Wednesday 19 February 2014

ကချင်ဒုက္ခသည်များအတွက် ကျပ်သိန်း ၃၀၀၀ တန် အထောက်အပံ့များ တရုတ်အစိုးရလှူဒါန်း

တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးသင့်ခဲ့ရသည့် ကချင်ပြည် နယ် ရှိ ဒုက္ခသည်များအတွက် ကျပ်ငွေသိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များကို တရုတ်အစိုးရက လှူဒါန်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များအဖြစ် ဆန်၊ ဆီ၊ ဆေးဝါးနှင့် အခြား အရေးပေါ် ပစ္စည်းများ အပြည့်အစုံ ပါဝင်သော သေတ္တာအလုံး ၁၀၀၀၀ ကို တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းချုပ်က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှတစ်ဆင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို လှူဒါန်း သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုက္ခသည်များကို လှူဒါန်းရာတွင် နှစ်ဖက်ကြက်ခြေနီ အဖွဲ့အစည်းများ၏ သဘောတူညီချက်ဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသ Hauqiao-Kambaiti စစ်ဆေးရေးစခန်း အနီးရှိ ဒုက္ခသည် စခန်းများကို ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ ထောက်ပံ့ရေး လုပ် ငန်းတွေ စတင်တော့မှာပါ” ဟု ၎င်းကဆိုသည်။

တရုတ်အစိုးရ၏ ယခုထောက်ပံ့မှုသည် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ပထမဦးဆုံးအကြိမ် ထောက်ပံ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment