Thursday 22 January 2015

ဝေးလံ ခေါင်သီသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သားများအား ဒေသစရိတ် ခံစားခွင့် မပြု

Photo: ဝေးလံ ခေါင်သီသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သားများအား ဒေသစရိတ် ခံစားခွင့် မပြု
Thursday, January 22, 2015

ဝေးလံ ခေါင်သီသည့် ဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သား များအား ဒေသစရိတ် ခံစားခွင့် ပြုရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောသည်။ အရင် ကတည်းက  ဒေသ စရိတ်ကို တပ်မတော်သားတွေ ခံစားခွင့် မရှိခဲ့လို့ ခွင့်မပြုခြင်း ဖြစ်ပါတယ်။ စစ်သည် အစားခန့်တဲ့ အရပ်သား ၀န်ထမ်း တွေပဲ ခံစားခွင့် ရရှိမှာ ဖြစ်ပါ တယ်ဟု က ပြောသည်။ နိုင်ငံတော် အစိုးရမှ သတ်မှတ် ထားသည့် ဒေသစရိတ် ခံစားခွင့် ရှိသည့် မြို့နယ်တွင် အခြေစိုက် ဖွင့်လှစ် ထားသည့် တပ်မတော် တပ်ဖွဲ့ဝင် စစ်သည် များသည် ယခင် ကတည်းက ဒေသစရိတ် ခံစားခွင့် ရရှိခဲ့မှု မရှိခြင်းကြောင့် ဒေသစရိတ် ခံစားခွင့် မပြုခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီးက အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တပ်မတော်သား များသည် နိုင်ငံတော်၏ ၀န်ထမ်း များပင် ဖြစ်သောကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသ များတွင် တာဝန် ထမ်းဆောင်နေ ကြသည့် အခြားသော အစိုးရ ၀န်ထမ်းများနှင့် တန်းတူ ဒေသ စရိတ်ခံစားခွင့် ရရှိ သင့်ကြောင်း တပ်မတော် အရာရှိ အငြိမ်းစား တစ်ဦး ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောသည်။ ဒေသ စရိတ်ရ နေတဲ့ အခြား ၀န်ထမ်း တွေထက် တပ်မတော်သား မိသားစု တွေပိုကျပ်တည်း နေတယ်။ သမ္မတနဲ့ ဘဏ္ဍာရေး ၀န်ကြီး ဌာန အမိန့်စာမှာ တပ်မတော်သား မပါဘူးလို့ မရေး ထားဘူး ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော် အနေဖြင့် ဝေးလံ ခေါင်သီသော ဒေသများတွင် တပ်များ ဖြန့် ချထား သောကြောင့် အဆိုပါ ဒေသများရှိ အခြား အစိုးရ ၀န်ထမ်း များ နည်းတူ တပ်မတော်သားများ ဒေသစရိတ် ခံစားခွင့် လစာ မရရှိခြင်းမှာ မဖြစ်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော သည်။

နိုင်ငံတော် အစိုးရနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ဒေသစရိတ် ခံစားခွင့် ရှိသည့် မြို့နယ် (၈၇)ခု၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ထပ်မံ၍ စရိတ် ခံစားခွင့် ရရှိသည့် မြို့နယ် (၂၂) ခု၊ ၂၀၁၄ ခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင် ထပ်မံပြီး ဒေသ စရိတ် ခံစားခွင့် ရရှိသည့် မြို့နယ် (၁) ခု သတ်မှတ်ပေး ခဲ့ပြီး၊ စုစုပေါင်း မြို့နယ် (၁၁၀)သည်  ဝေးလံ ခေါင်သီပြီး  လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် အဆိုပါ ဒေသများရှိ အစိုးရ ၀န်ထမ်း များအား လက်ရှိ လစာအပြင် ထပ်တူ ၀င်ငွေ ကိုသာ ဒေသစရိတ် ခံစားခွင့်ပြု ထားကြောင်း သိရသည်။

Messenger News Journal
ဝေးလံ ခေါင်သီသည့် ဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သား များအား ဒေသစရိတ် ခံစားခွင့် ပြုရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောသည်။
အရင် ကတည်းက  ဒေသ စရိတ်ကို တပ်မတော်သားတွေ ခံစားခွင့် မရှိခဲ့လို့ ခွင့်မပြုခြင်း ဖြစ်ပါတယ်။ စစ်သည် အစားခန့်တဲ့ အရပ်သား ၀န်ထမ်း တွေပဲ ခံစားခွင့် ရရှိမှာ ဖြစ်ပါ တယ်ဟု က ပြောသည်။ နိုင်ငံတော် အစိုးရမှ သတ်မှတ် ထားသည့် ဒေသစရိတ် ခံစားခွင့် ရှိသည့် မြို့နယ်တွင် အခြေစိုက် ဖွင့်လှစ် ထားသည့် တပ်မတော် တပ်ဖွဲ့ဝင် စစ်သည် များသည် ယခင် ကတည်းက ဒေသစရိတ် ခံစားခွင့် ရရှိခဲ့မှု မရှိခြင်းကြောင့် ဒေသစရိတ် ခံစားခွင့် မပြုခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီးက အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တပ်မတော်သား များသည် နိုင်ငံတော်၏ ၀န်ထမ်း များပင် ဖြစ်သောကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသ များတွင် တာဝန် ထမ်းဆောင်နေ ကြသည့် အခြားသော အစိုးရ ၀န်ထမ်းများနှင့် တန်းတူ ဒေသ စရိတ်ခံစားခွင့် ရရှိ သင့်ကြောင်း တပ်မတော် အရာရှိ အငြိမ်းစား တစ်ဦး ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောသည်။ ဒေသ စရိတ်ရ နေတဲ့ အခြား ၀န်ထမ်း တွေထက် တပ်မတော်သား မိသားစု တွေပိုကျပ်တည်း နေတယ်။ သမ္မတနဲ့ ဘဏ္ဍာရေး ၀န်ကြီး ဌာန အမိန့်စာမှာ တပ်မတော်သား မပါဘူးလို့ မရေး ထားဘူး ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော် အနေဖြင့် ဝေးလံ ခေါင်သီသော ဒေသများတွင် တပ်များ ဖြန့် ချထား သောကြောင့် အဆိုပါ ဒေသများရှိ အခြား အစိုးရ ၀န်ထမ်း များ နည်းတူ တပ်မတော်သားများ ဒေသစရိတ် ခံစားခွင့် လစာ မရရှိခြင်းမှာ မဖြစ်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော သည်။

နိုင်ငံတော် အစိုးရနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ဒေသစရိတ် ခံစားခွင့် ရှိသည့် မြို့နယ် (၈၇)ခု၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ထပ်မံ၍ စရိတ် ခံစားခွင့် ရရှိသည့် မြို့နယ် (၂၂) ခု၊ ၂၀၁၄ ခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင် ထပ်မံပြီး ဒေသ စရိတ် ခံစားခွင့် ရရှိသည့် မြို့နယ် (၁) ခု သတ်မှတ်ပေး ခဲ့ပြီး၊ စုစုပေါင်း မြို့နယ် (၁၁၀)သည်  ဝေးလံ ခေါင်သီပြီး  လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် အဆိုပါ ဒေသများရှိ အစိုးရ ၀န်ထမ်း များအား လက်ရှိ လစာအပြင် ထပ်တူ ၀င်ငွေ ကိုသာ ဒေသစရိတ် ခံစားခွင့်ပြု ထားကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment