Thursday 22 January 2015

မက်ဆီနှင့်မိမိအကြား ပြိုင်ဆိုင်မှုများမှာကြီးမားလွန်းကြောင်း စီရော်နယ်ဒို ဖွင့်ဟ

Photo: မက်ဆီနှင့်မိမိအကြား ပြိုင်ဆိုင်မှုများမှာကြီးမားလွန်းကြောင်း စီရော်နယ်ဒို ဖွင့်ဟ
Thursday, January 22, 2015

၂၀၁၄ခုနှစ်အတွက် ကမ္ဘာ့အ ကောင်းဆုံးကစားသမားဖြစ်သူ စီရော်နယ်ဒိုက လာလီဂါပြိုင်ဘက် ဘာစီလို နာအသင်း၏ တိုက်စစ်မှူးဖြစ်သူ မက်ဆီနှင့် မိမိအကြား အောင်မြင်မှုများ အတွက် ပြိုင်ဆိုင်မှုများမှာ ကြီးမားလွန်းကြောင်း၊ ပုဂ္ဂိုလ်ရေးအရ တစ်ဦးချင်း ပြိုင်ဆိုင်မှုများမှတစ်ဆင့် အသင်းအ ချင်းချင်းပြိုင်ဆိုင်မှုများ ပိုမိုကြီးမားလာ ခြင်းဖြစ်ကြောင်း စပိန်နာမည်ကြီး သတင်းစာ AS သို့ ဖွင့်ဟပြောကြား သွားခဲ့သည်။

''လက်ရှိအချိန်မှာ အကောင်း ဆုံးဆုကို သုံးကြိမ်ရရှိခဲ့ပြီးဖြစ်လို့ မက်ဆီရဲ့စံချိန်ကို အမီလိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မက်ဆီနည်းတူ ပြိုင်ဘက် အသင်းသားတွေကို ကျော် ဖြတ်နိုင်ဖို့အတွက် ဘယ်ခြေကန်ချက်တွေ၊ အလွတ်တည်ကန်ဘော တွေကို တိကျစေဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာ ဝန်ခံပါတယ်။ မက်ဆီနဲ့ကြားက ပြိုင်ဆိုင်မှုက ကြီးမားသလို ယင်းပြိုင်ဆိုင်မှုတွေ က သက်ဆိုင်ရာအသင်းတွေပေါ် အကျိုးသက်ရောက်မှုတွေရှိပါတယ်''ဟု စီရော် နယ်ဒိုက ဖွင့်ဟပြောကြားခဲ့သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် ၂၀၀၈ နောက်ပိုင်းမှစ၍ ၂၀၁၄ခုနှစ်အထိ ကမ္ဘာ့အကောင်းဆုံးဆုကို အလှည့်ကျ ရယူနိုင်ခဲ့ကြသည်။

WKM
Democracytoday
၂၀၁၄ခုနှစ်အတွက် ကမ္ဘာ့အ ကောင်းဆုံးကစားသမားဖြစ်သူ စီရော်နယ်ဒိုက လာလီဂါပြိုင်ဘက် ဘာစီလို နာအသင်း၏ တိုက်စစ်မှူးဖြစ်သူ မက်ဆီနှင့် မိမိအကြား အောင်မြင်မှုများ အတွက် ပြိုင်ဆိုင်မှုများမှာ ကြီးမား လွန်းကြောင်း၊ ပုဂ္ဂိုလ်ရေးအရ တစ်ဦးချင်း ပြိုင်ဆိုင်မှုများမှတစ်ဆင့် အသင်းအ ချင်းချင်းပြိုင်ဆိုင်မှုများ ပိုမိုကြီးမားလာ ခြင်းဖြစ်ကြောင်း စပိန်နာမည်ကြီး သတင်းစာ AS သို့ ဖွင့်ဟပြောကြားသွားခဲ့သည်။

''လက်ရှိအချိန်မှာ အကောင်း ဆုံးဆုကို သုံးကြိမ်ရရှိခဲ့ပြီးဖြစ်လို့ မက်ဆီရဲ့စံချိန်ကို အမီလိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မက်ဆီနည်းတူ ပြိုင်ဘက် အသင်းသားတွေကို ကျော် ဖြတ်နိုင်ဖို့အတွက် ဘယ်ခြေ ကန် ချက်တွေ၊ အလွတ်တည်ကန်ဘော တွေကို တိကျစေဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာ ဝန်ခံပါတယ်။ မက်ဆီနဲ့ ကြားက ပြိုင်ဆိုင်မှုက ကြီးမားသလို ယင်းပြိုင်ဆိုင်မှုတွေ က သက်ဆိုင်ရာအသင်းတွေပေါ် အကျိုး သက်ရောက်မှု တွေရှိပါတယ်''ဟု စီရော် နယ်ဒိုက ဖွင့်ဟပြောကြားခဲ့သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် ၂၀၀၈ နောက်ပိုင်းမှစ၍ ၂၀၁၄ခုနှစ်အထိ ကမ္ဘာ့အကောင်းဆုံးဆုကို အလှည့် ကျ ရယူနိုင်ခဲ့ကြသည်။

WKM
‎Democracytoday‬

No comments:

Post a Comment