Friday 23 January 2015

ခရီးသည်တင် ယာဉ်များကို GPS စနစ် တပ်ဆင် ထိန်းချုပ်မည်

Photo: ခရီးသည်တင် ယာဉ်များကို GPS စနစ် တပ်ဆင် ထိန်းချုပ်မည်
Friday, January 23, 2015  
  
ရန်ကုန်မြို့ရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ(မထသ) လက်အောက်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များ၏ ခရီးလမ်းတလျှောက် အခြေအနေကို သိရှိနိုင်ရန် GPS စနစ် တပ်ဆင် ထိန်းချုပ်မည် ဖြစ်ကြောင်း သိရ သည်။

ခရီးသည်တင် ယာဉ်များ GPS တပ်ဆင်ခြင်းကို ပြည်တွင်း Logistic Network Profession (LNP) ကုမ္ပဏီနှင့် မထသ (ဗဟို) ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားရာ ခွင့်ပြုချက်ရပါက စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း မထသ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

“ယာဉ်တွေက ထိန်းသိမ်းရ ခက်လာတယ်၊ အရင်က ဂိတ်ရင်း၊ ဂိတ်ဖျား၊ ဂိတ်လယ်ကနေ ထိန်းရင် ဘယ်မှာ ကားပျောက်နေတယ်၊ ကားပျက်နေတယ် ပြောလို့ရပေမယ့် အခုက ယာဉ်ကြောကြပ်နေတော့ ဘယ်ရောက်မှန်း မသိတဲ့အတွက် လူနဲ့ထိန်းသိမ်းမယ့် အစား စက်နဲ့ ထိန်းသိမ်းဖို့ လုပ်ဆောင်တာဖြစ်တယ်”ဟု ဦးလှအောင်က ဆိုသည်။

GPS စနစ်အား မော်တော်ယာဉ်တွင် တပ်ဆင်အသုံးပြုပါက ကုန်ကျစရိတ် စုစုပေါင်း ကျပ် တသိန်းခုနစ်သောင်း ကုန်ကျမည် ဖြစ်ပြီး ယာဉ် ပိုင်ရှင်များက LNP ကုမ္ပဏီကို တနေ့လျှင် ကျပ် ၅၀၀ နှုန်းဖြင့် ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

GPS စနစ် ကနဦးတပ်ဆင်မှုကို ဗန္ဓုလ သယ်ယူပို့ဆောင်ရေး၊ ပါရမီ ယာဉ်လိုင်းရှိ စီးတီးဘတ်စ်များနှင့် ဒဂုံတက္ကသိုလ်မှ ကျုံးကြီး ပြေးဆွဲသည့် အောင်သဒ္ဓိ ယာဉ်လိုင်းများတွင် စမ်းသပ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

“တဦးချင်း စနစ်နဲ့ ထိန်းချုပ်သွားမယ် ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ သက်ဆိုင်ရာဖြစ်တဲ့ မထသ လို အဖွဲ့အစည်းကနေ Control center လို ထောင်ပြီး ကြပ်မတ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်”ဟု ယာဉ်အစီးရေ ၁၂၀ ကျော်ရှိသော မေတ္တာလှိုင်း ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးထွန်းတောက်ဝင်းက ပြောသည်။

LNP ကုမ္ပဏီက ပါရမီ စီးတီးဘတ်စ်များပေါ်တွင် GPS စက်တပ်ဆင် စမ်းသပ်ရာတွင် ကားတွင်းရှိ ၀ါယာကြိုးများနှင့် တပ်ဆင်နိုင်ခြင်း ရှိ မရှိ၊ ၎င်းတို့၏ စက် အသုံးပြုနိုင်ခြင်း ရှိ မရှိ ဆောင်ရွက်ခဲ့ရာ အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

၎င်း GPS စက်ပစ္စည်းကို LNP ကုမ္ပဏီက ဆော့ဖ်ဝဲလ်သာ ၀န်ဆောင်မှု ပေးခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင်များကိုယ်တိုင် စီမံခန့်ခွဲရမည် ဖြစ် ကြောင်း သိရသည်။

ယာဉ်လိုင်းများတွင် GPS စနစ် စက်တပ်ဆင်ခြင်းနှင့် ပတ်သက်ပြီး ၀န်ဆောင်မှုပေးမည့် LNP ကုမ္ပဏီမှ ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဦးဟန်စိန်က“ဒီစနစ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ လာချိတ်ဆက်ထားတဲ့ ယာဉ်လိုင်းက ၁၀ လိုင်းပဲ ရှိပါသေးတယ်၊ ယာဉ်ပိုင်ရှင်တွေ အဓိက စဉ်းစားကြတာတော့ ကုန်ကျစရိတ်ပါပဲ၊ အချိန်တော့ ယူရဦးမှာပါ”ဟု ပြောသည်။

ကမ္ဘာသုံး GPS (The Global Positioning System) စနစ်သည် ဂြိုဟ်တု ဆက်သွယ်ရေး အခြေခံဖြင့် နေရာပြ မြေပုံအညွှန်း စနစ် တခုဖြစ်ပြီး ယာဉ်လမ်းကြောင်း သွားရာ နေရာပြခြင်း အပြင် ကာကွယ်ရေး ဆိုင်ရာ၊ ရာသီဥတု ဆိုင်ရာနှင့် တခြားသော သုတေသန ဆိုင်ရာများနှင့် လက်ရှိ မိုဘိုင်းလ်ဖုန်းများတွင်လည်း ထည့်သွင်း အသုံးပြုနေသည့် စနစ် တခု ဖြစ်သည်။

လက်ရှိ အချိန်တွင် ယာဉ်ကြော ကြပ်တည်းမှုအတွက် ခရီးသည်တင် ယာဉ်လိုင်းများကို ထိန်းချုပ်နိုင်ရန် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အစီအစဉ်ဖြင့် CCTV ကင်မရာများကိုလည်း မီးပွိုင့်များတွင် တပ်ဆင် ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် ထိန်းချုပ်ရေးဗဟို (Control center)မှ ဖြေရှင်း လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မထသ လက်အောက်တွင် ၂၀၁၄ ဒီဇင်ဘာလ အကုန်ထိ ယာဉ်လိုင်း စုစုပေါင်း ၃၅၉ လိုင်း ရှိပြီး မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ စုစုပေါင်း ၆၆၈၄ စီး ရှိကြောင်း၊ တရက်လျှင် ယာဉ်အစီးရေ ၄၁၀၀ ကျော် မောင်းနှင်ထွက်ရှိပြီး ခရီးသည် ၂ ဒသမ ၃ သန်းခန့် အသုံးပြု စီးနင်းနေကြောင်း မထသ မှတ်တမ်းစာရင်းတွင် ဖော်ပြထားသည်။

ဧရာဝတီ

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများကို ဖေဖော်ဝါရီလ အတွင်းက တွေ့ရပုံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများကို ဖေဖော်ဝါရီလ အတွင်းက တွေ့ရပုံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့ရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ(မထသ) လက် အောက် တွင် ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များ၏ ခရီးလမ်းတလျှောက် အခြေအနေကို သိရှိနိုင်ရန် GPS စနစ် တပ်ဆင် ထိန်းချုပ်မည် ဖြစ်ကြောင်း သိရသည်။

ခရီးသည်တင် ယာဉ်များ GPS တပ်ဆင်ခြင်းကို ပြည်တွင်း Logistic Network Profession (LNP) ကုမ္ပဏီနှင့် မထသ(ဗဟို)ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားရာခွင့်ပြုချက်ရပါက စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မထသဥက္ကဋ္ဌ ဦးလှအောင်က ပြော သည်။

“ယာဉ်တွေက ထိန်းသိမ်းရ ခက်လာတယ်၊ အရင်က ဂိတ်ရင်း၊ ဂိတ်ဖျား၊ ဂိတ်လယ်ကနေ ထိန်းရင် ဘယ်မှာ ကားပျောက်နေတယ်၊ ကားပျက်နေတယ် ပြောလို့ရပေမယ့် အခုက ယာဉ်ကြောကြပ်နေတော့ ဘယ် ရောက်မှန်း မသိတဲ့အတွက် လူနဲ့ထိန်းသိမ်းမယ့် အစား စက်နဲ့ ထိန်းသိမ်းဖို့ လုပ်ဆောင်တာဖြစ်တယ်”ဟု ဦးလှအောင်က ဆိုသည်။

GPS စနစ်အား မော်တော်ယာဉ်တွင် တပ်ဆင်အသုံးပြုပါက ကုန်ကျစရိတ် စုစုပေါင်း ကျပ် တသိန်းခုနစ် သောင်း ကုန်ကျမည် ဖြစ်ပြီး ယာဉ် ပိုင်ရှင်များက LNP ကုမ္ပဏီကို တနေ့လျှင် ကျပ် ၅၀၀ နှုန်းဖြင့် ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

GPS စနစ် ကနဦးတပ်ဆင်မှုကို ဗန္ဓုလသယ်ယူပို့ဆောင်ရေး၊ ပါရမီယာဉ်လိုင်းရှိ စီးတီးဘတ်စ်များနှင့် ဒဂုံတက္ကသိုလ်မှ ကျုံးကြီးပြေးဆွဲသည့် အောင်သဒ္ဓိယာဉ်လိုင်းများတွင် စမ်းသပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

“တဦးချင်း စနစ်နဲ့ ထိန်းချုပ်သွားမယ် ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ သက်ဆိုင်ရာဖြစ်တဲ့ မထသ လို အဖွဲ့အစည်းကနေ Control center လို ထောင်ပြီး ကြပ်မတ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်”ဟု ယာဉ်အစီးရေ ၁၂၀ ကျော်ရှိသော မေတ္တာလှိုင်း ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးထွန်းတောက်ဝင်းက ပြောသည်။

LNP ကုမ္ပဏီက ပါရမီ စီးတီးဘတ်စ်များပေါ်တွင် GPS စက်တပ်ဆင် စမ်းသပ်ရာတွင် ကားတွင်းရှိ ၀ါယာ ကြိုးများနှင့် တပ်ဆင်နိုင်ခြင်းရှိမရှိ၊ ၎င်းတို့၏စက်အသုံးပြုနိုင်ခြင်း ရှိမရှိ ဆောင်ရွက်ခဲ့ရာ အသုံးပြုနိုင် ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

၎င်း GPS စက်ပစ္စည်းကို LNP ကုမ္ပဏီက ဆော့ဖ်ဝဲလ်သာ ၀န်ဆောင်မှု ပေးခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင် များကိုယ်တိုင် စီမံခန့်ခွဲရမည် ဖြစ် ကြောင်း သိရသည်။

ယာဉ်လိုင်းများတွင် GPS စနစ် စက်တပ်ဆင်ခြင်းနှင့် ပတ်သက်ပြီး ၀န်ဆောင်မှုပေးမည့် LNP ကုမ္ပဏီမှ ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဦးဟန်စိန်က“ဒီစနစ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ လာချိတ်ဆက်ထားတဲ့ ယာဉ်လိုင်းက ၁၀ လိုင်းပဲ ရှိပါသေးတယ်၊ ယာဉ်ပိုင်ရှင်တွေ အဓိက စဉ်းစားကြတာတော့ ကုန်ကျစရိတ်ပါပဲ၊ အချိန်တော့ ယူရဦးမှာပါ”ဟု ပြောသည်။

ကမ္ဘာသုံး GPS (The Global Positioning System) စနစ်သည် ဂြိုဟ်တု ဆက်သွယ်ရေး အခြေခံဖြင့် နေရာပြ မြေပုံအညွှန်း စနစ် တခုဖြစ်ပြီး ယာဉ်လမ်းကြောင်း သွားရာ နေရာပြခြင်း အပြင် ကာကွယ်ရေး ဆိုင်ရာ၊ ရာသီဥတုဆိုင်ရာနှင့် တခြားသောသုတေသန ဆိုင်ရာများနှင့် လက်ရှိ မိုဘိုင်းလ်ဖုန်းများတွင်လည်း ထည့်သွင်း အသုံးပြုနေသည့် စနစ် တခု ဖြစ်သည်။

လက်ရှိအချိန်တွင် ယာဉ်ကြောကြပ်တည်းမှုအတွက် ခရီးသည်တင်ယာဉ်လိုင်းများကို ထိန်းချုပ်နိုင်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အစီအစဉ်ဖြင့် CCTV ကင်မရာများကို လည်း မီးပွိုင့်များတွင် တပ်ဆင် ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် ထိန်းချုပ်ရေးဗဟို (Control center)မှ ဖြေရှင်း လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မထသ လက်အောက်တွင် ၂၀၁၄ ဒီဇင်ဘာလ အကုန်ထိ ယာဉ်လိုင်း စုစုပေါင်း ၃၅၉ လိုင်း ရှိပြီး မှတ်ပုံ တင်ထားသည့် ယာဉ်အစီးရေ စုစုပေါင်း ၆၆၈၄ စီး ရှိကြောင်း၊ တရက်လျှင် ယာဉ်အစီးရေ ၄၁၀၀ ကျော် မောင်းနှင်ထွက်ရှိပြီး ခရီးသည် ၂ ဒသမ ၃ သန်းခန့် အသုံးပြု စီးနင်းနေကြောင်း မထသ မှတ်တမ်း စာရင်းတွင် ဖော်ပြထားသည်။

ဧရာဝတီ

No comments:

Post a Comment