Thursday 22 January 2015

ဒေါ်လာ (၁၀) ပေးပြီး Illma Gore ရဲ့ ခန္ဓာကိုယ် ကြိုက်တဲ့နေရာမှာ ဆေးမင်ကြောင် ထိုးနိုင်

Los Angeles မြို့သူ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသမီးလေး Illma Gore ဆိုသူဟာ သူမ တစ်ကိုယ် လုံးမှာ ကြိုက်တဲ့နေရာရွေးပြီး သူစိမ်းတွေကို ဆေးမင်ကြောင်ထိုးခွင့်ပြုဖို့ စီစဉ်နေသူဖြစ်ပါတယ်လို့ Daily Mail သတင်းအရသိရပါတယ်။ Illma ကိုယ်ပေါ် ဆေးမင်ကြောင်တစ်ခုခုထိုးချင်ရင် ထိုးမယ့်သူက သူမကို ၁၀ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။
ဒါပေမယ့် လက်တည့်စမ်းတဲ့ အနေမျိုးနဲ့ ပေါက်ကရတွေတော့ ထိုးလို့မရပါဘူး။ စပျစ်သီးပုံဆိုရင် အထိုး မခံပါဘူး။ ဘာလို့လဲဆိုတော့ အရေးပြားတွန့်လာရင် စပျစ်သီးခြောက်တွေ ဖြစ်လာလိမ့်မယ်လို့ Illma က ဒီလို စည်းကမ်း သတ်မှတ်ထားရှိပါတယ်။ အဆဲအဆိုစကားတွေလဲ ထိုးလို့မရဘူးလို့ ဆိုပါတယ်။

အဲဒီအချိန်အတောအတွင်း သူမစီမံကိန်း လူသိများအောင် ဆောင်ရွက်ဖို့ Illam စတင်လိုက်တဲ့ Kickstarter campaign ကို ရပ်ဆိုင်းခံခဲ့ပါတယ်။ “ဘာကြောင့်လဲဆိုတာကို သူတို့ ကျွန်မကို မပြောပြခဲ့ဘူး။ ဆုတစ်ခုခု ပေးချင်တဲ့သဘောလား။ ဆေးမင်ကြောင်လို့ပဲ ခန့်မှန်းရတာပဲ။ အနုပညာဆိုတာဘာလဲဆိုတာ သူတို့ တကယ်မသိကြဘူး” လို့ သူမက ရှင်းပြသွားပါတယ်။ 

Ref: Cosmopolitan
Trend Myanmar 

No comments:

Post a Comment