Monday 31 March 2014

လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ရန်ကုန်သင်္ကြန်အကြိုမြင်ကွင်း


နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကား ရောက်ရှိတော့မည်။ သင်္ကြန်တေးများ လည်းဟိုမှသည်မှ ပျံ့လွင့်နေပြီး သင်္ကြန်ပွဲတော်အတွက် အတွေး ကိုယ်စီဖြင့် လူတိုင်းပြင်ဆင်နေကြ ပြီဖြစ်ရာ အရွယ်စုံမျှော်လင့်ရသော သင်္ကြန်၊ ပျော်ရွှင်ရသော သင်္ကြန် ပွဲတော်ကာလပင်။
နှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစားကြမည့်ကလေး ငယ်များအတွက် ရေကစားနိုင်သည့် အရုပ် မျိုးစုံ၊ ဖလားမျိုးစုံနှင့် ရေကာ မျက်မှန်မျိုးစုံတို့မှာ ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနှင့် တာမွေ ဈေးတို့ အပါအဝင် မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ တွင် နေရာယူလာကြပြီး ဖြစ်သည်။



ရောင်းစုံပလတ်စတစ် ရေပြွတ်များ၊ ရေကစားနိုင်သည့် ပလတ်စတစ် သေနတ်လေးများ၊ ဦးခေါင်းစွပ်နှင့် မျက်မှန်တွဲလျက် ပြုလုပ်ထားသည့် ရေပက်ခံ ပလတ်စတစ်ပစ္စည်းများကို အမျိုးစုံတွေ့ရသည်။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်နှင့် ရောင်စုံ စပ်ထားသော ရေကစားပလတ်စတစ် ကစားစရာများကား ကလေးငယ်များ ကို ဆွဲဆောင်နေပြီဖြစ်သည်။ ဈေးက မသေးလှ၊ ပလတ်စတစ် ရေ ကစား သေနတ် တစ်လက်လျှင် အရွယ်အစား နှင့် ဒီဇိုင်းအလိုက် ငွေကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ ရှိနေသည်။

''အခုအချိန်မှာတော့ ကလေး တွေက လျှာထိုးခေါင်းစွပ်ပါတဲ့ ပလတ်စတစ် ရေကာမျက် မှန်လေး တွေ အဝယ်များကြတယ်။ ပလတ် စတစ်ရေပုံးအသေးတွေလည်း အဝယ် လိုက်တယ်။ ရေများများထည့်ပြီး ပက်နိုင် တဲ့ ရြေ>ွပတ်အကြီးစားတွေ လည်း ကလေးတွေနှစ်သက်ကြတယ်''ဟု မင်္ဂလာဈေးမှ သင်္ကြန်ရေကစား စရာပစ္စည်းများရောင်းချသူ ဒေါ်မိုးမိုး ကပြောသည်။

တစ်ဖန်ရေပက်ခံ ထွက်လည်ကြ မည့် လူငယ်များအတွက် ဂျင်းဘောင်း ဘီနှင့်ဂျင်းအင်္ကျီများလည်း အဝယ် လိုက်လျက်ရှိသည်။ ရေပက်ခံထွက် မည့် လူငယ်များအတွက် အကြမ်းခံ နေကာမျက်မှန်နှင့် ဦးထုပ်များ လည်း ဝယ်ယူမှုရှိနေကြရာ တန်ဖိုးသင့်တင့် သော ဂျင်းဘောင်းဘီနှင့် အင်္ကျီများ ရောင်းအားကောင်း လျက်ရှိသည်။

''ဂျင်းဘောင်းဘီနဲ့ အင်္ကျီတွေ ရောင်းရပါတယ်။ ဒီလကုန်လစာ ထုတ်ရက်ဆိုရင် ပိုရောင်းရမှာပါ။ တစ်နေ့ ကို ငွေကျပ် တစ်သိန်းဝန်းကျင် ရောင်းရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြိုကာလတွေမှာ ရောင်းရ သလောက်ရောင်းနေရပါတယ်'' ဟု လှည်းတန်းဈေးမှ ဂျင်းဘောင်းဘီများ ရောင်းချသူဦးလှစိုးက ပြောသည်။

သင်္ကြန်ပွဲတော်ကာလဖြစ်သည့် သင်္ကြန်အကြိုနေ့(ဧပြီ ၁၃ ရက်)မှ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်)အထိ သင်္ကြန်ရေပက်ခံကားများကို ကြိုတင်ငှားရမ်းမှုများ ရှိနေပြီဖြစ် သည်။ လွတ်လပ်စွာရေပက်ခံနိုင်သည့် ဂျစ်ကားများကို ဦးစားပေးငှားရမ်း မှုများရှိနေရာ ဈေးနှုန်းမှာတစ်ရက် လျှင် ငွေကျပ်တစ်သိန်းနှစ်သောင်းခန့် ဝန်းကျင်ရှိနေသည်။

''ပစ်ကပ်နဲ့ ဂျစ်ကားတွေတော့ အငှားများတယ်။ အခုကျွန်တော်နဲ့ သိတဲ့ ကားတွေကတော့ ငှားပြီးကုန် ပြီ။ တစ်ရက်ကို ငွေကျပ်တစ်သိန်း နှစ်သောင်းခန့်ရှိနေတယ်။ ကားကောင်း ရင် တစ်သိန်းခွဲအထိ ရှိတယ် လို့လည်း ကြားတယ်။ ကျွန်တော်က ဂျစ်ကား ရှိတော့ တစ်နေ့ငွေကျပ်တစ်သိန်း နဲ့အငှားလိုက်ဖို့ သဘော ထူထားပြီး ပါပြီ''ဟု သင်္ကြန်ရေပက်ခံကား အငှားလိုက်သူ ရေကျော်မှကိုစိုးမောင် ကပြောသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း အားလပ်ရက်များ၌ တရားစခန်းဝင်ကြ မည့်သူများအတွက်လည်း စာရင်းများ ပေးသွင်းနေကြသည်။ အချို့နာမည် ကြီး တရားစခန်းများတွင် သတ်မှတ် လူဦးရေ ပြည့်နေပြီဟု ဆိုသည်။

ရန်ကုန်မြို့၌ ရှောပင်းမောများ၊ အရောင်းဆိုင်ကြီးများတွင်လည်း သင်္ကြန်ပွဲတော်ကာလအတွင်း အထူး ဈေးနှုန်း များဖြင့် ရောင်းချနေကြပြီ ဖြစ်သည်။ သင်္ကြန်ကာလ ခရီးထွက် ကြမည့်သူများအတွက် ခရီး သွား လုပ်ငန်းများက အထူးမော်တော် ယာဉ်ကြီးဖြင့် အထူးခရီးစဉ်များ ပြေးဆွဲကြရန် စီစဉ်နေကြပြီဖြစ် သည်။

(မြန်မာ့အလင်း)

No comments:

Post a Comment