Thursday 22 January 2015

စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင် ဆောက်မည်ဟု အများဆုံးတင်ပြထားပြီး လုပ်ငန်းရှင်များက မြေကွက်များ ကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်မှုမရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ...

Photo: မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ပမာဏ မဂ္ဂါဝပ် ၁၀၀၀၀၀ အထိ ထုတ်လုပ် နိုင်မည့် အလားအလာရှိသည့် အတွက် ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည် ဆိုင်ရာ ရေအားလျှပ်စစ်အသင်းတို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဟု သတင်းထုတ်ပြန်
Thursday, January 22, 2015

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ ထုတ်လုပ်နိုင်မည့် အလားအလာရှိနေသည့်အတွက် ကမ္ဘာ့ ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အသင်း (IHA) တို့ ပူးပေါင်း၍ ရေရှည်ခံသည့် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နိုင်စွမ်းဖြစ်သည့် မဂ္ဂါဝပ် ၃၅ဝဝ ၏အဆ ၃ဝ နီးပါးနှင့်ညီမျှသည့် မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အလားအလာရှိသည့် စွမ်းအားရတနာသိုက်ကြီး တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း လက်ရှိတွင်မူ နိုင်ငံ၏ အိမ်ထောင်စု အားလုံးပေါင်း၏ ရာခိုင်နှုန်း ၃ဝ အောက်သာလျှင် လျှပ်စစ်မီးရရှိနိုင်ပြီး လူတစ်ဦးချင်းကျ လျှပ်စစ်မီးသုံးစွဲမှုမှာလည်း ကမ္ဘာ့တွင်အနည်းဆုံး နိုင်ငံများထဲ တွင်ပါဝင်သည်ဟု သိရသည်။

“လျှပ်စစ်မီးဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အခြေခံကျပါတယ်။ ဒါအပြင် ရေအားလျှပ်စစ်ဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်အနာဂတ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုလုပ်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့၊ လူမှုဘဝတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ Global Partnership ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Karin Finkelston က ပြောကြားသည်။

“စနစ်တကျသာ ဆက်လုပ်မယ်ဆိုရင် ရေအားလျှပ်စစ်ဟာ ပိုသန့်ရှင်းပြီး ဈေးပိုသက်သာတဲ့ အားကိုးလို့ရတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု စနစ်ကို လက်လှမ်းမီစေမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေးတို့ရဲ့ မောင်းနှင်အားဖြစ်လာနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်အုပ်စုနှင့် အပြည်ပြည်ဆိုင်ရာ ရေအားလျှပ်စစ်အသင်း (IHA) တို့သည် နည်းစနစ်ပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဆိုင်ရာစံချိန်စံညွှန်းများ နှင့်ပတ်သက်သော အကောင်းဆုံး အလေ့အထများကို မြှင့်တင်အားပေးခြင်းဖြင့် မြန်မာနိုင်ငံအား ပိုမို၍ ရေရှည်ခံတည်တံ့သော ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ရေရှည်ခံတည်တံ့သည့် ရေအားလျှပ်စစ်ကဏ္ဍတစ်ခု ရရှိပိုင်ဆိုင်ထားခြင်းဖြင့်  သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို လျှော့ချရာတွင် ကူညီနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် တိုင်းပြည်၏ကြီးမားသည့် စွမ်းအင်ထုတ်ယူနိုင်မှုအ လားအလာများကို လက်တွေ့ပေါ်ပေါက်လာစေပြီးလျှင် တိုင်းပြည်၏စီးပွားရေး တိုးတက်မှုနှင့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှုတို့ ရရှိရေးတို့အတွက် ပါဝင်ကူညီဖြည့်ဆည်းပေးနိုင်မည်ဟု သိရသည်။

“ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် ရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးမှုဟာ တာရှည်ခံတည်တံ့ဖို့နဲ့ ထိစပ်ပတ်သက်နေသူတွေ အကုန်လုံးရဲ့ အကျိုးစီးပွားတွေ ပါဝင်စေဖို့အတွက် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးအတွက် ချဉ်းကပ်နည်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အားလုံးမှာ တူညီတဲ့တစ်ချက်ကတော့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ဖို့နဲ့ စီမံကိန်းတွေအောင်မြင်စေဖို့ အတွက်ဆိုရင် ကောင်းမွန်တဲ့နိုင်ငံရေး၊ နည်းပညာမူဘောင်တစ်ခု ချမှတ်ထားရေးဟာ မရှိမဖြစ် လိုအပ်ချက်ဆိုတာပါပဲ” ဟု IHA ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဒါရိုက်တာ Cameron Ironside က ပြောကြားသည်။       

Eleven Media Group 

လွိုင်ကော်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) အား တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)
သာဓုကန်စက်မှုဇုန်ရှိ မြေကွက်လွတ်များကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်း တွေ့ရစဉ် 
စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင်ဆောက်မည်ဟု အများဆုံးတင်ပြ ထားပြီး လုပ်ငန်းရှင်များက မြေကွက်များကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန် တကယ်လုပ်ငန်းလုပ်ကိုင်မှု  မရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ အစိုးရကို ပြန်အပ်ရမည်။

လက်ရှိစက်မှုဇုန်မြေကွက်များသည် မြေကွက်လွတ်များစွာရှိနေပြီး အဆိုပါ မြေကွက် များကို ကိုင်ထားကာ ဈေးကစားရန်ထိုင်စောင့်နေသလိုဖြစ်နေ သည့်အပြင် လုပ်ငန်းစီမံကိန်းတင်ပြစေရာတွင်လည်း ဂိုဒေါင် ဆောက်လုပ် ရန်သာ တင်ပြမှုများနေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့် ဂိုဒေါင်များနှင့် စက်မှုဇုန်မြေကွက်များ အစိုးရကိုပြန်အပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဥာဏ်ထွန်းဦးက ပြောကြားသည်။
    
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော စက်မှုမြေကွက် လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော်ရှိကြောင်း သိရသည်။
    
အဆိုပါစက်မှုမြေကွက်လွတ်ပိုင်ဆိုင်ထားသူများအနေဖြင့် "စက်မှုလက်မှု လုပ်ငန်း အတွက်မြေအသုံးပြုခွင့်" အမိန့်ကိုထုတ်ယူခဲ့စဉ်က အသုံးပြုခွင့်ရသောမြေကွက်တွင် ရရှိပြီးသည့်နေ့မှ သုံးလအတွင်း အဆောက်အအုံဆောက်လုပ်၍ စတင်အသုံးပြုရမည်ဟူ၍လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်း အသုံးပြုခွင့် ရသူသည်။သတ်မှတ်ထားသောစည်းကမ်းများကိုလိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြုထားသောမြေကွက်ကို ဆောက်လုပ်ထားသောအဆောက်အအုံနှင့်အတူ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည် သိမ်းယူခွင့် ရှိသည် ဟူသည့် စည်းကမ်းချက်များကို သဘောတူလက်မှတ်ရေးထိုးထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။
    
လုပ်ကိုင်ခြင်းမရှိသေးသည့် စက်မှုမြေကွက်လွတ်နှင့် ဂိုဒေါင်များကို ပိုင်ဆိုင်ထားသူများမှာ ဆောင်ရွက်မည့် လုပ်ငန်း အမျိုးအစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ်စတင်လည်ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေးရင်းနှီး မြှုပ်နှံမှုနှင့် ရရှိမှုအချက်အလက်များပြည့်စုံစွာပါဝင်သည့် Detail Business Plan ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထား၍တင်ပြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအသိပေးခဲ့သည်။
    
ထိုသို့သတိပေးချက်ထုတ်ပြန်ပြီးနောက် မြေကွက်လွတ်ပိုင်ဆိုင်သူအများအပြားက Detail Business Plan တင်ပြလာခဲ့သည်။ ထိုသို့တင်ပြသည်ဆိုသော်လည်း စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရန်တင်ပြသည်ထက် ဂိုဒေါင်ဆောက်လုပ်ရန်သာ အများစုကတင်ပြလာကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
    
"ဂိုဒေါင်တွေက အလုပ်လုပ်နေတဲ့စာရင်းရပြီ။ အလုပ်မလုပ်ဘဲ ဒီအတိုင်းဂိုဒေါင်ဆောက်မယ်ဆိုရင်တော့ အလုပ်မလုပ်ဘူးပေါ့။ အလုပ်လုပ်လို့ကတော့ အဓိကအနေနဲ့လက်ခံမယ်။ အလုပ်မလုပ်တဲ့စက်ရုံတွေက အစိုးရကိုပြန်အပ်ရမယ်။ အလုပ်လုပ်မယ်ဆိုရင်လည်း ကာလတစ်ခုအတွင်းမှာ ဘယ်လိုလုပ်ငန်းတွေ လုပ်မယ် ဆိုတာတင်ပြရမယ်။ စီမံကိန်းတင်ပြီး ဆက်လုပ်ရမယ်။ စက်မှုဇုန်မှာ မြေကွက်တွေရှိပြီး အလုပ် မလုပ်လို့ အလုပ်လုပ်စေချင်တာ။ အလုပ်လုပ်မှ အလုပ်သမားတွေအလုပ်ရနိုင်သလို တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မှာပေါ့။ အခုဟာက မြေကွက်တွေရှိပြီးတော့ မြေဈေးကစားဖို့ ထိုင်စောင့်သလိုဖြစ်နေလို့" ဟု ဦးဥာဏ်ထွန်းဦးကဆိုသည်။
    
မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မြေဧက ၆၀၀၀ ခန့်အား စက်မှုဇုန်များအဖြစ်ဖော်ဆောင်ခဲ့ပြီး မြေတစ်ဧကလျင် ကျပ်သိန်း ၅၀ ဖြင့်ရောင်းချခဲ့သော်လည်း အဆိုပါမြေများအား ကုမ္ပဏီကြီးတစ်ခုထဲသို့သာ ပေးအပ်လုပ်ကိုင်စေခဲ့သဖြင့် မြေပေါ်တွင်အရောင်းအ၀ယ်ပြုလုပ်ကာ ဈေးကစားမှုပြုလုပ်နေခြင်းမှာ တိုင်းပြည်အတွက်အကျိုးမရှိသည့်အပြင် နိုင်ငံ၏စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုပင် ရပ်တန့်စေကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကပြောကြားသည်။
    
"အိုးအိမ်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြေဧက ၆၀၀၀ လောက်ကို စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်ခဲ့တယ်။ အဲဒါကို ကုမ္ပဏီကြီးတစ်ခုလက်ထဲကိုပဲထည့်လိုက်တယ်။ အခုအဲဒီကုမ္ပဏီကြီးက တစ်ဧက တစ်ကွက် ကို ကျပ်သိန်း ၅၀၀၀ လောက်နဲ့ရောင်းနေတယ်။ အဲဒါကြောင့် စက်မှုလုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်မှုက ရပ်နေတယ်။ အဲဒီကိစ္စက တော်တော်လေးခက်ခဲတဲ့ကိစ္စဖြစ်နေတယ်။ ဒီလိုမြေပေါ်မှာ အမြတ်တင်ပြီး အရောင်းအ၀ယ်လုပ်ဈေးကစားနေတာ (Land Specu-lation) တွေကိုတိုက်ဖို့လိုတယ်။ တိုင်းပြည်အတွက်အကျိုးမရှိဘူး" ဟု ဒေါက်တာကျော်လတ်ကဆိုသည်။
    
ရန်ကုန်မြို့၏စက်မှုဇုန်များတွင် ဈေးအမြင့်ဆုံးဖြစ်သည့် လှိုင်သာယာစက်မှုဇုန်မြေဈေးများမှာ ၂၀၀၅ ခုနှစ်ခန့် က ကျပ်သိန်း ၃၀၀ ခန့်သာပေါက်ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် မြေတစ်ဧကအား  ကျပ်သိန်း ၅၀၀၀ ခန့်ပေးအပ်နေရပြီး တရားမျှတမှုမရှိကြောင်း ဒေါက်တာကျော်လတ်ကသုံးသပ်သည်။ ထိုသို့ မြေဈေးကစားမှု ကိုလည်း မြေတစ်ဧကလျှင် ကျပ်သိန်း ၅၀ ဖြင့်ရရှိခဲ့သည့် ကုမ္ပဏီကြီးကသာ လုပ်ဆောင် နေသည်ဟု ဒေါက်တာကျော်လတ်ကပြောကြားသည်။
    
အဆိုပါစက်မှုမြေကွက်လွတ်များသည် ၂၀၁၅  ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျဘဲ လုပ်ငန်း အကောင်အထည် ဖော်ရမည်ဖြစ်ကာ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိပါက နိုင်ငံတော်သို့ပြန်အပ်နှံရမည်ဟု သိရသည်။

Eleven Medai Group 

No comments:

Post a Comment