Thursday 22 January 2015

မန်းရွှေစက်တော် သွားလာရေး အတွက် အဆင်ပြေရန် လမ်းများ တိုးချဲ့

မန်း ရွှေစက်တော်ရာ ဘုရားပွဲတွင် သီးသန့် ယာဉ်ရပ်နား ကွင်းများ ထားရှိ သွားမည် ဖြစ်ပြီး ယခင် တစ်လမ်း မောင်းလမ်း များအား နှစ်လမ်း မောင်းအဖြစ် တိုးချဲ့ ပြင်ဆင် ထားကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကဖွဲ့ အမှ The Messenger Media  သို့ ပြောသည်။

ယခုနှစ် ရွှေစက်တော် ဘုရားပွဲတွင် ဘုရားဖူးများ အဆင်ပြေစွာ သွားလာ နိုင်ရန် အတွက် ပုသိမ်-မုံရွာလမ်းမှ ရွှေစက်တော်သို့ သုံးမိုင်လမ်း ခရီးအား ယခင် တစ်လမ်းမောင်းမှ နှစ်လမ်းမောင်း အဆင့်သို့ တိုးချဲ့ ပြင်ဆင် ထားပြီး ဘုရားပွဲတော် အ၀င် လှေတင်ဆိပ် တံတားနှင့် မုခ်ဦး တံတားအား အသွားအပြန် နှစ်ခု တည်ဆောက် ထားကြောင်း သိရှိရသည်။

မန်းရွှေစက်တော်ရာ ဘုရားကြီး၏ ယခင် ရဟတ်ယာဉ် ရပ်နားရာ ကွင်းပြင်တွင် သီးသန့် ယာဉ်ရပ်နားကွင်း အဖြစ် သတ်မှတ် ထားပြီး၊ ယခင် ကားရပ်နားရာ ကွင်းအား ဆိုင်ကယ် ရပ်နားရာ ကွင်းအဖြစ် သီးသန့် သတ်မှတ် ထားကြောင်း ဂေါပက အဖွဲ့က ဆိုသည်။ ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော် ခြေတော်ရာ ဖွင့်ပွဲ အခမ်းအနားကို ယခု လ (၂၄) ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ပြီး၊ ဧပြီ လ (၁၇) ရက်နေ့အထိ စည်ကား သိုက်မြိုက် စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Messenger News Journal 

No comments:

Post a Comment