Thursday 22 January 2015

တိုက်ပွဲ များကြား ပိတ်မိနေသူ များအား နေရာ ချထားရေး ပြည်နယ် အစိုးရကို PCG တင်ပြ

ကချင်ပြည်နယ် ဖားကန့် မြို့နယ်အတွင်း တပ်မတော်နှင့် KIA/KIO တပ်ရင်း (၆)တို့ ဖြစ်ပွားခဲ့သော စစ်ပွဲ များကြောင့် ပိတ်မိနေသော ဒေသခံ ပြည်သူများအား ဖားကန့် မြို့ပေါ်တွင် နေရာချထားရေးနှင့်ပတ်သက်၍ ကချင် ပြည်နယ် အစိုးရအဖွဲ့အား ကချင်ငြိမ်းချမ်းရေးအဖွဲ့(PCG)မှ ယမန်နေ့ကတင်ပြခဲ့ကြောင်း သတင်း ရရှိသည်။

ဖားကန့်မြို့နယ် အောင်ဘာလေ ကျေးရွာနှင့် ကံဆီးဒေသတွင် ပိတ်မိနေသော ဒေသခံ ပြည်သူများ အနေ ဖြင့် လက်ရှိ အချိန်တွင် ဖားကန့်မြို့ ပေါ်တွင် သွားရောက် ခိုလှုံ နေထိုင်ရန် ဆန္ဒရှိနေ သော်လည်း တပ်မ (၆၆) တပ်မမှူးက ခွင့်မပြု သဖြင့် သွားရောက် ရွှေ့ပြောင်း ခိုလှုံရန် အခြေအနေ မရှိသေးကြောင်း PCG မှ သိရသည်။

ကျွန်တော် ရဲသုံးယောက်ကို သွားခေါ် ရင်းနဲ့ ဒေသခံတွေနဲ့ တွေ့ခဲ့တယ်။ ဒေသခံတွေ က သူတို့မြို့ပေါ်မှာ ခိုလှုံချင်တယ်။ စစ်ဖြစ်ခဲ့တဲ့ နေရာ တွေ သေသေချာချာ အေးချမ်းတော့မှ သူတို့ ဒေသတွေကို ပြန်လာ ချင်တယ်။ ဒါကို အစိုးရ အဖွဲ့ကို တင်ပြပေးပါလို့ ပြောတဲ့ အတွက် ကျွန်တော် ၀န်ကြီးချုပ်နဲ့ လာတွေ့ တာပါ ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက The Messenger Media သို့ ပြောသည်။

ကချင် ပြည်နယ် ၀န်ကြီးချုပ် လဂျွန်ငန်ဆိုင်း အနေဖြင့် ယင်းပိတ်မိ နေသော ဒေသခံ များအား သက်ဆိုင် ရာ မြို့နယ်မှ တစ်ဆင့် အထောက် အပံ့များ ကူညီပေး သွားမည် ဖြစ်ပြီး ဒေသခံ များအား ရွှေ့ပြောင်းပေး နိုင်ရန် အတွက် နိုင်ငံတော် အစိုးရထံ တင်ပြပေး သွားပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ သည်ဟု ဦးလမိုင်ဂွမ်ဂျာ က ဆက်ပြောသည်။

ဝန်ကြီးချုပ်နဲ့ PCG က လမိုင်ဂွမ်ဂျာတို့ နေလယ်လောက်က ၀န်ကြီးချုပ် ရုံးခန်းမှာ တွေ့ဆုံခဲ့ ပါတယ်။ ဘာတွေ တွေ့ဆုံခဲ့လဲ ဆိုတာ ကတော့ ကျွန်တော်တို့လည်း အထဲဝင်လို့ မရလို့ မသိဘူး ဟု ၀န်ကြီးချုပ် လဂျွန်ငန်ဆိုင်း၏ ကိုယ်ရေး အရာရှိ ဦးနောင်ထိန်က The Messenger Media သို့ ပြော သည်။

ပိတ်မိ နေသော ဒေသခံ များအား ရွှေ့ပြောင်းရာတွင် KIA တပ်ရင်း (၆) ရှိနေသော နယ်မြေ လမ်းကြောင်း များကို ခွင့်ပြု ပေးရန်နှင့် လုံခြုံရေး အခြေအနေပါ ပေးရန် KIA/KIO ဗဟိုဌာနချုပ်က ညွှန်ကြား ထား ကြောင်ုးငေ တပ်ရင်း (၆) တပ်မှူးဗိုလ်မှူး တန်ဆိုင်းက The Messenger Media သို့ ပြောသည်။

ဖားကန့် မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကံဆီး ကျေးရွာရှိ ကံဆီး နှစ်ခြင်း ခရစ်ယာန် ကျောင်းဝင်းတွင် (၇၁၂) ဦး၊ ကက်သလစ် ခရစ်ယာန် ကျောင်းဝင်းတွင် (၂၅၃) ဦး၊ လီဆူး နှစ်ခြင်း အသင်း တော် ဘုရားကျောင်းဝင်းတွင် (၈၀) ဦး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွင် (၄၇၀) ဦးတို့သည် သန်းခေါင်ကျေးရွာ၊ ဘောဆဒီး ကျေးရွာ၊ ရောင်ချို ကျေးရွာ တို့မှ ရောက်ရှိနေ ခဲ့ပြီး သူငယ်တန်းမှ အဌမတန်း အထိ ကျောင်းသား (၃၀၀) ဦး ကျောင်းမတက်နိုင် သေးကြောင်း ဥရုဆိုင်း မော်ဇုံနယ် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ သိရသည်။

Messenger News Journal 

No comments:

Post a Comment