Thursday 22 January 2015

ဟုမ္မလင်းမြို့ ၌ နာဂ သောင်းကျန်းသူဟု ယူဆရသည့် တပ်ဖွဲ့ဝင် (၂) ဦးအား ဖမ်းဆီးရမိ

ဟုမ္မလင်းမြို့နယ် ထမံသီရှေ့တန်းအမှတ် (၃၀၉) ခြေမြန် တပ်ရင်းနှင့် နယ်မြေရဲစခန်းတို့ ပူးပေါင်းကာ နန့်သလက် ကျေးရွာတွင် နာဂသောင်းကျန်းသူဟု ယူဆရသည့်တပ်ဖွဲ့ဝင်နှစ်ဦးအား လုံခြုံရေး အသုံး အဆောင်များနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ နာဂ သောင်းကျန်းသူဟု ယူဆရသည့် ယောင်စီထောင်း (၂၂) နှစ်နှင့် ခါးလက် (၂၃) နှစ်တို့ အနက် ယောင်စီ ထောင်းသည် နာဂ သောင်းကျန်းသူ မိုဘိုင်း (၆) အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦး ဖြစ်ပြီး ကျန်တစ်ဦး မှာမူ တပ်သား အဆင့်ရှိသူ ဖြစ်ကြောင်းကို ပထမ သတင်း ပေးချက်များ အရ သိရသည်။

၎င်း ဖမ်းဆီး ရမိသည့် တပ်ဖွဲ့ဝင် နှစ်ဦးတွင် လက်နက် ခဲယမ်းများ  မပါရှိ သော်လည်း စကား ပြောစက် (၁) လုံး ၊ စပါးနှံ နှစ်ခက် ၀န်းရံ ထားသည့် Nagaland For Chirst တံဆိပ် ရိုက်နှိပ်ထားသည့် Mobile ViNagaစာတန်းပါ စာရွက် (၁) ရွက်၊ အဆိုပါ စာရွက်ပေါ်တွင် Mobile Vi  နယ်မြေ အတွင်း နေထိုင်ကြသော ပြည်သူများ အနေဖြင့် မဖြစ်မနေ တတ်နိုင် သလောက် ကူညီပေးကြပါ ဟု ရေးသား ထားပြီး၊ R ပုံစံ လက်မှတ် ရေးထိုး ထား၍ Mobile Vi Commamdar  ဟု ရေးသား ထားကြောင်း ကိုလည်း သက်ဆိုင်ရာ မှုခင်း မှတ်တမ်းများ အရ သိရသည်။ အဆိုပါ ဖမ်းဆီး ရမိ ခဲ့သည့် နာဂ သောင်းကျန်းသူဟု ယူဆရသည့် တပ်ဖွဲ့ဝင် နှစ်ဦးအား စစ်ဆေးမှုများ ပြုလုပ် နိုင်ရန် အတွက် ရှေ့ တန်း အမှတ် (၃၀၉) ခြေမြန် တပ်ရင်း၌ ထိန်းသိမ်း ထားကြောင်းကို အဆိုပါ ဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment