Thursday 22 January 2015

မစ္စရန်ဟီးလီအပေါ် ခိုင်းနှိုင်းပြောဆိုမှု ဦးဝီရသူ ကာကွယ်ပြောကြား

Photo: မစ္စရန်ဟီးလီအပေါ် ခိုင်းနှိုင်းပြောဆိုမှု ဦးဝီရသူ ကာကွယ်ပြောကြား
Thursday, January 22, 2015

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို ပြည့် တန်ဆာနဲ့ နှိုင်းပြီး ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ကာကွယ်ပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တာဖြစ်ပြီး ဒီလိုခိုင်းနှိုင်းပြောဆိုခဲ့တာဟာ ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေအရေး မြန်မာနိုင်ငံအပေါ် ပြောဆိုတိုက်တွန်း နေတာတွေနဲ့စာရင် ဒီစကားလုံးအသုံးအနှုန်းဟာ မပြင်းထန်ပါဘူးလို့လည်း ဦးဝီရသူက AFP သတင်းဌာနကို ဖြေကြားပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့က ရွှေတိဂုံစေတီတော်ရင်ပြင်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အခုလို ခိုင်နှိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဒီလိုပြောကြားခဲ့တဲ့အတွက် မြန်မာသတင်းမီဒီယာ လောကမှာသာမကဘဲ ပြည်ပသတင်းမီဒီယာတွေမှာပါ ဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်။

RFA Burmese
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို ပြည့်တန်ဆာနဲ့ နှိုင်းပြီး ဟောပြောခဲ့ တာနဲ့ပတ်သက်ပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ကာကွယ်ပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တာဖြစ်ပြီး ဒီလို ခိုင်းနှိုင်း ပြောဆိုခဲ့တာဟာ ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေအရေး မြန်မာနိုင်ငံအပေါ် ပြောဆို တိုက်တွန်း နေတာတွေနဲ့စာရင် ဒီစကားလုံးအသုံးအနှုန်းဟာ မပြင်းထန်ပါဘူးလို့လည်း ဦးဝီရသူက AFP သတင်းဌာနကို ဖြေကြားပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့က ရွှေတိဂုံစေတီတော်ရင်ပြင်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အခုလို ခိုင်နှိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဒီလိုပြောကြားခဲ့တဲ့အတွက် မြန်မာသတင်းမီဒီယာ လောကမှာသာမကဘဲ ပြည်ပသတင်းမီဒီယာတွေမှာပါ ဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်။

RFA Burmese 

No comments:

Post a Comment