Thursday 15 January 2015

ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ချုပ်ရေးကို အစိုးရ ကမ်းလှမ်းမှု မရှိသေးဟု KIA နှင့် TNLA ပြော

Photo: ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ချုပ်ရေးကို အစိုးရ ကမ်းလှမ်းမှု မရှိသေးဟု KIA နှင့် TNLA ပြော
Thursday, January 15, 2015

ပြည်ထောင်စုနေ့အမီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုသည်ဟု သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့က ကြေညာထားသော်လည်း တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း အစိုးရစစ်တပ်နှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ကချင် နှင့် ပလောင် တိုင်းရင်းသားတပ်ဖွဲ့တို့က ဗုဒ္ဒဟူးနေ့တွင် ပြောလိုက်သည်။

“အစိုးရဘက်ကတော့ ဘာမှကြိုတင်ညှိုနှိုင်းထားတာမျိုးတော့ မရှိသေးဘူး။ သူတို့ ကမ်းလှမ်းလာတဲ့အပေါ်ကို အခြေအနေကြည့်ပြီးမှ လုပ်ရမှာဖြစ်ပါတယ်” ဟု တအာင်းလွတ်မြောက်ရေးတပ် (TNLA) ၏ ပြန်ကြားရေးဋ္ဌာနမှူး မိုင်အိုက်ကျော်က ပြောသည်။

အပစ်ရပ်လက်မှတ်ထိုးရေးမှာ အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောထားများပေါ်တွင်သာ မူတည်သည်ဟု KIA/KIO ကချင်လွတ်မြောက်ရေးတပ် ပြောခွင့်ရပုဂ္ဂိုလ်ဦးဒေါင်းခါးက ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ရဲ့ ဖက်ဒရယ်နိုင်ငံရေး တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်တာတွေ ရှိတယ်။
ဒီအပေါ်မှာ အစိုးရက ဘယ်လောက်ထိ လိုက်လျောမှု လုပ်နိုင်မလဲ ဆိုတာ သူတို့ရဲ့ အခက်အခဲဖြစ်တယ်။ ဒါကြောင့် ကြန့်ကြာနေတာပါ” ဟု ဦးဒေါင်းခါးက ပြောသည်။

လဆန်းပိုင်းတွင် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က နေပြည်တော် ဗိုလ်ရှုခံသဘင် တက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ထိုသို့ တွေ့ဆုံကြရာတွင် KIAနှင့်TNLA ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပေ။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIAနှင့်TNLA ထိန်းချုပ်ဒေသများတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။

အစိုးရတပ်သည် TNLA နှင့် ယခု လဆန်းပိုင်းတွင် ၃ကြိမ် တိုက်ခဲ့ပြီး၊ ကြာသပတေးနေ့က ဖားကန့်ဒေသတွင် KIA နှင့် တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လိုလားကြောင်း ပြောဆိုသံများ ထွက်လာနေစဉ်မှာပင် ကချင်ဒေသတွင် သစ်ခိုးထုတ်မှု ပြဿနာ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို KIA က မကြာသေးခင်က ဖမ်းဆီးသွားခြင်းကဲ့သိုသော ထူးခြား ဖြစ်စဉ်များ ပေါ်ပေါက် လာပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၂ရက်နေ့က သမ္မတအိမ်တော်တွင် ကျင်းပသည့် ၄၈ ဦး တွေ့ဆုံပွဲ တွင် ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ရေး အကြောင်းအရာကို သမ္မတက ထပ်မံ ပြောကြားခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“သူတို့ (အစိုးရ)ဘက်ကတော့ ငြိမ်းချမ်းရေးလိုလားနေတယ်ဆိုတာ ထင်ရှား တယ်လေ။ လတ်မှတ်ထိုးချင်နေတာလည်း ထင်ရှားတယ်။ ကျန်တဲ့အဖွဲ့တွေ ထိုးလိုက်ရင် မထိုးဘဲကျန်နေတဲ့နှစ်ဖွဲ့ (KIA နှင့် TNLA) ကလည်း ပါလာလိမ့်မယ်ဆိုပြီးတော့ ဆွေးနွေးတဲ့လူတွေလည်း ရှိပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

The Yangon Globe
ပြည်ထောင်စုနေ့အမီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုသည်ဟု သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် တို့က ကြေညာထားသော်လည်း တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း အစိုးရစစ်တပ်နှင့် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေသည့် ကချင် နှင့် ပလောင် တိုင်းရင်းသားတပ်ဖွဲ့တို့က ဗုဒ္ဒဟူးနေ့တွင် ပြောလိုက်သည်။

“အစိုးရဘက်ကတော့ ဘာမှကြိုတင်ညှိုနှိုင်းထားတာမျိုးတော့ မရှိသေးဘူး။ သူတို့ ကမ်းလှမ်း လာတဲ့ အပေါ်ကို အခြေအနေကြည့်ပြီးမှ လုပ်ရမှာဖြစ်ပါတယ်” ဟု တအာင်းလွတ်မြောက်ရေးတပ် (TNLA) ၏ ပြန်ကြားရေးဋ္ဌာနမှူး မိုင်အိုက်ကျော်က ပြောသည်။

အပစ်ရပ်လက်မှတ်ထိုးရေးမှာ အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောထားများပေါ်တွင်သာ မူတည်သည်ဟု KIA/KIO ကချင်လွတ်မြောက်ရေးတပ် ပြောခွင့်ရပုဂ္ဂိုလ်ဦးဒေါင်းခါးက ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ရဲ့ ဖက်ဒရယ်နိုင်ငံရေး တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်တာတွေ ရှိတယ်။ ဒီအပေါ်မှာ အစိုးရက ဘယ်လောက်ထိ လိုက်လျောမှု လုပ်နိုင်မလဲ ဆိုတာ သူတို့ရဲ့ အခက်အခဲဖြစ်တယ်။ ဒါကြောင့် ကြန့်ကြာနေတာပါ” ဟု ဦးဒေါင်းခါးက ပြောသည်။

လဆန်းပိုင်းတွင် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က နေပြည် တော် ဗိုလ်ရှုခံသဘင် တက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ထိုသို့ တွေ့ဆုံကြရာတွင် KIAနှင့်TNLA ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပေ။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIAနှင့်TNLA ထိန်းချုပ်ဒေသများတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။

အစိုးရတပ်သည် TNLA နှင့် ယခု လဆန်းပိုင်းတွင် ၃ကြိမ် တိုက်ခဲ့ပြီး၊ ကြာသပတေးနေ့က ဖားကန့် ဒေသတွင် KIA နှင့် တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လိုလားကြောင်း ပြောဆိုသံများ ထွက်လာနေစဉ်မှာပင် ကချင်ဒေသတွင် သစ်ခိုးထုတ်မှု ပြဿနာ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို KIA က မကြာသေးခင်က ဖမ်းဆီးသွားခြင်းကဲ့သိုသော ထူးခြား ဖြစ်စဉ်များ ပေါ်ပေါက် လာပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၂ရက်နေ့က သမ္မတအိမ်တော်တွင် ကျင်းပသည့် ၄၈ ဦး တွေ့ဆုံပွဲ တွင် ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ရေး အကြောင်းအရာကို သမ္မတက ထပ်မံ ပြောကြားခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“သူတို့ (အစိုးရ)ဘက်ကတော့ ငြိမ်းချမ်းရေးလိုလားနေတယ်ဆိုတာ ထင်ရှား တယ်လေ။ လတ်မှတ် ထိုးချင်နေတာလည်း ထင်ရှားတယ်။ ကျန်တဲ့အဖွဲ့တွေ ထိုးလိုက်ရင် မထိုးဘဲကျန်နေတဲ့နှစ်ဖွဲ့ (KIA နှင့် TNLA) ကလည်း ပါလာလိမ့်မယ်ဆိုပြီးတော့ ဆွေးနွေးတဲ့လူတွေလည်း ရှိပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

The Yangon Globe

No comments:

Post a Comment