Thursday 22 January 2015

ငြိမ်းချမ်းရေးမလိုလားသှောုဗ အတွင်းမှ အုပ်စုများကြောင့် တိုက်ပွဲများ ဖြစ်ပွားနေရကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖေ့စ်ဘုတ်တွင်ရေးသား

Photo: ငြိမ်းချမ်းရေးမလိုလားသှောုဗ အတွင်းမှ အုပ်စုများကြောင့် တိုက်ပွဲများ ဖြစ်ပွားနေရကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖေ့စ်ဘုတ်တွင်ရေးသား
Thursday, January 22, 2015

အစိုးရတပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)အကြား တိုက်ပွဲများဖြစ်ပွားနေရခြင်း သည် KIA အတွင်းမှ ငြိမ်းချမ်းရေးမလို လားသော အုပ်စုများကြောင့် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်က ရေးသား ပြောဆိုလိုက်သည်။

ပြည်တွင်းသတင်းထောက်တစ်ဦး ၏ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းမှု ကို အကြောင်းပြုပြီး ၄င်း၏တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သုံးသပ် တင် ပြခဲ့ခြင်းဖြစ်သည်။

''နိုင်ငံရေးဆွေးနွေးပွဲ အရှိန်ရလာ ချိန်မှာပဲ ကချင်ပြည်နယ်ဆောက် လုပ် ရေး ဝန်ကြီးကို ခေတ္တထိန်းသိမ်းထားပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဒါ ဟာ တကယ်တော့ ကေအိုင်အေအဖွဲ့ တွင်းက အပစ်အခတ်ရပ်စဲရေးကို မလို လားတဲ့အုပ်စုများက ငြိမ်းချမ်းရေးဆွေး နွေးမှု အရှိန်ပျက်သွားအောင်၊ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ဖို့အတွက် အဟန့်အတားဖြစ်အောင် တမင်ရည်ရွယ်ပြီးလုပ်တာဆိုတဲ့ ယုံကြည် ဖို့ အကြောင်းအချက်တွေပဲ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ရေးသားထားသည်။

နိုင်ငံတော်သမ္မတသည် ပြည်တွင်း စစ်များရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေး နွေးပွဲ များ စတင်နိုင်ရန်အတွက် ဇန်နဝါရီ ၅ရက်က နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် တွေ့ဆုံ ကာ ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရန် အားလုံးဝိုင်းဝန်းကြိုးစားကြရန် တိုက် တွန်းခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ချက် ချင်းစတင်ရန်လည်း အဆိုပြုထားသည် ဟု ၄င်းကဆိုသည်။

ယင်းနောက် ဇန်နဝါရီ ၁၂ ရက် တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ အပါ အဝင် ၄၈ဦး တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ထပ်မံကျင်းပခဲ့ရာ ၄င်းဆွေး နွေး ပွဲတွင် တိုင်းရင်းသားပါတီတချို့နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတချို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အား လက်ရှိ သဘောတူထားပြီဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြင့် အရင်လက်မှတ်ရေးထိုး ကာ နိုင်ငံ ရေးဆွေးနွေး ပွဲများ အမြန်ဆုံးစတင်ရန်၊ ကေအိုင်အေလို လက်မှတ် မထိုးသေး သောအဖွဲ့များကို တံခါးဖွင့်ထားပြီး ဆက် လက်ဖိတ်ခေါ်ရန်၊ လိုအပ်လျှင် နိုင်ငံရေး ဆွေးနွေး ပွဲများသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြု ရန် စသည့်အချက်များ ကို အဆိုပြုခဲ့ကြကြောင်း ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ် က ထုတ်ဖော်ရေးသား ထားသည်။

ယင်းသို့ နိုင်ငံတော်သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူ၏ KIA အပေါ် စွပ်စွဲ ပြော ဆိုရေး သားချက်နှင့် ပတ်သက်ပြီး KIA အဖွဲ့၊ နည်းပညာ အထောက်အကူ ပြု အဖွဲ့မှ ဦးဒေါင်ခါးက ''အခု ဖားကန့်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက အရင်ကတည်း က အစိုးရတပ်မ ၆၆ က အောင် ဘာ လေကျေးရွာမှာရှိတဲ့ KIA တပ်ရင်း(၆) ကိုဖယ်ရှားဖို့ ကြိုးစားနေတာပါ။ အခု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ရဲသုံး ဦးကို KIA ကဖမ်းလိုက်တော့ သူတို့အ တွက် အကြောင်းပြချက်ပေးစရာ တစ်ခု ဖြစ်သွားတယ်။ အခုလို KIA က ဖမ်း ဆီးလိုက်တာကလဲ တပ်မတော်ရဲ့ ဗျူ ဟာမှူး တစ်ဦး တက်လာတယ်လို့ကြား တဲ့အတွက် သွားရောက်တားဆီးခဲ့ တယ်။ မမျှော်လင့်ဘဲ ဝန်ကြီးနဲ့ ရဲဝန်ထမ်းသုံးဦး ဖြစ်နေတယ်''ဟု ရန်ကုန်တိုင်းမ် သို့ ဖုန်း ဖြင့် ပြန် လည်ရှ င်းလင်းသည်။

ဦးဒေါင်ခါး၏ ပြောဆိုချက်အရ အ ပစ်ရပ်ရေးအတွက် KIA ဘက်မှ သဘော မတူနိုင်သည့် အချက်များမှာ ''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များအတိုင်း သဘောတူလက်မှတ်ထိုး ရမည့်အချက်နှင့် တည်ဆဲဥပဒေများ အတိုင်း သဘောတူသည့်အဖွဲ့များက လိုက်နာရမည်ဆိုသည့် အချက်''များသာ ဖြစ်ကြောင်း သိရသည်။ ယင်းအချက် များသည် တခြားသော နိုင်ငံရေးအင် အားစုများနှင့် လက်နက်ကိုင်တိုင်းရင်း သားများနှင့် ညှိနှိုင်းရန်ခက်ခဲနေသည့် အချက်များဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။

အထက်ပါ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ ထုတ်ဖော်ရေးသားချက်များ သည် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားစေရန်အတွက် သက်ရောက်မှု ရှိနေသော အသုံးအနှုန်း များသာ ဖြစ်နေသည်ဟု ဦးဒေါင်ခါးက သုံးသပ်သည်။

ဇန်နဝါရီ ၁၄ ရက်က ဖားကန့်-မိုး ကောင်း-မြစ်ကြီးနားလမ်းအား ကချင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မှ သွားရောက်ကြည့်ရှုလေ့လာစဉ် အ ချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)၏ တပ်မဟာ(၂) လက် အောက်ခံ တပ်ရင်း (၆)မှ ဝန်ကြီးအား ခေတ္တထိန်းသိမ်းခဲ့ပြီး လုံခြုံရေးလိုက်ပါ လာသော ရဲတပ်ဖွဲ့ဝင် သုံးဦးအား ဖမ်းဆီး ခေါ်ဆောင်သွားရာမှ ဖားကန့်ဒေသ တွင် ဇန်နဝါရီ ၁၉ ရက်အထိ နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆)မှ ဖမ်း ဆီးထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးအား ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့(PCG )ထံသို့ ဇန်နဝါရီ ၁၉ရက် ညနေပိုင်းက လွှဲပြောင်းပေးအပ်လိုက် ပြီဖြစ်သည်။ 

#TheYangonTimes
အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အကြား တိုက်ပွဲများဖြစ်ပွားနေရခြင်းသည် KIA အတွင်းမှ ငြိမ်းချမ်းရေးမလိုလားသော အုပ်စုများကြောင့်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ရေးသားပြောဆိုလိုက်သည်။

ပြည်တွင်းသတင်းထောက်တစ်ဦး၏ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းမှုကို အကြောင်းပြုပြီး  ၄င်း၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သုံးသပ် တင် ပြခဲ့ခြင်းဖြစ်သည်။

''နိုင်ငံရေးဆွေးနွေးပွဲ အရှိန်ရလာ ချိန်မှာပဲ ကချင်ပြည်နယ်ဆောက် လုပ် ရေး ဝန်ကြီးကို ခေတ္တထိန်းသိမ်း ထားပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဒါ ဟာ တကယ်တော့ ကေအိုင်အေအဖွဲ့ တွင်းက အပစ်အခတ်ရပ်စဲရေးကို မလို လားတဲ့အုပ်စုများက ငြိမ်းချမ်းရေးဆွေး နွေးမှု အရှိန်ပျက်သွားအောင်၊ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ဖို့အတွက် အဟန့်အတားဖြစ် အောင် တမင်ရည်ရွယ်ပြီးလုပ်တာဆိုတဲ့ ယုံကြည် ဖို့ အကြောင်းအချက်တွေပဲ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ရေးသားထားသည်။

နိုင်ငံတော်သမ္မတသည် ပြည်တွင်း စစ်များရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေး နွေးပွဲ များ စတင်နိုင်ရန်အတွက် ဇန်နဝါရီ ၅ရက်က နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် တွေ့ဆုံ ကာ ပြည်ထောင် စု နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရန် အားလုံးဝိုင်းဝန်းကြိုးစားကြရန် တိုက် တွန်းခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ချက် ချင်းစတင်ရန်လည်း အဆိုပြုထားသည် ဟု ၄င်းကဆိုသည်။

ယင်းနောက် ဇန်နဝါရီ ၁၂ ရက် တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ အပါ အဝင် ၄၈ဦး တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ထပ်မံကျင်းပခဲ့ရာ ၄င်းဆွေး နွေး ပွဲတွင် တိုင်းရင်းသားပါတီတချို့နှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးတချို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အား လက်ရှိ သဘောတူထားပြီဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြင့် အရင်လက်မှတ်ရေးထိုး ကာ နိုင်ငံ ရေးဆွေးနွေး ပွဲများ အမြန်ဆုံးစတင်ရန်၊ ကေအိုင်အေလို လက်မှတ် မထိုးသေး သောအဖွဲ့များကို တံခါးဖွင့်ထားပြီး ဆက် လက်ဖိတ်ခေါ်ရန်၊ လိုအပ်လျှင် နိုင်ငံရေး ဆွေးနွေး ပွဲများသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြု ရန် စသည့် အချက်များ ကို အဆိုပြုခဲ့ကြကြောင်း ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ် က ထုတ်ဖော်ရေးသား ထား သည်။

ယင်းသို့ နိုင်ငံတော်သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူ၏ KIA အပေါ် စွပ်စွဲ ပြော ဆိုရေး သားချက်နှင့် ပတ်သက်ပြီး KIA အဖွဲ့၊ နည်းပညာ အထောက်အကူ ပြု အဖွဲ့မှ ဦးဒေါင်ခါးက ''အခု ဖားကန့်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက အရင်ကတည်း က အစိုးရတပ်မ ၆၆ က အောင် ဘာ လေကျေးရွာမှာရှိတဲ့ KIA တပ်ရင်း(၆) ကိုဖယ်ရှားဖို့ ကြိုးစားနေတာပါ။ အခု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ရဲသုံး ဦးကို KIA ကဖမ်းလိုက်တော့ သူတို့အ တွက် အကြောင်းပြချက်ပေးစရာ တစ်ခု ဖြစ်သွားတယ်။ အခုလို KIA က ဖမ်း ဆီးလိုက်တာကလဲ တပ်မတော်ရဲ့ ဗျူ ဟာမှူး တစ်ဦး တက်လာတယ်လို့ကြား တဲ့အတွက် သွားရောက်တားဆီးခဲ့ တယ်။ မမျှော်လင့်ဘဲ ဝန်ကြီးနဲ့ ရဲဝန်ထမ်းသုံးဦး ဖြစ်နေတယ်''ဟု ရန်ကုန်တိုင်းမ် သို့ ဖုန်း ဖြင့် ပြန် လည်ရှ င်းလင်းသည်။

ဦးဒေါင်ခါး၏ ပြောဆိုချက်အရ အပစ်ရပ်ရေးအတွက် KIA ဘက်မှ သဘော မတူနိုင်သည့် အချက်များမှာ ''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း သဘောတူလက်မှတ်ထိုး ရမည့်အချက်နှင့် တည်ဆဲ ဥပဒေများ အတိုင်း သဘောတူသည့်အဖွဲ့များက လိုက်နာရမည်ဆိုသည့် အချက်''များသာ ဖြစ်ကြောင်းသိရသည်။ ယင်းအချက်များသည် တခြားသောနိုင်ငံရေးအင် အားစုများနှင့် လက်နက်ကိုင် တိုင်းရင်း သားများနှင့် ညှိနှိုင်းရန်ခက်ခဲနေသည့် အချက်များဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။

အထက်ပါ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ ထုတ်ဖော်ရေးသားချက်များသည် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားစေရန်အတွက် သက်ရောက်မှု ရှိနေသော အသုံးအနှုန်း များသာ ဖြစ်နေသည်ဟု ဦးဒေါင်ခါးက သုံးသပ်သည်။

ဇန်နဝါရီ ၁၄ ရက်က ဖားကန့်-မိုး ကောင်း-မြစ်ကြီးနားလမ်းအား ကချင် ပြည်နယ် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး မှ သွားရောက်ကြည့်ရှုလေ့လာစဉ် အ ချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)၏ တပ်မဟာ(၂) လက်အောက်ခံတပ်ရင်း(၆)မှ ဝန်ကြီးအား ခေတ္တထိန်းသိမ်းခဲ့ပြီး လုံခြုံရေးလိုက်ပါ လာသော ရဲတပ်ဖွဲ့ဝင် သုံးဦးအား ဖမ်းဆီး ခေါ်ဆောင်သွားရာမှ ဖားကန့်ဒေသ တွင် ဇန်နဝါရီ ၁၉ ရက် အထိ နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆)မှ ဖမ်းဆီး ထားသော ရဲတပ်ဖွဲ့ဝင် သုံးဦးအား ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့(PCG )ထံသို့ ဇန်နဝါရီ ၁၉ရက် ညနေပိုင်းက လွှဲပြောင်းပေးအပ်လိုက် ပြီဖြစ်သည်။ 

TheYangonTimes‬

No comments:

Post a Comment