Thursday 22 January 2015

တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ပိတ်မိနေဆိုသော သတင်း မမှန်ကြောင်း တရုတ်အစိုးရငြင်းဆို

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တရုတ်နိုင်ငံသား ရာနှင့်ချီ၍ ပိတ်မိနေသည် ဆို သောသတင်းများမှာမမှန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

တရားမ၀င်သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသားများအတွက် ဆွေးနွေး တိုင်ပင်အကူအညီများပေးရန် တရုတ်အကြံပေးအလုပ်အဖွဲ့တစ်ဖွဲ့သည် ဇန်နဝါရီ ၁၉ ရက်တွင် ကချင်ပြည် နယ် မြစ် ကြီးနားမြို့သို့ ရောက်ရှိခဲ့ကြသည်။

ထိုအဖွဲ့သည် အစိုးရတပ် မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (ကေအိုင်အေ)တို့၏ တိုက်ပွဲများ အကြား တရုတ် နိုင်ငံသား ရာနှင့်ချီ၍ ပိတ်မိနေ သည်ဆိုသော သတင်းများကို လည်း စုံစမ်းစစ်ဆေးလိမ့် မည်ဟု ဆိုသည်။

တရုတ်အလုပ်သမားအဖွဲ့ ၏ ကနဦးစုံစမ်းစစ်ဆေးမှုအရ၊ ပဋိပက္ခဧရိယာတွင် တရုတ်နိုင်ငံ သားအများ အပြား ပိတ်မိနေသည် ဆိုသောသတင်းမှာ မမှန်ကန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်အစိုးရအနေဖြင့် အ ခြေအနေကို အနီးကပ်ဆက်လက် စောင့်ကြည့်နေပြီး တရုတ်နိုင်ငံ သားများ၏ လုံခြုံရေးနှင့် တရားဝင်အခွင့်အရေးများကို ကာကွယ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။မြန်မာ၏ ခင်မင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံမြောက်ပိုင်းဒေသတွင် ထာ ၀ရငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိမည်ဟု မျှော်လင့်ကြောင်း တရုတ် က ဆိုသည်။

‘‘မြန်မာနိုင်ငံက အင်အားစု တွေအနေနဲ့ ပဋိပက္ခနဲ့ သဘော ထားကွဲလွဲ နှစ်ဖက်ပွတ်တိုက်မှု တွေကို လျှော့ ချဖို့  ကြိုးစားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တစ်ဆင့် အငြင်းပွားမှုတွေကို အဖြေရှာနိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့် ပါတယ်’’ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချောင်ယင်းက ပြောသည်။

မြန်မာပြည်သူလူထု၏ ဆန္ဒ အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို အားပေးသမှုပြုရာတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်အထောက်အကူဖြစ်စေသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ပြီး နယ်စပ်အနီး တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို ကာကွယ်ရန် မြန်မာနှင့်အတူ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

အစိုးရတပ်မတော်နှင့် ကေ အိုင်အေအကြားတွင် ဇန်န၀ါရီ ၁၄ ရက်က စတင်၍ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသည်။ တိုက်ပွဲဖြစ်ပွားနေရာ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် နယ်စပ်ချင်းထိစပ်နေသောဒေသတွင် အရပ်သား၂,၀၀၀ ခန့် ပိတ်မိနေသည့်အနက် တရုတ်နိုင်ငံသား ရာနှင့်ချီ၍ပါဝင်နေကြောင်း တရုတ်အစိုးရ ကျောထောက်ရှိသည့် ဂလိုဘယ်လ် တိုင်းမ်က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသားများတွင် ကျောက်စိမ်းကုန်သည်များ၊ ရွှေတူးသူများနှင့် သစ်ခုတ်သူများ ပါဝင်သည်ဟု ဆိုထားသည်။

7Day DAILY 

No comments:

Post a Comment