Thursday 22 January 2015

အမေရိကန်-ကျူးဘားဆက်ဆံရေးခေတ်သစ်စမည်ဟု ဆီနေတာများကဆို

Photo: အမေရိကန်-ကျူးဘားဆက်ဆံရေးခေတ်သစ်စမည်ဟု ဆီနေတာများကဆို
Thursday, January 22, 2015

ကျူးဘားနိုင်ငံ ဟာဗားနားမြို့သို့ ရောက်ရှိနေကြသည့် အမေရိကန် လွှတ်တော်အမတ်များနှင့်ကျူးဘား အရာရှိများ ဆွေးနွေးမှု များပြုလုပ်ခဲ့ ရာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ခေတ်သစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အ ခွင့်အလမ်းများကို နှစ်နိုင်စလုံးက ရှာ ဖွေကြရန် ပြောကြားခဲ့ကြကြောင်း AFP သတင်းက ဆိုသည်။

အဖွဲ့ဝင်ခြောက်ဦးပါဝင်သည့် ဒီမိုကရက်ပါတီကွန်ဂရက်လွှတ်တော် အမတ်များအား ဆီနေတာပက်ထ ရစ်လီဟေးက ဦးဆောင် လာခဲ့သည်။

၎င်းတို့သည် ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးဘရူနိုဂိုဒရီဂုဇ်နှင့်တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးဌာန၊ နည်းပညာ၊ ယဉ်ကျေး မှုဌာနတို့မှ အရာရှိများနှင့် တွေ့ဆုံ ခဲ့ကြသည်။

အမတ်လေးဦးနှင့်ကိုယ်စား လှယ်နှစ်ဦးတို့သည် အစိုးရနှင့်သဘော ထားကွဲနေသူများ၊ ရိုမန်ကက်သလစ် ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံ ခဲ့သည်။

ယခုလည်ပတ်ခြင်းမှာ အမေ ရိကန်နှင့်ကျူးဘားအဆင့်မြင့်ကိုယ် စားလှယ်များ ဗုဒ္ဓဟူးနှင့် ကြာသပ တေးနေ့ ဆွေးနွေးပွဲမတိုင်မီ လာ ရောက်ခြင်းဖြစ်သည်။

ယင်းက ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းမှစ၍ ကျူးဘားသို့ အမေရိကန်အဆင့်မြင့် အရာရှိများလာရောက်ခြင်းဖြစ်သည်။

ဗုဒ္ဓဟူး၊ ကြာသပတေး ဆွေးနွေး ပွဲကိုယ်စားလှယ်အဖွဲ့အား အနောက် ကမ္ဘာခြမ်းဆိုင်ရာ အမေရိကန်လက် ထောက်နိုင် ငံခြားရေးဝန်ကြီးရိုကာ တာဂျက်ကော့ဆန်က ဦးစီးမည်ဖြစ် သည်။

၎င်းသည် နှစ်ရက်အတွင်း လူ ဝင်မှုကြီးကြပ်ရေးနှင့်သံရုံးပြန်လည် ဖွင့်လှစ်ရေးကိစ္စများကို ဆွေးနွေးသွား မည်ဖြစ်သည်။
ယခုဟာ သမိုင်းဝင်ဖြစ်ပါတယ်။

မိမိတို့ကျူးဘားနဲ့ဆက်ဆံရေးရပ်ခဲ့ တာနှစ် ၅ဝရှိပြီဟု ဒီမိုကရက်ဆီနေ တာ ဒစ်ဒါဘင်က သတင်းစာရှင်းလင်း ပွဲ၌ ပြောခဲ့သည်။

ပိတ်ဆို့ရေးပေါ်လ စီမှာ အမေရိကန်ရော ကျူးဘားနှင့် ကမ္ဘာကိုပါ အကျိုးမပြုဟု အိုဘားမား က ယူဆကြောင်း ၎င်းကပြောကြား ခဲ့သည်။

အိုဘားမားအစိုးရက အမိန့် အာဏာဖြင့် ကုန်သွယ်ရေးနှင့်ခရီး သွားလာရေးပိတ်ပင်မှုများကို ဖွင့် လှစ်ပေးခဲ့သည်။

Ref : AFP
Democracytoday
ကျူးဘားနိုင်ငံ ဟာဗားနားမြို့သို့ ရောက်ရှိနေကြသည့် အမေရိကန် လွှတ်တော်အမတ်များနှင့်ကျူးဘား အရာရှိများ ဆွေးနွေးမှု များပြုလုပ်ခဲ့ ရာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ခေတ်သစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အ ခွင့်အလမ်းများကို နှစ်နိုင်စလုံးက ရှာ ဖွေကြရန် ပြောကြားခဲ့ကြကြောင်း AFP သတင်းက ဆိုသည်။

အဖွဲ့ဝင်ခြောက်ဦးပါဝင်သည့် ဒီမိုကရက်ပါတီကွန်ဂရက်လွှတ်တော် အမတ်များအား ဆီနေတာပက်ထ ရစ်လီဟေးက ဦးဆောင် လာခဲ့သည်။

၎င်းတို့သည် ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးဘရူနိုဂိုဒရီဂုဇ်နှင့်တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးဌာန၊ နည်းပညာ၊ ယဉ်ကျေး မှုဌာနတို့မှ အရာရှိများနှင့် တွေ့ဆုံ ခဲ့ကြသည်။

အမတ်လေးဦးနှင့်ကိုယ်စား လှယ်နှစ်ဦးတို့သည် အစိုးရနှင့်သဘော ထားကွဲနေသူများ၊ ရိုမန်ကက်သလစ် ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံ ခဲ့သည်။

ယခုလည်ပတ်ခြင်းမှာ အမေ ရိကန်နှင့်ကျူးဘားအဆင့်မြင့်ကိုယ် စားလှယ်များ ဗုဒ္ဓဟူးနှင့် ကြာသပ တေးနေ့ ဆွေးနွေးပွဲမတိုင်မီ လာ ရောက်ခြင်းဖြစ်သည်။

ယင်းက ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းမှစ၍ ကျူးဘားသို့ အမေရိကန်အဆင့်မြင့် အရာရှိများလာရောက် ခြင်းဖြစ်သည်။

ဗုဒ္ဓဟူး၊ ကြာသပတေး ဆွေးနွေး ပွဲကိုယ်စားလှယ်အဖွဲ့အား အနောက် ကမ္ဘာခြမ်းဆိုင်ရာ အမေရိကန်လက် ထောက်နိုင် ငံခြားရေးဝန်ကြီးရိုကာ တာဂျက်ကော့ဆန်က ဦးစီးမည်ဖြစ် သည်။

၎င်းသည် နှစ်ရက်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်သံရုံးပြန်လည် ဖွင့်လှစ်ရေးကိစ္စများကို ဆွေးနွေးသွား မည်ဖြစ်သည်။ ယခုဟာ သမိုင်းဝင်ဖြစ်ပါတယ်။

မိမိတို့ကျူးဘားနဲ့ဆက်ဆံရေးရပ်ခဲ့ တာနှစ် ၅ဝရှိပြီဟု ဒီမိုကရက်ဆီနေတာ ဒစ်ဒါဘင်က သတင်းစာရှင်း လင်း ပွဲ၌ ပြောခဲ့သည်။

ပိတ်ဆို့ရေးပေါ်လ စီမှာ အမေရိကန်ရော ကျူးဘားနှင့် ကမ္ဘာကိုပါ အကျိုးမပြုဟု အိုဘားမားက ယူဆ ကြောင်း ၎င်းကပြောကြား ခဲ့သည်။

အိုဘားမားအစိုးရက အမိန့်အာဏာဖြင့် ကုန်သွယ်ရေးနှင့်ခရီး သွားလာရေးပိတ်ပင်မှုများကို ဖွင့်လှစ်ပေးခဲ့ သည်။

Ref : AFP
Democracytoday‬

No comments:

Post a Comment