Thursday 22 January 2015

ဒေါ်ခင်ဝင်း သေဆုံးသည့် (၁) လပြည့် အဖြစ် ၀မ်ပေါင်ရုံး အနီး ခေါင်းတလား မီးရှို့ကာ ဆန္ဒထုတ်ဖော်

Photo: ဒေါ်ခင်ဝင်း သေဆုံးသည့် (၁) လပြည့် အဖြစ် ၀မ်ပေါင်ရုံး အနီး ခေါင်းတလား မီးရှို့ကာ ဆန္ဒထုတ်ဖော်
Thursday, January 22, 2015 

ခြံစည်းရိုး ခတ်စဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိ မှန်ကာ သေဆုံး သွားသည့် ဒေါ်ခင်ဝင်း သေဆုံးမှု (၁) လပြည့် အဖြစ် ဒေသခံ (၁၀၀) ကျော်တို့မှ ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်တွင် မြန်မာ ၀မ်ပေါင်ရုံး အနီးသို့ သွားရောက်ကာ ဦးပိုင် ၀မ်ပေါင် တံဆိပ်ကပ် ထားသည့် ခေါင်တလား တစ်ခုအား မီးရှို့ကာ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ် ခဲ့သည်။ယင်းသို့ ဆန္ဒ ထုတ်ဖော်မှုကို မိုးကြိုးပြင် ကျေးရွာ ဒေါ်ခင်ဝင်း နေအိမ်မှ စတင်ကာ သေဆုံးသူ အုတ်ဂူအား ဦးညွတ်ပြီး ပုသိမ်မုံရွာ လမ်းမကြီး တစ်လျောက် ဦးပိုင် ၀မ်ပေါင် တံဆိပ်ကပ် ထားသည့် ခေါင်းတလား တစ်ခုအား ဒေသခံများမှ ထမ်းကာ ဒေါ်ခင်ဝင်း အမှုမှန် ပေါ်ပေါက်ရေးနှင့် ဦးပိုင် ၀မ်ပေါင် ကျဆုံးရေးတို့ အတွက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။အမေ သေဆုံးခဲ့ တာကို အခုချိန်ထိ မယုံနိုင် ပါဘူး။ တစ်လပြည့်သွား ပါပြီ။ အမေ့ကို ရက်ရက် စက်စက် ပစ်သတ်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ပေး စေချင် ပါတယ်။

ဦးပိုင် နဲ့ ၀မ်ပေါင်ကို ဘယ်တော့ မကျေနပ်ဘူး။ ရဲတပ်ဖွဲ့ ဝင်တွေ ကိုလည်း လူသတ်ကောင် တွေလို့ မြင်နေမိတယ်။ အခုချိန် အထိ အမှန်တရား မပေါ်ပေါက် သေးဘူး ဟု သေဆုံးသူ ဒေါ်ခင်ဝင်း၏ သမီးကြီး ဖြစ်သူ မ၀င်းခိုင်က ပြောသည်။ ဆန္ဒ ထုတ်ဖော်မှုကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ သောကြောင့် ယင်းနေရာ မှာပင် ခေါင်းတလားကို မီးရှို့ကာ ဆန္ဒ ထုတ်ဖော် ခဲ့သည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်မှူတွင် ဒေါ်ခင်ဝင်း သမီး ဖြစ်သူက ပိတ်ပင် တားဆီး နေသည့် ရဲတပ်ဖွဲ့ ဝင် များအား တရားခံ ဖော်ထုတ်ပေးရန် အတွက် ငိုကြွေးကာ တောင်းဆိုခဲ့သည်။ စီတန်းချင်တယ် ဆိုရင်တော့ ဘယ်လို နေနေ ခွင့်ပြုချက် တင်ရင်ပေးနေ ပါတယ်။ အခုဟာက ခွင့်ပြုမိန့်လည်း မတင် ထားဘူး။ အများ ပြည်သူပိုင် ပုသိမ်မုံရွာ လမ်းမကြီး ပေါ်မှာ ခေါင်းတလားကို မီးရှို့တော့ လမ်းမကြီး ဥပဒေနဲ့လည်း ငြိစွန်းပါတယ်။ ဒါကြောင့် ဥပဒေ အရပဲ ဆက်လက် လုပ်ဆောင် သွားမယ် ဟု ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ မှူး ဦးတင်မိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကြေးနီ စီမံကိန်းကြီး အ တွင်း ခြံစည်းရိုး ခတ်ရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့ ဝင်များ အကြား ပဋိပက္ခ ဖြစ် ပွားခဲ့ပြီး ရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ဒေသခံ ဖြစ်သူ ဒေါ်ခင်ဝင်း သေနတ် ကျည် ထိ မှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။

Messenger News Journal
ခြံစည်းရိုး ခတ်စဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိ မှန်ကာ သေဆုံး သွားသည့် ဒေါ်ခင်ဝင်း သေဆုံးမှု (၁) လပြည့် အဖြစ် ဒေသခံ (၁၀၀) ကျော်တို့မှ ယမန်နေ့ နေ့လယ် (၁) နာရီ အချိန် တွင် မြန်မာ ၀မ်ပေါင်ရုံး အနီးသို့ သွားရောက်ကာ ဦးပိုင် ၀မ်ပေါင် တံဆိပ်ကပ် ထားသည့် ခေါင်တလား တစ်ခုအား မီးရှို့ကာ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ် ခဲ့သည်။
ယင်းသို့ ဆန္ဒ ထုတ်ဖော်မှုကို မိုးကြိုးပြင် ကျေးရွာ ဒေါ်ခင်ဝင်း နေအိမ်မှ စတင်ကာ သေဆုံးသူ အုတ်ဂူအား ဦးညွတ်ပြီး ပုသိမ်မုံရွာ လမ်းမကြီး တစ်လျောက် ဦးပိုင် ၀မ်ပေါင် တံဆိပ်ကပ် ထားသည့် ခေါင်းတလား တစ်ခုအား ဒေသခံများမှ ထမ်းကာ ဒေါ်ခင်ဝင်း အမှုမှန် ပေါ်ပေါက်ရေးနှင့် ဦးပိုင် ၀မ်ပေါင် ကျဆုံးရေးတို့ အတွက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။အမေ သေဆုံးခဲ့ တာကို အခုချိန်ထိ မယုံနိုင် ပါဘူး။ တစ်လပြည့်သွား ပါပြီ။ အမေ့ကို ရက်ရက် စက်စက် ပစ်သတ်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ပေး စေချင် ပါတယ်။

ဦးပိုင် နဲ့ ၀မ်ပေါင်ကို ဘယ်တော့ မကျေနပ်ဘူး။ ရဲတပ်ဖွဲ့ ဝင်တွေ ကိုလည်း လူသတ်ကောင် တွေလို့ မြင်နေမိတယ်။ အခုချိန် အထိ အမှန်တရား မပေါ်ပေါက် သေးဘူး ဟု သေဆုံးသူ ဒေါ်ခင်ဝင်း၏ သမီးကြီး ဖြစ်သူ မ၀င်းခိုင်က ပြောသည်။ ဆန္ဒ ထုတ်ဖော်မှုကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ သောကြောင့် ယင်းနေရာ မှာပင် ခေါင်းတလားကို မီးရှို့ကာ ဆန္ဒ ထုတ်ဖော် ခဲ့သည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်မှူတွင် ဒေါ်ခင်ဝင်း သမီး ဖြစ်သူက ပိတ်ပင် တားဆီး နေသည့် ရဲတပ်ဖွဲ့ ဝင် များအား တရားခံ ဖော်ထုတ်ပေးရန် အတွက် ငိုကြွေးကာ တောင်းဆိုခဲ့သည်။ စီတန်းချင်တယ် ဆိုရင်တော့ ဘယ်လို နေနေ ခွင့်ပြုချက် တင်ရင်ပေးနေ ပါတယ်။ အခုဟာက ခွင့်ပြုမိန့်လည်း မတင် ထားဘူး။ အများ ပြည်သူပိုင် ပုသိမ်မုံရွာ လမ်းမကြီး ပေါ်မှာ ခေါင်းတလားကို မီးရှို့တော့ လမ်းမကြီး ဥပဒေနဲ့လည်း ငြိစွန်းပါတယ်။ ဒါကြောင့် ဥပဒေ အရပဲ ဆက်လက် လုပ်ဆောင် သွားမယ် ဟု ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ မှူး ဦးတင်မိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကြေးနီ စီမံကိန်းကြီး အ တွင်း ခြံစည်းရိုး ခတ်ရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့ ဝင်များ အကြား ပဋိပက္ခ ဖြစ် ပွားခဲ့ပြီး ရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ဒေသခံ ဖြစ်သူ ဒေါ်ခင်ဝင်း သေနတ် ကျည် ထိ မှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။

Messenger News Journal 

No comments:

Post a Comment