Thursday 22 January 2015

အစိုးရဝန်ထမ်းအချို့အား ဆိုက်ဘာလုံခြုံရေး သင်တန်းပေး

ပြည်တွင်းမှ ကွန်ပျူတာ အသင်းဝင်များနှင့် အစိုးရဝန်ထမ်းအချို့အား နည်းပညာဆိုင်ရာ လုံခြုံရေးအတွက် လိုအပ်သည့်လုပ် ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရန်ပြည်ပပညာရှင်များဖိတ်ခေါ်၍ သင်တန်းပို့ချမှုများ ပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။
‘‘ပြည်တွင်းမှာ နည်းပညာ ဆိုင်ရာလုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေ တိုးမြှင့်လုပ်နိုင် ဖို့အတွက် နိုင်ငံခြားသားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ရန်ကုန်မှာ ကွန်ပျူတာအသင်းဝင်တွေအတွက်နဲ့ နေပြည်တော်မှာ အစိုးရဝန်ထမ်း တွေအတွက်ဆိုပြီး နေရာနှစ်ခုမှာ သင်တန်းပို့ချပေးခဲ့ပါတယ်’’ဟု ရန်ကုန်တိုင်းကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ဆိုသည်။


နည်းပညာဆိုင်ရာ လုံခြုံရေး အတွက် သင်တန်းများပို့ချပေး ခြင်းကို ထိုင်း၊ မလေးရှားနှင့် တိုင်ပေတို့မှ နည်းပညာဆိုင်ရာ ဒါရိုက်တာများက လာရောက်သင်ကြားပေးခဲ့ပြီး လုံခြုံရေးသုံးပစ္စည်းများကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် နိုင်ငံတော်အစိုး ရအနေဖြင့် E-Government လုပ်ငန်းများနှင့် နည်းပညာဆိုင် ရာလုံခြုံရေး (Cyber Security)တို့အတွက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော် လည်း အကောင်အထည်ဖော်မှု ပိုင်းတွင် အားနည်းချက်များရှိနေ သေးကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်ထားသည်။
မြန်မာနိုင်ငံရှိ နာမည်ကြီး ဘဏ်များနှင့် ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်လုံခြုံရေးကို ထိုး ဖောက်ကြည့်ရာတွင် ဟက်ကာ များတိုက်ခိုက်၍ရသော ဝက်ဘ် ဆိုက်အမျိုးအစားတွင်ပါဝင်နေ သည်ကိုတွေ့ရကြောင်း စင်ကာပူ အခြေစိုက်နည်းပညာ လုံခြုံရေး ဆိုင်ရာ (Cyber Security)ကုမ္ပဏီ (EyeD) မှ အရာရှိတစ်ဦး က ၂၀၁၄ နှစ်လယ်တွင်ပြုလုပ်သည့် ၎င်းတို့၏ ကုမ္ပဏီမိတ် ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
7Day Daily

No comments:

Post a Comment