၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုအခြေအနေအချိန်အခါအရပြင် ဆင်ရန်လိုအပ်ပါကဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း၁၂၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီဆောင် ရွက်ရမည်ဟု ၆၉ နှစ် မြောက်တပ်မတော်နေ့အခမ်းအနား တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကမိန့်ကြားသွားသည့်အပေါ် CSO များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ များအကြားဝေဖန်သံ များထွက်ပေါ်လျှက်ရှိသည်။
မတ် ၂၆ ရက်နေ့ကပြော ကြားခဲ့သည့်သမ်္မတမိန့်ခွန်းတွင် လည်းအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက် ရာတွင်နိုင်ငံရေးအကျပ် အတည်းဆီသို့ဦးတည်မသွားစေရန် ထည့်သွင်းပြောကြားခဲ့ခြင်းနှင့် ကာ/ချုပ် ၏တပ်မတော်နေ့မိန့်ခွန်း တို့သည်ဆက်နွယ်မှုရှိနေသည်ဟု ဝေဖန်သံများထွက်ပေါ်လာပြီး ““၂၀၀၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့နိုင်ငံရေးအရွေ့ကိုရှုမြင်နေ ကြခြင်းပဲဖြစ်တယ်””ဆိုသည့်စကား ကိုလုံးဝ လက်မခံနိုင်ကြောင်းနိုင်ငံ ရေးလေ့လာသူ၊ တက်ကြွလှုပ်ရှား သူများကဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံကိုပြည်သူ တစ်ရပ်လုံးရာခိုင်နှုန်းပြည့်နီးပါး ထောက်ခံထားတာမို့လို့တပ်မတော် အနေနဲ့ပြင် ဆင်ဖို့ မသင့်ဘူးလို့ပြော ချင်ပုံရတယ်။ ၂၀၀၈ ကိုပြင်လိုက် ရင်တပ်မတော်ဟာတပ်မတော်နေ ရာမှာပဲရှိပြီး၊ နိုင်ငံတော်ရဲ့အထွဋ် အထိပ်နေရာဘယ်တော့မှပြန်မ ရောက်တော့ဘူး၊ ဒါကိုသူနဲ့သူ့ ဆရာကြီးက ပြောချင်ပုံရတယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေ သူနိုင်ငံရေးအကျဉ်းသားဟောင်း ကိုမိုးကြိုးကပြောကြားလိုက်သည်။MDCF အဖွဲ့ခေါင်းဆောင် ကိုထင် ကျော် ကလည်း “ကာချုပ်ကဖွဲ့စည်း ပုံပြင်ဆင်ရေးဆွဲဖို့ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်သေးဘူး၊ ကာချုပ် ဟာပြည်သူ့ဝန်ထမ်း၊ ပြည်သူကို အလုပ်အကျွေးပြုရမယ်၊ ပြည်သူ့ အကျိုးစီးပွားကိုကာကွယ်ရမယ်၊ ဒီယုံကြည်ချက်နဲ့တာဝန်ကိုမျက် ကွယ်ပြုထားတယ်လို့မြင်တယ်”ဟုပြောသည်။
အချို့သောနိုင်ငံရေးပါတီများ ကတော့နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းများအပေါ်တွင်တစ်စုံ တစ်ရာ ဝေဖန်မှု မရှိဘဲထောက်ခံလိုက်ကြ ကြောင်းသိရသည်။
ဇော်မြင့်
The Hot News Weekly
No comments:
Post a Comment