Thursday 22 January 2015

လက်ရှိအသင်းတိုက်စစ်စုဖွဲ့မှုမှာ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးစုဖွဲ့မှုဟု ဝဲလ်ကော့ဆို

Photo: လက်ရှိအသင်းတိုက်စစ်စုဖွဲ့မှုမှာ အသင်းသမိုင်းတစ်လျှောက်
အကောင်းဆုံးစုဖွဲ့မှုဟု ဝဲလ်ကော့ဆို
Thursday, January 22, 2015

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းအား အနိုင်ရရှိပြီး နောက် အာဆင်နယ်တောင်ပံ ကစား သမားဖြစ်သူ ဝဲလ်ကော့က ဂီရော့ဒ်၊ ဆန်းချက်၊ ဝဲလ်ဘတ်၊ ချိန်ဘာလိန် တို့ပါဝင်နေသည့် တိုက်စစ်စုဖွဲ့မှုမှာ အသင်း သမိုင်းတစ်လျှောက် အတောင့် တင်းဆုံးနှင့်အကောင်းဆုံးတိုက်စစ် စုဖွဲ့မှုတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။ ဝဲလ်ကော့အနေဖြင့် အာဆင်နယ်အသင်းထံ စတင်ရောက်ရှိခဲ့သည့် ၂၀၀၅ ခုနှစ်တွင်အသင်းတွင် ရှိနေ ခဲ့သည့် ဟင်နရီ၊ ဘားကမ့်နှင့် ယွန်း ဘတ်ခ်ျတို့ပါဝင်သည့် တိုက်စစ်ထက် လက်ရှိတိုက်စစ်က ပိုကောင်းကြောင်း နှိုင်းယှဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

'' လက်ရှိလူစာရင်းက အတောင့် တင်းဆုံးအနေအထားမှာရှိနေပါပြီ။ ဒါပေမဲ့ ရလဒ်ကောင်းတွေရယူနိုင်ဖို့ တော့လိုအပ်ပါတယ်။ အသင်းကို စရောက်ခဲ့တဲ့အချိန်မှာ ပီရက်စ်၊ ယွန်း ဘတ်ခ်ျ၊ ဘားကမ့်၊ ဟင်နရီတို့လို ဥရောပရဲ့အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့် အခုလောက် ပြီး ပြည့်စုံမှုမရှိဘူးထင်ပါတယ်''ဟု ဝဲလ်ကော့က ဖွင့်ဟပြောသွားခဲ့သည်။

အာဆင်နယ်အသင်းတိုက်စစ် စုဖွဲ့မှုသည် ပြီးခဲ့သည့်ရာသီတွင် သွင်းဂိုး ၆၈ဂိုးသာရရှိခဲ့ပြီး လက်ရှိရာသီတွင် လက်ကျန်ပွဲစဉ် ၁၆ ပွဲကျန်ရှိနေချိန်အထိ သွင်းဂိုး ၃၉ဂိုးအထိရရှိထားသည်။ အသင်းတိုက်စစ်အနေဖြင့် ၂၀၁ဝခုနှစ်နောက်ပိုင်းတွင် တစ် ရာသီသွင်းဂိုး ၇၀ ဝန်းကျင်သာရရှိခဲ့သည်အထိ တိုက်စစ်အခြေအနေကျ ဆင်းခဲ့သည်။

WKM
Democracytoday
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းအား အနိုင်ရရှိပြီး နောက် အာဆင်နယ်တောင်ပံ ကစား သမားဖြစ်သူ ဝဲလ်ကော့က ဂီရော့ဒ်၊ ဆန်းချက်၊ ဝဲလ်ဘတ်၊ ချိန်ဘာလိန် တို့ပါဝင်နေသည့် တိုက်စစ်စုဖွဲ့မှုမှာ အသင်း သမိုင်းတစ်လျှောက် အတောင့် တင်းဆုံးနှင့်အကောင်းဆုံးတိုက်စစ် စုဖွဲ့မှုတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။ ဝဲလ်ကော့အနေဖြင့် အာဆင်နယ်အသင်းထံ စတင်ရောက်ရှိခဲ့သည့် ၂၀၀၅ ခုနှစ်တွင် အသင်း တွင် ရှိနေ ခဲ့သည့် ဟင်နရီ၊ ဘားကမ့်နှင့် ယွန်း ဘတ်ခ်ျတို့ပါဝင်သည့် တိုက်စစ်ထက် လက်ရှိတိုက်စစ်က ပိုကောင်းကြောင်း နှိုင်းယှဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

'' လက်ရှိလူစာရင်းက အတောင့် တင်းဆုံးအနေအထားမှာရှိနေပါပြီ။ ဒါပေမဲ့ ရလဒ်ကောင်းတွေရယူနိုင်ဖို့ တော့လိုအပ်ပါတယ်။ အသင်းကို စရောက်ခဲ့တဲ့အချိန်မှာ ပီရက်စ်၊ ယွန်း ဘတ်ခ်ျ၊ ဘားကမ့်၊ ဟင်နရီတို့လို ဥရောပရဲ့အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့် အခုလောက် ပြီး ပြည့်စုံမှုမရှိဘူးထင်ပါတယ်''ဟု ဝဲလ်ကော့က ဖွင့်ဟပြောသွားခဲ့သည်။

အာဆင်နယ်အသင်းတိုက်စစ် စုဖွဲ့မှုသည် ပြီးခဲ့သည့်ရာသီတွင် သွင်းဂိုး ၆၈ဂိုးသာရရှိခဲ့ပြီး လက်ရှိရာသီတွင် လက်ကျန်ပွဲစဉ် ၁၆ ပွဲကျန်ရှိနေချိန်အထိ သွင်းဂိုး ၃၉ဂိုးအထိရရှိထားသည်။ အသင်းတိုက်စစ်အနေဖြင့် ၂၀၁ဝခုနှစ်နောက်ပိုင်းတွင် တစ် ရာသီသွင်းဂိုး ၇၀ ဝန်းကျင်သာရရှိခဲ့သည်အထိ တိုက်စစ်အခြေအနေကျ ဆင်းခဲ့သည်။

WKM
‎Democracytoday‬

No comments:

Post a Comment