Thursday 22 January 2015

မာလီတွင် လက်နက်များတပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ သူပုန်များသေဆုံး

Photo: မာလီတွင် လက်နက်များတပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ သူပုန်များသေဆုံး
Thursday, January 22, 2015

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်သည် သူပုန်များ၏ ပြင်းထန်စွာ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် လက်နက်များ တပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်တစ်စင်း သည် မာလီမြောက်ပိုင်းတွင် သူပုန် များ၏ ယာဉ်တစ်စီးအား တိုက်ခိုက် ဖျက်ဆီးခဲ့သဖြင့် သူပုန်များသေဆုံး ခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်ကပြော သည်ဟု AFP သတင်းများအရသိရ သည်။

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်သည် တာဘန်ကော့ထ် တွင် သူပုန်များအား လက်နက်ကြီး များဖြင့် တိုက်ရိုက် တုံ့ပြန်တိုက်ခိုက် ရန် တွန်းအားပေးခံခဲ့ရကြောင်း ကု လသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် (MINUSMA) Tuaregs နှင့် အာရပ်လူမျိုးတို့ ပူးတွဲထားသော သူပုန် အဖွဲ့တစ်ဖွဲ့မှအတည်ပြုထားသည့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MINUSMA သည်အရပ်သား များနှင့် ၎င်းတို့၏ပစ္စည်းများကိုတိုက် ခိုက်ခံရမှုများမှ ကာကွယ်ရန်သူပုန် များကို အင်အားသုံးဖြို ခွင်းရမည်ဟု အမိန့်ရရှိထားကြောင်း အဆိုပါထုတ် ပြန်ချက်တွင်ပါရှိသည်။

တာဘန်ကော့ထ်တွင် စခန်းချ နေသော MINUSMA မြေပြင်စစ် တပ်ကို တိုက်ခိုက်ခဲ့သော သူပုန်များ ၏ ယာဉ်ကိုငြိမ်း ချမ်းရေးဖော်ဆောင် သူများက သတိပေးသေနတ်ပစ် ဖောက်ခဲ့သည်။

''သတိပေးသေနတ် ဖောက်ခဲ့ပေမယ့်လဲ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတယ်။ ဒါ ကြောင့် MINUSMA ကတုံ့ပြန် တိုက်ခိုက်တဲ့အနေနဲ့ ရဟတ်ယာဉ် နဲ့ ပြန်တိုက်ခိုက်တာပါ''ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကြောင့် သူပုန် များသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များရှိခဲ့ကြောင်း Azawad ညီညွတ် ရေးလှုပ်ရှားမှုမှပြောခဲ့သည်။

Ref : AFP
Democracytoday
ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်သည် သူပုန်များ၏ ပြင်းထန်စွာ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် လက် နက်များ တပ်ဆင်ထားသော ကုလသမဂ္ဂရဟတ်ယာဉ်တစ်စင်းသည် မာလီမြောက်ပိုင်းတွင် သူပုန်များ၏ ယာဉ်တစ်စီးအား တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် သူပုန်များသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်ကပြော သည်ဟု AFP သတင်းများအရသိရသည်။
ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်သည် တာဘန်ကော့ထ်တွင် သူပုန်များအား လက်နက်ကြီးများ ဖြင့် တိုက်ရိုက် တုံ့ပြန်တိုက်ခိုက်ရန် တွန်းအားပေးခံခဲ့ရကြောင်း ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် (MINUSMA) Tuaregs နှင့် အာရပ်လူမျိုးတို့ ပူးတွဲထားသော သူပုန် အဖွဲ့တစ်ဖွဲ့မှအတည်ပြုထားသည့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MINUSMA သည်အရပ်သား များနှင့် ၎င်းတို့၏ပစ္စည်းများကိုတိုက် ခိုက်ခံရမှုများမှ ကာကွယ်ရန်သူပုန် များကို အင်အားသုံးဖြို ခွင်းရမည်ဟု အမိန့်ရရှိထားကြောင်း အဆိုပါထုတ် ပြန်ချက်တွင်ပါရှိသည်။

တာဘန်ကော့ထ်တွင် စခန်းချ နေသော MINUSMA မြေပြင်စစ် တပ်ကို တိုက်ခိုက်ခဲ့သော သူပုန်များ၏ ယာဉ်ကိုငြိမ်း ချမ်းရေးဖော်ဆောင် သူများက သတိပေးသေနတ်ပစ် ဖောက်ခဲ့သည်။

''သတိပေးသေနတ် ဖောက်ခဲ့ပေမယ့်လဲ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတယ်။ ဒါကြောင့် MINUSMA ကတုံ့ပြန် တိုက်ခိုက်တဲ့အနေနဲ့ ရဟတ်ယာဉ် နဲ့ ပြန်တိုက်ခိုက်တာပါ''ဟု ထုတ်ပြန် ချက်တွင်ဖော်ပြ ထားသည်။

ထိုတိုက်ခိုက်မှုကြောင့် သူပုန် များသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များရှိခဲ့ကြောင်း Azawad ညီညွတ်ရေး လှုပ်ရှားမှုမှ ပြောခဲ့သည်။

Ref : AFP
Democracytoday‬

No comments:

Post a Comment