Thursday 22 January 2015

လယ်သမား များအား တရားစွဲဆို ထားမှု ထောင်ဒဏ် (၄) နှစ်မှ (၇) နှစ်အထိ အမိန့်ချမှတ်

တစ်နှစ်ကျော် ကြာမြင့်သည့် နေပြည်တော် ၀ဲကြီးကျေးရွာရှိ လယ်သိမ်းခံ လယ်သမားများအား တစ်ဦးလျှင် ထောင်လေးနှစ်မှ ခုနစ်နှစ်အထိ အပြီးသတ်အမိန့် ချမှတ်လိုက်ကြောင်း တောင်သူများ၏ ရှေ့နေ ဦးသဲမောင်မောင် က ပြောသည်။

နေပြည်တော် ပုံနှိပ်စက်နှင့် သတင်းစာတိုက် ဆောက်လုပ်ရန် သိမ်းယူထားသော လယ်မြေများတွင် ၀င်ရောက်၍ ထွန်တုံး တိုက်ပွဲ ဆင်နွှဲခြင်း နှင့် အစိုးရ ၀န်ထမ်း များကို ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိစေမှု များဖြင့် နေပြည်တော် ၀ဲကြီး ကျေးရွာရှိ တောင်သူ (၁၉) ဦးအား တရားစွဲဆို ခဲ့သည့် အမှု ဖြစ်သည်။ ပြစ်ဒဏ်ပေါ် အယူခံတင် သွားမယ်။ လယ်သမား တွေက မြေယာ လျော်ကြေးရော၊ သီးနှံ လျော်ကြေးကော မရဘဲ အသိမ်းခံထား ရတာ။ ဖြစ်စဉ်မှာ ရဲဝန်ထမ်းတွေ ဒဏ်ရာရ သလို၊ ရွာသား တွေလည်း ထိခိုက် ဒဏ်ရာ ရတာပဲ ဟု ဦးသဲမောင်မောင်က Messenger Media  သို့ ပြော သည်။

နေပြည်တော် ၀ဲကြီး ကျေးရွာရှိ လယ်ဧက (၅၀၀)ကို နေပြည်တော် ပုံနှိပ်စက်နှင့် သတင်းစာတိုက် ဆောက် လုပ်ရန် သိမ်းယူရာတွင် ၀ဲကြီး တောင်သူ များသည် ထွန်တုံး တိုက်ပွဲ ၀င်ရောက် ဆင်နွဲခဲ့ပြီး၊ ၀ဲကြီးတောင် သူများအား ဖမ်းဆီးရန် သွားရောက်သည့် ရဲတပ်ဖွဲ့ဝင် များနှင့် အထိကရုဏ်း ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာ ရရှိခဲ့ သောကြောင့် ပြည်သူ့ ၀န်ထမ်းအား အပြင်းအထန် ဒဏ်ရာ ရရှိ စေမှုဖြင့် အဓိက စွဲဆို ထားသည့် အမှု ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ကောင်စီနယ်မြေ ပုပ္ပသီရိ မြို့နယ် ၀ဲကြီး ကျေးရွာရှိ ကိုဇော်လတ် အပါအ၀င် တောင်သူ (၁၉) ဦးအား အပြစ်ဒဏ်ချ မှတ်ခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါ အမှုသည် တရား ရုံးချိန်းပေါင်း တစ်ရာကျော် ချိန်းဆိုခဲ့သည့် အမှုတစ်ခု ဖြစ်ကြောင်း ရှေ့နေ ဦးသဲမောင်မောင် က ပြောသည်။

Messenger News journal 

No comments:

Post a Comment