဖြစ်ပွားချိန်၌ ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းများ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့ခြင်း ဖြစ် သဖြင့် တပ်မတော်သားများနှင့် ပတ်သက်နေသည်ဟု စွပ်စွဲဝေဖန်မှု များလည်း ထွက်ပေါ်နေသည်။

''အရင်တိုက်ပွဲတွေဖြစ်တုန်းကလဲ ရွာထဲကနေ တပ်ရင်းတွေ သွားလာနေတာရှိတာပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလဲ လှုပ်ရှား နေကြတာရှိတာပဲလေ။ ဘာပြဿနာ မှမဖြစ်ခဲ့ပါဘူး။ အခုလဲ အခင်း ဖြစ် ပွားချိန်နဲ့ စစ်ကြောင်းရောက်ချိန်က တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေလို့ တပ် ကဆိုပြီး စွပ်စွဲနေတာပါ။ တိတိ ကျကျ ဘယ်သူမှမပြောနိုင်သေးပါဘူး။ စုံစမ်းရေးတွေ လုပ်နေတော့ မကြာခင် အချိန်မှာ အဖြေထွက် လာမှာပါ။ တကယ်လို့ တပ်မတော်သားတွေကျူး လွန်ခဲ့တယ်ဆိုရင်လဲ တပ်မတော် အက်ဥပဒေနဲ့ အညီ ပြင်းပြင်းထန်ထန် အရေးယူမှုတွေလုပ်သွားမှာပါ''ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိတစ်ဦး က ပြောသည်။

အခင်းဖြစ်ပွားရာကျေးရွာသည် မူဆယ်ခရိုင် နမ့်တောင်းကျေးရွာအုပ်စုရှိ အိမ်ခြေ ၂၅အိမ်ခန့်ရှိသော ရွာငယ်တစ်ရွာဖြစ်ပြီး အသတ်ခံရသည့် ဆရာမနှစ်ဦးမှာ ကချင်ပြည်နယ်မှ လာရောက်တာဝန် ထမ်းဆောင် ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို ပန်ဆိုင်းမြို့နယ် ရဲစခန်းတွင် (၄/၂ဝ၁၅)ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃ဝ၂အရ အမှုဖွင့်ထား ကြောင်း သိရသည်။

ဒီမိုကရေစီတူဒေး

No comments:

Post a Comment