Monday 31 March 2014

မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်

Photo: မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်
Monday, March 31, 2014

အစိုးရမှ မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်နေ့မတိုင်မီ မတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းမှာ ရာသီဥတု ရုတ်တရက် ပြောင်းလဲလာချိန်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှု တိုးမြင့်လာသောကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွင် အားနည်းချက်ရှိသော နေရာများ၌ အပြစ်ဖြစ်ကာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခြင်းဖြစ်ပြီး ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က မတ် ၃၀ ရက်တွင် ပြောကြားသည်။

“ရာသီဥတုက ရုတ်တရတ် ပြောင်းလဲလာတဲ့အခါမှာ ဓာတ်အားတွေ တိုးသုံးလာတဲ့အခါ နည်းနည်းနာနေတဲ့နေရာတွေက ထထပြီးတော့ အပြစ်ဖြစ်တာပါ။ အားနည်းချက်ရှိတဲ့ နေရာလေးတွေက အပြစ်ဖြစ်လို့ လိုက်ပြင်နေရတယ်။ နွေကာလမှာ ရန်ကုန်မြို့ကို မီးပေးနိုင်ဖို့ စီစဉ်ထားပြီးသား။ ပေးမယ်လို့လည်း ပြောထားပါတယ်။ ဒီနှစ်နွေရာသီမှာ ပြည်သူတွေကို ဓာတ်အားစဉ်ဆက်မပြတ်ပေးမယ်လို့ ၀န်ကြီးဌာနက ကြေညာထားတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုံ၊ လှော်ကား၊ ရွာမနှင့် သာကေတ စသည့်နေရာများ၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ထားသည့် ဓာတ်အားပေးစက်ရုံများ လည်ပတ်နေပြီဖြစ်ကြောင်းနှင့် ထိုင်းအစိုးရမှ မြန်မာအစိုးရသို့ လွှဲပြောင်းပေးအပ်သည့် မီးစက်ကြီးများ စမ်းသပ်လည်ပတ်နေပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့တွင် ဓာတ်အား ၂၄ နာရီ အပြည့်အ၀ ပေးနိုင်တော့မည် ဖြစ်သည်ဟုလည်း ဦးထွန်းကြွယ်က ဆိုသည်။

“နွေရာသီဆိုရင် လျှပ်စစ်မီးပြတ်တဲ့ မီးမမှန်ဒဏ်ကို အမြဲတမ်း ခံစားနေရတော့ ဒီအချိန်ရောက်ရင် အမြဲစိုးရိမ်နေရပါတယ်” ဟု ဗဟန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားခများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် မတ် ၁၉ ရက်၌ အတည်ပြုပြီးနောက် ယခင်လျှပ်စစ်ဓာတ်အားခ နှုန်းထားအတိုင်း သတ်မှတ်ထားရှိပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group 

မတ် ၃၀ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက်နေစဉ် 
မတ် ၃၀ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက်နေစဉ်
အစိုးရမှ မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်နေ့မတိုင်မီ မတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းမှာ ရာသီဥတု ရုတ်တရက် ပြောင်းလဲ လာချိန်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှု တိုးမြင့်လာသောကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွင် အား နည်းချက် ရှိသော နေရာ များ၌ အပြစ်ဖြစ်ကာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခြင်းဖြစ်ပြီး ပြင် ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က မတ် ၃၀ ရက်တွင် ပြောကြားသည်။

“ရာသီဥတုက ရုတ်တရတ် ပြောင်းလဲလာတဲ့အခါမှာ ဓာတ်အားတွေ တိုးသုံးလာတဲ့အခါ နည်းနည်းနာနေ တဲ့နေရာတွေ က ထထပြီးတော့ အပြစ်ဖြစ်တာပါ။ အားနည်းချက်ရှိတဲ့ နေရာလေးတွေက အပြစ်ဖြစ်လို့ လိုက်ပြင်နေရတယ်။ နွေကာလမှာ ရန်ကုန်မြို့ကို မီးပေးနိုင်ဖို့ စီစဉ်ထားပြီးသား။ ပေးမယ်လို့ လည်း ပြော ထားပါတယ်။ ဒီနှစ်နွေရာသီမှာ ပြည်သူတွေကို ဓာတ်အားစဉ်ဆက်မပြတ်ပေးမယ်လို့ ၀န်ကြီး ဌာန က ကြေ ညာ ထားတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုံ၊ လှော် ကား၊ ရွာမနှင့် သာကေတ စသည့်နေရာများ၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ထားသည့် ဓာတ်အားပေးစက်ရုံများ လည်ပတ်နေပြီဖြစ်ကြောင်းနှင့် ထိုင်းအစိုးရမှ မြန်မာအစိုးရသို့ လွှဲပြောင်းပေးအပ် သည့် မီးစက်ကြီးများ စမ်းသပ်လည်ပတ်နေပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့တွင် ဓာတ်အား ၂၄ နာရီ အပြည့်အ၀ ပေးနိုင်တော့မည် ဖြစ်သည်ဟုလည်း ဦးထွန်းကြွယ်က ဆိုသည်။

“နွေရာသီဆိုရင် လျှပ်စစ်မီးပြတ်တဲ့ မီးမမှန်ဒဏ်ကို အမြဲတမ်း ခံစားနေရတော့ ဒီအချိန်ရောက်ရင် အမြဲစိုး ရိမ်နေ ရပါတယ်” ဟု ဗဟန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားခများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် မတ် ၁၉ ရက်၌ အတည်ပြုပြီးနောက် ယခင်လျှပ်စစ်ဓာတ်အားခ နှုန်းထားအတိုင်း သတ်မှတ်ထားရှိပေး ရန် တောင်း ဆို ဆန္ဒထုတ်ဖော်မှုများ ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment