Thursday 22 January 2015

ကလေးငယ်တစ်ဦးအပါအဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား၁၇ ဦးအား ထိုင်းရဲအဖွဲ့မှ ဖမ်းဆီးထား

မြန်မာ နိုင်ငံတောင်ဘက်စွန်း မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တစ်ဖက်ကမ်း ရနောင်းခရိုင် လအွန် မြို့နယ် ကီလို ၃၀ ကျေးရွာအနီးတွင် ကလေးငယ်တစ်ဦးအပါအဝင် အထောက်အထားမဲ့ မြန်မာ ရွှေ့ ပြောင်း အလုပ် သမား ၁ရဦးအား ဇန်နဝါရီ ၂၁ရက် နံနက် ၁နာရီက ထိုင်းရဲနှင့် တပ်မတော်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးလိုက် ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူများတွင် အမျိုးသား ၁၃ဦး၊ အမျိုးသမီး သုံးဦး နှင့် နှစ်နှစ်သားအရွယ် ကလေးငယ် တစ်ဦးပါဝင်ပြီး ထိုအဖွဲ့အား ရော်ဘာခြံအတွင်း သတင်းအရဝင်ရောက် စစ်ဆေးရာ အထောက်အထား မရှိသဖြင့် ဖမ်းဆီးကာ လအွန်ရဲအချုပ်ခန်းတွင် ယာယီထိန်းသိမ်းထား၍ ထိုနေ့နံနက်ပိုင်းတွင် ထိုင်းလဝက သို့ လွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း အခြေစိုက် တပ်ရင်း(၂၅)သတင်းတပ် ဖွဲ့ အရာခံဗိုလ်ဖီးရပ်ထံမှ သိရသည်။

ထိုသို့သောဖြစ်စဉ်များမှာ နှစ် နိုင်ငံနယ်စပ်အတွင်း မကြာခဏဖြစ် ပွားလေ့ရှိရာ ဖမ်းဆီးခံထားရသူများ က ၎င်းတို့ကျော်ဖြတ်လာသည့် နေရာကို ပြော ကြားလေ့မရှိသော်လည်း လက်ရှိဖမ်းဆီးခံထားရသူများမှာ မြန်မာနိုင်ငံဘက်ကမ်း ရှမ်းကိုးရွာ အုပ်စု ဖေါသုတ်ကျေးရွာမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာ သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

UK
‎Democracytoday‬

No comments:

Post a Comment