Thursday 13 September 2012

SAMSUNG က iPhone5 နဲ့ပက်သတ်ပြီး Apple ကို တရားစွဲရန် ပြင်ဆင်

Samsung ကုမ္ပဏီဟာ အသစ် ထွက်ရှိလာ တော့မယ့်  4G network ချိတ်ဆက် အသုံးပြုနိုင်သော iPhone5 ထုတ်လုပ် မှုနဲ့ပက်သက်ပြီး Apple ကုမ္ပဏီကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါပြီ။


Korea Times မှ သတင်းထုတ်ပြန် ချက်အရ smartphones ၊ notebooks ၊ tablets တွေနဲ့ netbooks စတာတွေမှာ ချိတ်ဆက် အသုံးပြုလို့ရတဲ့ 3G network ထက် ၁၀ ဆပိုမြန်တဲ့ 4G LTE သုံးနိုင်အောင် စီစဉ် ထုတ်လုပ်ထားမှုနှင့် ပတ်သက်ပြီး မူပိုင်ခွင့် သဘောတူ ညီချက် ချိုးဖောက်မှုပုဒ်မနဲ့ တရားစွဲ ဆိုမယ်လို့ သိရပါတယ်။ ထုတ်လုပ်ရေးဌာန ရဲ့ အတည်ပြုချက်အရ Samsung ဟာ Apple ကုမ္ပဏီကို ဥရောပနှင့် အမေရိက ဘက်မှာ ပိုပြီး ပစ်မှတ်ထား ဦးတည် နေတယ်လို့ သိရှိရပါတယ်။ 



Samsung မှပြောရေး ဆိုခွင့်ရှိသူ တစ်ဦးကတော့ တရားစွဲဆိုမယ့် ကိစ္စနဲ့ပက်သက်ပြီး သူ့ရဲ့သဘော ထားကို ထုတ်ဖော် ပြောကြားဖို့ ငြင်းဆို ခဲ့တယ်လို့ သိရပါတယ်။  Apple ဟာ သူ့ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ San Francisco မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အခုထွက်ရှိမယ့် ဖုန်းအသစ်မှာတော့ March လတုန်းက ထွက်ရှိခဲ့တဲ့ iPad3 မှာပါဝင်တဲ့ function ဖြစ်တဲ့ 4G wireless ချိတ်ဆက် အသုံးပြုလို့ရမယ် ဆိုတာက အတော်လေးကို သဘော ကျစရာ ကောင်းပါတယ်။


ဘာပဲဖြစ်ဖြစ် Samsung ဟာ Apple နဲ့ဈးကွက်ချင်း ယှဉ်ရာမှာ သူ့အတိုင်း အတာနဲ့ သူအောင်မြင်နေ ပါတယ်။ အရင် လကတော့ Samsung ဟာ Apple မူပိုင်ခွင့်ကို ချိုးဖောက်ပြီး ဖုန်းရဲ့ အပြင်ဒီဇိုင်းရော၊ user interfaces တွေကိုပါ ပုံစံတူ လုပ်ထားတယ် ဆိုတဲ့ စွဲဆိုချက်နှင့် အတူ Apple ဟာ Califonia တရားခွင်မှာ Samsung ကုမ္ပဏီမှ ဒေါ်လာ ၁ဘီလီယံ အလျော်ရရှိ ခဲ့ပါသေးတယ်။ 

အဲ့ဒီလ ကုမ္ပဏီနှစ်ခု အင်အားပြိုင် တိုက်ခိုက်မှု တွေကတော့ မရပ်တန့် နေပါဘူး။ Samsung ဟာ Apple ကုမ္ပဏီက သူ့ရဲ့ကုန်ပစ္စည်း သစ်နှစ်မျိုးဖြစ်တဲ့ Galaxy SIII နှင့် Galaxy Note တွေအကြောင်းနဲ့ ပက်သက်ပြီး ပြောဆို တိုင်ကြားထားမှု တွေကို ပြန်လည်ပြောင်းလဲ ပြောကြား စေဖို့အတွက် ထုတ်ဖော် ပြောကြားလိုတဲ့ သဘောအနေနှင့် ဒီတရားစွဲဆိုဖို့ ဒီတနင်္ဂနွေမှာ အပြီးသတ် ဆုံးဖြတ်ချက်ချ ခဲ့တာဖြစ်ပါတယ်။  

No comments:

Post a Comment