Thursday 22 January 2015

စပိန်သံရုံးအား စီးနင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဂွါတီမာလာရဲချုပ်ဟောင်း တစ်ဦးအား ထောင်ဒဏ်အနှစ် ၉၀ ချမှတ်

Photo: စပိန်သံရုံးအား စီးနင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဂွါတီမာလာရဲချုပ်ဟောင်း တစ်ဦးအား ထောင်ဒဏ်အနှစ် ၉၀ ချမှတ်
Thursday, January 22, 2015 

၁၉၈၀ ပြည့်နှစ်က စပိန်သံရုံး အတွင်းသို့ ဆန္ဒပြနေသော အိန္ဒိယ နိုင်ငံသားတောင်သူလယ်သမားနှင့် တက္ကသိုလ်ကျောင်းသား များ ဝင် ရောက်ပုန်းခိုနေချိန် သံရုံးကိုတိုက် ခိုက်မှုဖြင့် ရဲချုပ်ဟောင်းတစ်ဦးအား ဂွါတီမာလာတရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ကြောင်း AFP သတင်းများအရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူ ပေါင်း ၃ရ ဦးသေဆုံးခဲ့ကြောင်း သိ ရသည်။ လက်ယာစွန်းအစိုးရက လက်ဝဲဝါဒီသူပုန်များနှင့် ၎င်းတို့ကို ထောက်ပံ့ကြောင်း စွပ်စွဲခံရသူများ ကို ဆန့်ကျင်တိုက်ခိုက်သော ဂွါတီ မာလာပြည်တွင်းစစ်ဖြစ်ပွားစဉ်အ တောအတွင်း ထိုကဲ့သို့တိုက်ခိုက်မှု များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၁၉၆၀ -၁၉၉၆ ခုနှစ် ဂွါတီမာလာပြည်တွင်း စစ်ကြောင့် လူပေါင်း ၂၀၀,၀၀ဝခန့် မှာသေဆုံးခြင်း သို့မဟုတ် ပျောက် ဆုံးခြင်းများ ရှိခဲ့ကြောင်း ၁၉၉၉ခု နှစ် ကုလသမဂ္ဂအစီရင်ခံစာအရသိ ရသည်။ သို့သော်လည်း တရားစွဲဆိုခံရ သော ရဲချုပ်ပီဒရိုဂါစီယာ သည် ထောင် ဒဏ်နှစ် ၃၀ သာကျခံရမည်ဖြစ် သည်။

အဘယ်ကြောင့်ဆိုသော် ထို တိုက်ခိုက်မှုဖြစ်ပွားချိန်က ထောင် ဒဏ်နှစ် ၃၀ သည် အများဆုံးပြစ် ဒဏ်ဖြစ်သောကြောင့် ဖြစ် သည်။ တရားရုံးပြင်ပရှိ ဆန္ဒပြသူများသည် လူသတ်သမား၊ လူသတ်သမားဟု အော်ဟစ်ခဲ့ကြသည်။

ထိုရဲချုပ်အား စီရင်ချက်မချမီ ဒေသခံများသည် ပန်းများ၊ ဖယောင်တိုင်းများနှင့်အတူ Maya အခမ်းအနားကျင်းပနေသည်။

ထိုတိုက်ခိုက်မှုကြောင့် သေဆုံး သွားသူတစ်ဦး၏သမီးဖြစ်သူ နိုဘယ် ငြိမ်းရေးဆုရှင် ရီဂိုဘာတိုမန်နျူက ထိုစီရင်ချက်ကို ချီးကျူးခဲ့သည်။

အိန္ဒိယနိုင်ငံသားများ၊ တောင်သူလယ် သမားများနှင့် တက္ကသိုလ်ကျောင်း သားများသည် စစ်တပ်၏ဖိနှိပ်မှုကို ဆန္ဒပြရန် သံရုံးအတွင်းဝင်ရောက်ခဲ့ ပြီး တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ရဲချုပ်ဂါစီယာဦးဆောင်သော တပ်ဖွဲ့ သည် သံရုံးအား တိုက်ခိုက်ကာ မီးရှို့ ခဲ့ကြောင်းသိရသည်။

Ref : AFP
Democracytoday
၁၉၈၀ ပြည့်နှစ်က စပိန်သံရုံး အတွင်းသို့ ဆန္ဒပြနေသော အိန္ဒိယနိုင်ငံသားတောင်သူလယ်သမားနှင့် တက္ကသိုလ်ကျောင်းသားများ ဝင်ရောက်ပုန်းခိုနေချိန် သံရုံးကိုတိုက်ခိုက်မှုဖြင့် ရဲချုပ်ဟောင်းတစ်ဦးအား ဂွါတီမာလာတရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ကြောင်း AFP သတင်းများအရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူပေါင်း ၃ရ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ လက်ယာစွန်းအစိုးရက လက်ဝဲဝါဒီ သူပုန်များနှင့် ၎င်းတို့ကို ထောက်ပံ့ကြောင်း စွပ်စွဲခံရသူများကို ဆန့်ကျင်တိုက်ခိုက်သော ဂွါတီ မာလာပြည်တွင်းစစ်ဖြစ်ပွားစဉ်အ တောအတွင်း ထိုကဲ့သို့တိုက်ခိုက်မှု များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၁၉၆၀ -၁၉၉၆ ခုနှစ် ဂွါတီမာလာပြည်တွင်း စစ်ကြောင့် လူပေါင်း ၂၀၀,၀၀ဝခန့် မှာသေဆုံးခြင်း သို့မဟုတ် ပျောက် ဆုံးခြင်းများ ရှိခဲ့ကြောင်း ၁၉၉၉ခု နှစ် ကုလသမဂ္ဂအစီရင်ခံစာအရသိ ရသည်။ သို့သော်လည်း တရားစွဲဆိုခံရ သော ရဲချုပ်ပီဒရိုဂါစီယာ သည် ထောင် ဒဏ်နှစ် ၃၀ သာကျခံရမည်ဖြစ် သည်။

အဘယ်ကြောင့်ဆိုသော် ထိုတိုက်ခိုက်မှုဖြစ်ပွားချိန်က ထောင်ဒဏ်နှစ် ၃၀ သည် အများဆုံးပြစ် ဒဏ်ဖြစ် သောကြောင့်ဖြစ်သည်။ တရားရုံးပြင်ပရှိ ဆန္ဒပြသူများသည် လူသတ်သမား၊ လူသတ်သမားဟု အော်ဟစ် ခဲ့ကြသည်။

ထိုရဲချုပ်အား စီရင်ချက်မချမီ ဒေသခံများသည် ပန်းများ၊ ဖယောင်တိုင်းများနှင့်အတူ Maya အခမ်းအနား ကျင်းပနေသည်။

ထိုတိုက်ခိုက်မှုကြောင့် သေဆုံး သွားသူတစ်ဦး၏သမီးဖြစ်သူ နိုဘယ် ငြိမ်းရေးဆုရှင် ရီဂိုဘာတိုမန်နျူက ထိုစီရင်ချက်ကို ချီးကျူးခဲ့သည်။

အိန္ဒိယနိုင်ငံသားများ၊ တောင်သူလယ် သမားများနှင့် တက္ကသိုလ်ကျောင်း သားများသည် စစ်တပ်၏ဖိနှိပ် မှုကို ဆန္ဒပြရန် သံရုံးအတွင်းဝင်ရောက်ခဲ့ ပြီး တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ရဲချုပ်ဂါစီယာဦးဆောင်သော တပ်ဖွဲ့ သည် သံရုံးအား တိုက်ခိုက်ကာ မီးရှို့ ခဲ့ကြောင်းသိရသည်။

Ref : AFP
Democracytoday

No comments:

Post a Comment