Thursday 22 January 2015

အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးရာတွင် ပရိသတ်နှင့်ရဲများ ခိုက်ရန်ဖြစ်ပွား

Photo: အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးရာတွင် ပရိသတ်နှင့်ရဲများ ခိုက်ရန်ဖြစ်ပွား
Thursday, January 22, 2015

အီကွေတိုရီရယ်လ်ဂီနီနိုင်ငံတွင် ကျင်းပနေသော အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ကြည့်ရှုအားပေးရန် အာဖရိကတိုက် တစ်လွှားမှ ရောက်ရှိနေကြသည့် ဘောလုံးပရိသတ်များသည် ဘောလုံးကွင်းပြင်ပတွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိန်းချုပ်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေခြင်းကို လွန်စွာ စိတ်ဆိုးဒေါသထွက်နေကြလျက် ရှိကာ ဇမ်ဘီယာနှင့် ဒီအာရ်ကွန်ဂိုတို့ တစ်ဂိုးစီ သရေကျခဲ့ကြသည့် ပွဲစဉ်မတိုင်မီတွင် ကွင်းပြင်ပ၌ ပရိသတ်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများအကြား ခိုက်ရန်ဖြစ်ပွားမှုများပင် ပေါ်ပေါက်ခဲ့ကြောင်း AFP က ဖော်ပြထားသည်။

ဘောလုံးပရိသတ်များသည် အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးမှုများကြောင့် ကွင်းအတွင်း ဝင်ရောက်ရန် ကြန့်ကြာနှောင့်နေးမှုများ ဖြစ်ရသည်ကို မကျေမချမ်း ဖြစ်နေကြခြင်း ဖြစ်ပြီး အိုင်ဗရီကို့စ်နှင့် ဂီနီတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်တွင် ပရိသတ်အားလုံး ကွင်းအတွင်းသို့ ရောက်ရှိရန် ပွဲစတင်ပြီး ၁၅ မိနစ်ကြာသည်အထိ အီဘိုလာရောဂါ စစ်ဆေးမှုမှာ ကြာရှည်နေခဲ့သည်။

ပရိသတ်များသည် အီဘိုလာ ထိန်းချုပ်စစ်ဆေးမှု အစီအစဉ်ကို ဖြတ်သန်းရန်အတွက် ကွင်းပြင်ပရှိ အပူချိန် ၄၀ ဒီဂရီ နေရောင်အောက်တွင် နေ့စဉ် စောင့်ဆိုင်းနေကြရကာ အပူချိန်ပြင်းထန်မှုကြောင့် မူးလဲသူအချို့ပင် ရှိခဲ့သည်ကို မြင်ခဲ့ရကြောင်း ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦးက ပြန်ပြောင်း ပြောပြသွားခဲ့သည်။

အီဘိုလာရောဂါသည် ယခုအချိန်တိုင်သည်အထိ အာဖရိကတိုက်ရှိ နိုင်ငံများကို ကပ်ဆိုးတစ်ခုသဖွယ် ခြောက်လှန့်နေဆဲဖြစ်ကာ ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ ပရိသတ်များအနေနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှု အပြည့်အဝ ရရှိစေရန် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ထားရခြင်း ဖြစ်သည်ဟု အီကွေတိုရီရယ်လ်ဂီနီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အန်ဒရက်စ်ဂျော့ခ်ျ အမ္ဘြမ္ဘီယိုက တုံ့ပြန်ရှင်းလင်းထားသည်။

အီကွေတိုရီရယ်လ်ဂီနီ ဘောလုံးအဖွဲ့ချုပ်သည် အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးမှု အစီအစဉ်ကို ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

The Voice Weekly
အီကွေတိုရီရယ်လ်ဂီနီနိုင်ငံတွင် ကျင်းပနေသော အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ကြည့်ရှုအားပေးရန် အာဖရိကတိုက် တစ်လွှားမှ ရောက်ရှိနေကြသည့် ဘောလုံးပရိသတ်များသည် ဘောလုံးကွင်းပြင်ပတွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိန်းချုပ်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေခြင်းကို လွန်စွာ စိတ်ဆိုးဒေါသထွက်နေကြလျက်ရှိကာ ဇမ်ဘီယာနှင့် ဒီအာရ်ကွန်ဂိုတို့ တစ်ဂိုးစီသရေကျခဲ့ကြသည့် ပွဲစဉ်မတိုင်မီတွင် ကွင်းပြင်ပ၌ ပရိသတ်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများအကြား ခိုက်ရန်ဖြစ်ပွားမှုများပင် ပေါ်ပေါက်ခဲ့ကြောင်း AFP က ဖော်ပြထားသည်။

ဘောလုံးပရိသတ်များသည် အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးမှုများကြောင့် ကွင်းအတွင်း ဝင်ရောက်ရန် ကြန့်ကြာနှောင့်နေးမှုများ ဖြစ်ရသည်ကို မကျေမချမ်း ဖြစ်နေကြခြင်း ဖြစ်ပြီး အိုင်ဗရီကို့စ်နှင့် ဂီနီတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်တွင် ပရိသတ်အားလုံး ကွင်းအတွင်းသို့ ရောက်ရှိရန် ပွဲစတင်ပြီး ၁၅ မိနစ်ကြာသည်အထိ အီဘိုလာရောဂါ စစ်ဆေးမှုမှာ ကြာရှည်နေခဲ့သည်။

ပရိသတ်များသည် အီဘိုလာ ထိန်းချုပ်စစ်ဆေးမှု အစီအစဉ်ကို ဖြတ်သန်းရန်အတွက် ကွင်းပြင်ပရှိ အပူချိန် ၄၀ ဒီဂရီ နေရောင်အောက်တွင် နေ့စဉ် စောင့်ဆိုင်းနေကြရကာ အပူချိန်ပြင်းထန်မှုကြောင့် မူးလဲသူ အချို့ပင် ရှိခဲ့သည်ကို မြင်ခဲ့ရကြောင်း ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦးက ပြန်ပြောင်း ပြောပြသွားခဲ့သည်။

အီဘိုလာရောဂါသည် ယခုအချိန်တိုင်သည်အထိ အာဖရိကတိုက်ရှိ နိုင်ငံများကို ကပ်ဆိုးတစ်ခုသဖွယ် ခြောက်လှန့်နေဆဲဖြစ်ကာ ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ ပရိသတ်များအနေနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံ စိတ်ချရမှုအပြည့်အဝ ရရှိစေရန် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ထားရခြင်း ဖြစ်သည်ဟု အီကွေတိုရီရယ်လ်ဂီနီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အန်ဒရက်စ်ဂျော့ခ်ျ အမ္ဘြမ္ဘီယိုက တုံ့ပြန်ရှင်းလင်းထားသည်။

အီကွေတိုရီရယ်လ်ဂီနီ ဘောလုံးအဖွဲ့ချုပ်သည် အီဘိုလာရောဂါ ထိန်းချုပ်စစ်ဆေးမှု အစီအစဉ်ကို ရဲတပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment