Thursday 22 January 2015

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ၏ ဆောင်ရွက်ချက်များ ပါဝင်သည့် Mobile App တစ်ခုထွက် ရှိမည်

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း ဆောင်ရွက်ချက်များ ပါဝင်သည့် Mobile App တစ်ခုကို ပွင့်လင်း မြန်မာ ရှေ့ဆောင် အဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး မကြာခင် ထွက်ရှိမည် ဖြစ်ကြောင်း ၄င်းအဖွဲ့ မှ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က The Messenger Media သို့ ပြောသည်။

အစီရင်ခံစာ ထွက်ရင်တောင် ဘတ်ဂျက်အရ အများကြီး မထုတ်နိုင်ဘူး။ ရလာတဲ့ စာအုပ်တွေ ဆိုလည်း သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ မီဒီယာတွေကို ပေးလိုက် တာနဲ့ ကုန်တယ်။ ပြည်သူ ကြားထဲကို ကျယ်ကျယ် ပြန့် ပြန့် မရောက်ဘူး၊ Mobile ကတော့ လူတိုင်း နီးပါးကိုင်တော့ ပြည်သူ အားလုံး လက်ထဲ ရောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ ဟု ဦးအေးကျော်က ပြောသည်။ ထို့အပြင် နောက်ပိုင်းတွင် ပွင့်လင်းမြန်မာ ရှေ့ဆောင် အဖွဲ့မှ ပြုလုပ်သည့် လွှတ်တော်တွင်း အစီရင်ခံများ ကိုလည်း တင်ပြပေး သွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ နီးပါက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များကို Volt ပေးနိုင် ရန်လည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Application ကို Google Store  တွင် အခမဲ့ဒေါင်းလုဒ် လုပ်နိုင်ပြီး လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ အချက် အလက်များ ပြည့်စုံစွာ မပါရှိသေးကြောင်း သိရသည်။ လွှတ်တော်တွင်းမှာ အလုပ် မလုပ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူတွေ အနေနဲ့ ထပ်ပြီးတော့ အရွေးမမှား စေချင်ဘူး။ နောက်လာမယ့် အစိုးရသစ်မှာ ပြည်သူတွေ အတွက် တကယ် အလုပ်လုပ်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ကိုပဲ ရွေးစေချင်တယ် ဟု ပွင့်လင်း မြန်မာ ရှေ့ဆောင် အဖွဲ့မှ သုတေသန ဒါရိုက်တာ ဦးအေးခိုင်က ပြောသည်။

ပြည်သူ့လွှတ်တော် ထဲတွင် လွှတ်တော် ကိုယ်စားလှယ် (၄၄၀) ဦးနှင့် အမျိုးသား လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် (၂၂၄)ဦးရှိပြီး အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များ ထဲတွင် လွှတ်တော် သက်တမ်း အတွင်း အဆို မတင်သွင်းသည့် အမတ်ပေါင်း (၃၀၀) ကျော်ရှိကြောင်း (၁၁)ကြိမ် မြောက် လွှတ်တော် အစည်းအဝေး၌ ထုတ်ပြန်ခဲ့သည်။

Messenger News Journal 

No comments:

Post a Comment