Thursday 22 January 2015

မန္တလေးတွင် ကျပ်သိန်း (၃၀၀၀) ဖြင့် မြေကွက် လိမ်လည် ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်တွင် တစ်ဦးတည်းပိုင် မြေကွက် မဟုတ်ဘဲ စည်ပင်မှ တားမြစ် ထားသော မြေကွက်ကို လိမ်လည် ရောင်းချခဲ့မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ- (၃.၁.၂၀၁၅) ရက်နေ့တွင် အောင်မြေသာစံ မြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်နေ ဒေါက်တာ ဒေါ်ခင်မြလွင် (ဘ) ဦးသန်းအောင်မှ ၄င်းရပ်ကွက်၊ အကွက် (၅၁၄/ ၈) ဦးပိုင် (၄၀-ခ)ရှိ ဒေါ်အိုက်စွမ်း အမည် ပေါက်ဂရန် မြေကွက် (၀.၀၈၈၆) အား ၎င်း တစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကာလ တန်ဖိုး ငွေကျပ်သိန်း (၃၁၅၀)ဖြင့် ရောင်းချ လိုကြောင်း ပြောဆို သဖြင့် ဒေါ်သီတာစိမ်း (၄၄) နှစ်၊ မှီခို၊ (ဘ) ဦးစိမ်းမောင်၊ အနှိပ်တော် ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူမှ ၀ယ်ယူခဲ့ကြောင်း သိရသည်။

ထိုမြေကွက်သည် ၎င်းတစ်ဦးတည်း ပိုင်ဆိုင်ခြင်း မဟုတ်ဘဲ မန္တလေးခရိုင် တရားရုံးတွင် တရားစွဲဆို ထားမှုများ ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အသိပေး တားမြစ် ထားသော မြေကွက် ဖြစ်ကြောင်း သိရ သည်။ ထို့ကြောင့် (၂၀.၁.၂၀၁၅) ရက်နေ့ (၁၂း၁၅) အချိန်တွင် ဒေါ်သီတာစိမ်းမှ တရားလို ပြုလုပ် တိုင်တန်း၍ ဒေါက်တာ ဒေါ်ခင်မြလွင်အား နမစ (အမှတ်-၁)(ပ) ၁၂/၂၀၁၅ ပြစ်မှု ပုဒ်မ (၄၂၀) အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment