Thursday 22 January 2015

တိုက်ပွဲများကြောင့် ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအများစု လုပ်ငန်းရပ်နား

Photo: တိုက်ပွဲများကြောင့် ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအများစု လုပ်ငန်းရပ်နား
Thursday, January 22, 2015

ပြည်တွင်းတိုက်ပွဲများကြောင့် ကျောက်မျက်တူးဖော်ခွင့် ပိတ်ပင်ထားရာမှ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပြန်လည်တူးဖော်ခွင့် ပြုလိုက်သော်လည်း လက်ရှိ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အတွက် ဖားကန့်ကျောက်စိမ်းမှော် လုပ်ကွက်များ အတွင်းရှိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအများစု လုပ်ငန်းများ ရပ်နားခဲ့ကြကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျောက်မျက်ထုတ်လုပ်လျက် ရှိသည့် မှော်နယ်အတွင်း တိုက်ပွဲမဖြစ်သော်လည်း မှော်နယ်မြေနှင့် နီးကပ်သည့် နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ကျောက်မျက်ထုတ်လုပ်သည့် ကုမ္ပဏီအများစုသည် လုံခြုံရေး အခြေအနေအရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်၍ လုပ်ငန်းများ ရပ်နားခဲ့ကြကြောင်း စိန်လုံတောင်တန်း ကျောက်မျက်ထုတ်လုပ်ရေး ကုမ္ပဏီ တာဝန်ခံတစ်ဦးက ပြောကြားသည်။

“လက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီပေါင်း လေးဆယ်နီးပါး ရှိတယ်။ အလုပ်သမားဦးရေကတော့ တစ်သောင်းနှစ်ထောင်လောက် ရှိတယ်။ အကုန်လုံးရင် တထိတ်ထိတ်နဲ့ နေနေကြရတယ်။ မှော်ထဲမှာတော့ တိုက်ပွဲမဖြစ်ပေမယ့်လည်း လုံခြုံရေးအရတော့ ကုမ္ပဏီတွေ အကုန်လုံး လုပ်ငန်းရပ်နားလိုက်ကြပြီ” ဟု ၎င်းကဆိုသည်။

လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်နေသော်လည်း မှော်တွင်းတွင် အသက်နှင့်ရင်းကာ စီးပွားလာရှာနေသည့် ဘဝတူ ရေမဆေးကျောက်သမား တစ်သောင်းနီးပါးခန့်ရှိပြီး ဝမ်းစာအတွက် အလုပ်ရပ်နားရန် မဖြစ်နိုင်သည့်အတွက် အသက်နှင့်ရင်းကာ ရေမဆေးကျောက်များ ရှာဖွေရေး ဆက်လက်ဆောင်ရွက်နေကြောင်း မန္တလေးမြို့မှ ဖားကန့်ကျောက်စိမ်းမှော် အတွင်း ရေမဆေး ကျောက်ရှာဖွေသည့် အလုပ်သွားရောက် လုပ်ကိုင်နေသူ အသက် ၃၀ နှစ်အရွယ် ဦးအောင်မြတ်က ပြောကြားသည်။

တိုက်ပွဲများကြောင့် ဖားကန့်ကျောက်စိမ်းမှော်တွင် ကျောက်မျက်တူးဖော်ခွင့်ကို နှစ်အတန်ကြာ ရပ်နားထားရာမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုပေးခဲ့ပြီး လုပ်ကိုင်ခွင့်ရ ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီပေါင်း လေးဆယ်ကျော်က တူးဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားပေါင်း တစ်သောင်းနှစ်ထောင်ကျော်ခန့် ရှိကာ ရေမဆေးကျောက် ရှာဖွေသူ တစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း ဖားကန့်ကျောက်စိမ်းမှော်ရှိ ကျောက်မျက်ထုတ်လုပ်ရေး ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပြည်တွင်းတိုက်ပွဲများကြောင့် ကျောက်မျက်တူးဖော်ခွင့် ပိတ်ပင်ထားရာမှ ပြီးခဲ့သည့် စက်တင်ဘာ လဆန်း ပိုင်းက ပြန်လည်တူးဖော်ခွင့် ပြုလိုက်သော်လည်း လက်ရှိတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အတွက် ဖားကန့်ကျောက်စိမ်းမှော် လုပ်ကွက်များ အတွင်းရှိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအများစု လုပ်ငန်းများ ရပ်နားခဲ့ကြကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျောက်မျက်ထုတ်လုပ်လျက် ရှိသည့် မှော်နယ်အတွင်း တိုက်ပွဲမဖြစ်သော်လည်း မှော်နယ်မြေနှင့် နီးကပ်သည့် နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ကျောက်မျက်ထုတ်လုပ်သည့် ကုမ္ပဏီအများစု သည် လုံခြုံရေး အခြေအနေအရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်၍ လုပ်ငန်းများ ရပ်နားခဲ့ကြကြောင်း စိန်လုံတောင်တန်း ကျောက်မျက်ထုတ်လုပ်ရေး ကုမ္ပဏီ တာဝန်ခံတစ်ဦးက ပြောကြားသည်။

“လက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီပေါင်းလေးဆယ်နီးပါးရှိတယ်။ အလုပ်သမားဦးရေကတော့ တစ်သောင်း နှစ်ထောင်လောက် ရှိတယ်။ အကုန်လုံးရင် တထိတ်ထိတ်နဲ့ နေနေကြရတယ်။ မှော်ထဲမှာတော့ တိုက်ပွဲ မဖြစ်ပေမယ့်လည်း လုံခြုံရေးအရတော့ ကုမ္ပဏီတွေ အကုန်လုံး လုပ်ငန်းရပ်နားလိုက်ကြပြီ” ဟု ၎င်းကဆိုသည်။

လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်နေသော်လည်း မှော်တွင်းတွင် အသက်နှင့်ရင်းကာ စီးပွား လာရှာ နေသည့် ဘဝတူ ရေမဆေးကျောက်သမား တစ်သောင်းနီးပါးခန့်ရှိပြီး ဝမ်းစာအတွက် အလုပ် ရပ်နားရန် မဖြစ်နိုင်သည့်အတွက် အသက်နှင့်ရင်းကာ ရေမဆေးကျောက်များ ရှာဖွေရေး ဆက်လက် ဆောင်ရွက် နေကြောင်း မန္တလေးမြို့မှ ဖားကန့်ကျောက်စိမ်းမှော် အတွင်း ရေမဆေး ကျောက်ရှာဖွေသည့် အလုပ်သွားရောက် လုပ်ကိုင်နေသူ အသက် ၃၀ နှစ်အရွယ် ဦးအောင်မြတ်က ပြောကြားသည်။

တိုက်ပွဲများကြောင့် ဖားကန့်ကျောက်စိမ်းမှော်တွင် ကျောက်မျက်တူးဖော်ခွင့်ကို နှစ်အတန်ကြာ ရပ်နား ထားရာမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုပေးခဲ့ပြီး လုပ်ကိုင်ခွင့်ရ ကျောက်မျက် တူးဖော်သည့် ကုမ္ပဏီပေါင်း လေးဆယ်ကျော်က တူးဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း အလုပ် သမားပေါင်း တစ်သောင်းနှစ်ထောင်ကျော်ခန့် ရှိကာ ရေမဆေးကျောက် ရှာဖွေသူ တစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း ဖားကန့်ကျောက်စိမ်းမှော်ရှိ ကျောက်မျက်ထုတ်လုပ်ရေး ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly 

No comments:

Post a Comment