Friday 18 July 2014

သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းသည် အာဏာရှင်ဆန်ဆန် ဖိနှိပ်သည့်ပုံစံဖြစ်နေကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးမှာ နောက်ပြန်ဆုတ်သွားနိုင်ကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဇွန် ၂၇ ရက်က သူရဦးရွှေမန်းနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်)
အမေရိကန်အစိုးရ လူ့အခွင့်အရေးထိပ်တန်းအရာရှိတစ်ဦးက မြန်မာနိုင်ငံသည် အာဏာရှင်ဆန်ဆန် ဖိနှိပ် သည့် ပုံစံ ကျင့်သုံးနေကြောင်း မြန်မာအစိုးရမှ အပတ်စဉ်ထုတ်ဂျာနယ်က ဂျာနယ်လစ်ငါးဦးကို အငြင်း ပွား ဖွယ် ဓာတုလက်နက်စက်ရုံတစ်ခုအကြောင်း ထုတ်ဖော်ရေးသားမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ် ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က AP သတင်းဌာနနှင့် အင်တာဗျူး၌ ယခုကဲ့သို့ မှတ်ချက်ပေးခြင်းသည် ယူနတီဂျာနယ် စီရင်ချက်ချမှတ်ပြီးနောက်ပိုင်း အမေရိကန်၏ အပြင်းထန်ဆုံးဝေဖန်မှုဖြစ်သည်။

ယခုစီရင်မှုသည် အမေရိကန်သမ္မတ အိုဘားမားအစိုးရ၏ မြန်မာ့ဒီမိုကရေစီအရေးပြောင်းလဲမှုအပေါ် အရေး ကြီးသော နိုင်ငံရေးပေါ်လစီအနေဖြင့် ရှုမြင်ထားမှုအပေါ်အထိနာစေသည်ဟုလည်း ပြောကြားခဲ့ သည်။

“ဒီလို ဂျာနယ်လစ်တွေကို သတင်းတစ်ပုဒ်ရေးသားဖော်ပြလို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချတာဟာ ဘယ်လိုပဲသတင်းအရည်အသွေးကိုပဲ ကြည့်ကြည့်၊ သတင်းရဲ့မှန်ကန်မှုကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့ လက္ခဏာ တစ်ခု မဟုတ်ပါဘူး”ဟု Malinowski ပြောကြားခဲ့သည်။

Malinowski က အမေရိကန်သည် နှစ်ပေါင်း ၅ဝ ကြာအောင် စစ်အာဏာရှင်လက်အောက်တွင် ကျရောက်ခဲ့ရသော မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများဖြစ်ပေါ်လာအောင် လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရ သော မြန်မာအစိုးရနှင့် ဆက်ဆံရေးကို ဆက်လက်ထူထောင်မည့်အကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သောသုံးနှစ်ကျော်က ဖိနှိပ်သော စစ်အစိုးရ အာဏာစွန့်ပြီးနောက်ရရှိလာသော သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန် တိုက်တွန်းခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီအပြောင်းအလဲနှင့်  ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ယုံကြည်မှုကို ရရှိစေကြောင်း ဖော်ပြထားသည်။

Malinowski က မြန်မာအစိုးရကို အမှုအားပြန်လည်သုံးသပ်ရန်နှင့်မည့်သည့်သတင်းသမားကိုမဆို သတင်း ရယူခြင်းကြောင့် အဖမ်းခံထားရမှုမှ လွှတ်ပေးရန်တိုက်တွန်းခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်းသည် ဒီနှစ်အပိုင်းအခြားအတွင်း အရေးပါသောဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။ ဒီလို ကိစ္စမျိုးပြန်ဖြစ်ခဲ့ရင် ဒါဟာ ကံမကောင်းမှုတစ်ခုပါ”ဟု Malinowski က ဆိုသည်။

Malinowski သည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး အစိုးရတာဝန်ရှိသူများ၊ ထိပ် တန်း တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်သတင်းလွတ်လပ်ခွင့်ကို တင်ပြဆွေးနွေးခဲ့ပြီး မီဒီယာ များက စာနယ်ဇင်းကျင့်ဝတ်ကိစ္စနှင့် တာဝန်မဲ့သတင်းရေးသားမှုများအပေါ် ကိုင်တွယ်ရာတွင် အာဏာရှင် ဆန်သော နည်းစနစ်မျိုးမသုံးဘဲ ဥပဒေနှင့်အညီ ကိုင်တွယ်ရေး အမေရိကန်က အလေးအနက်ပြောဆို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“သတင်းသမားတွေကို ဖမ်းဆီးတာမျိုးနဲ့ ခင်ဗျားတို့က တုံ့ပြန်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ခင်ဗျားတို့ အတွက် အကျိုးမရှိတဲ့ အရင်ခေတ်မြန်မာနိုင်ငံနဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံမျိုးကို နောက်ပြန်ဆုတ်သွား မှာပဲ”ဟု ၎င်းက  ပြောကြားသည်။

အမေရိကန်ဥပဒေပြုအမတ်များမှ မြန်မာနိုင်ငံတွင် ဖြစ်ပျက်လာသော လူအသေအပျောက်ရှိသော လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်လာမှုနှင့်စစ်တပ်က လွှမ်းမိုးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မရေရာမသေချာမှုများကြောင့် အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှု များကို ဖယ်ရှားခြင်းနှင့် အကူအညီပေးခြင်းများသည် အလျင်စလိုနိုင်သလား ဆိုသောမေးခွန်း ထုတ်မှုများ  ရှိခဲ့ကြောင်း သိရသည်။

Malinowski က မြန်မာနိုင်ငံသည် ပြု ပြင်ပြောင်းလဲရေးလမ်းကြောင်းမှ နောက်ဆုတ်သွားသည်ဟု မထ င်ကြော င်း၊ အခြေခံကျသောဥပဒေနှင့်ဖွဲ့စည်းပုံဆိုင်ရာပြောင်းလဲမှုများအတွက် ပိုပြီးခက်ခဲသော အဆင့်ကို ရောက်ရှိနေကြောင်း၊ ပွင့်လင်းမြင်သာမှုရှိသော်လည်း စာအုပ်များပေါ်မှ ဥပဒေများသည် ဖိနှိပ်ခံကာလများ ကဲ့သို့ နောက်ကြောင်း ပြန်ဆွဲနေကြောင်း၊ ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို တရားစွဲဆို ခံရအောင်ဖြစ်နေကြောင်း ပြောကြားသည်။

အမေရိကန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအလှည့်အပြောင်းအတွက် အဓိကကျ သော ၂ဝ၁၅ ရွေးကော က် ပွဲ မတိုင်ခင် ပြုပြင်ပြောင်းလဲရေးများ အရှိန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းအားပေးနေမှာဖြစ်ကြောင်း Malinowski က ပြောကြားသည်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် နှင့် သတင်းထောက်လေးဦးတို့သည် ကိုလိုနီခေတ် နိုင်ငံတော် လုံခြုံရေး အက်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံရပါသည်။ မြန်မာအာဏာပိုင်များသည် ယင်းဖမ်းဆီးအရေးယူ မှုကို နိုင်ငံတော်လုံခြုံရေးအရဟုဆိုကာ ကာကွယ်ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ယခုလိုအရေးယူမှုသည် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် မြန်မာဂျာနယ်လစ်များအကြားတွင် သတိပေး တပ် လှန့် သလိုဖြစ်သွားကြောင်း၊ ရဲများသည် ရန်ကုန်တွင် ယူနတီဂျာနယ်စီရင်ချက်ကို မကျေနပ်ကြောင်း အေးချမ်းစွာ ဆန္ဒပြကြသည့် သတင်းသမားများကိုလည်း အမှုဖွင့်ခဲ့ကြောင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည် ခွင့်ဥပဒေကို ချိုးဖောက်မှုဖြင့် စွဲချက်များရင်ဆိုင်ရပြီး ခြောက်လထောင်ဒဏ်ကျခံရနိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

David Mathieson လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch) ၏ ထိပ်တန်းမြန်မာ့ အရေး ကျွမ်းကျင်သူက ယခုနှစ်အတွင်းပြဌာန်းလိုက်သော ဥပဒေအသစ်များသည် မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ထားပြီး လုပ်ကြံဖန်တီးထားသော ပြစ်ချက်များဖြင့် ဂျာနယ်လစ်များကို စစ်ဆေးသောအမှုများလည်း ရှိခဲ့ကြောင်း ဆိုသည်။

Eleven Media Group 

No comments:

Post a Comment