Monday 31 March 2014

မိုင်ယာမီ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့ ဆုံတွေ့မည်

Photo: မိုင်ယာမီ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့ ဆုံတွေ့မည်

March 31, 2014

အမေရိကန် ပြည်ထောင်စု မိုင်ယာမီမြို့၌ ကျင်းပမည့် မိုင်ယာမီ ATP မာစတာ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင်ကမ္ဘာ့နံပါတ်တစ် အဆင့်ရှိ စပိန်တင်းနစ် ကစားသမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ ဆားဘီးယား တင်းနစ် ကစားသမား နိုဗက်ဂျိုကိုဗစ်တို့ တွေ့ဆုံ ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် နာဒယ်လ်သည် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ၎င်းနှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ဖြစ်သူ သောမက်စ်ဘာဒိုက်ခ်ျမှာ ဒဏ်ရာရရှိပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ရခြင်းကြောင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ သီးခြား ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ခုတွင် ဂျိုကိုဗစ်သည် ပြိုင်ဘက်ဖြစ်သူ ကေနီရှီကိုရီမှာ အစာအိမ်ရောဂါကြောင့် ပြိုင်ပွဲမှ ထွက်ခွာသွားသဖြင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့သည် တင်းနစ် ချန်ပီယံ ပြိုင်ပွဲ တစ်ခု၏ ဆီမီးဖိုင်နယ် ပွဲစဉ်တို့တွင် ယှဉ်ပြိုင်ခြင်း မရှိဘဲ ဗိုလ်လုပွဲစဉ်သို့ တစ်ပြိုင်တည်း အလို အလျောက် တက်ရောက်လာသည့် ATP သမိုင်းတွင် ပထမဆုံးသော တင်းနစ် ကစားသမားများ ဖြစ်လာ သည်ဟု သိရသည်။

မြ၀တီ
အမေရိကန် ပြည်ထောင်စု မိုင်ယာမီမြို့၌ ကျင်းပမည့် မိုင်ယာမီ ATP မာစတာ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ ဗိုလ် လုပွဲစဉ်တွင်ကမ္ဘာ့နံပါတ်တစ်အဆင့်ရှိ စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ ဆားဘီးယားတင်းနစ် ကစားသမား နိုဗက်ဂျိုကိုဗစ်တို့ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်ကြော င်း သိရ သည်။
အဆိုပါ ပြိုင်ပွဲတွင် နာဒယ်လ်သည် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ၎င်းနှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ဖြစ်သူ သောမက်စ် ဘာဒိုက်ခ်ျမှာ ဒဏ်ရာရရှိပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ရခြင်းကြောင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ သီးခြား ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ခုတွင် ဂျိုကိုဗစ်သည် ပြိုင်ဘက်ဖြစ် သူ ကေနီရှီကိုရီမှာ အစာအိမ်ရောဂါကြောင့် ပြိုင်ပွဲမှ ထွက်ခွာသွားသဖြင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့သည် တင်းနစ် ချန်ပီယံ ပြိုင်ပွဲ တစ်ခု၏ ဆီမီးဖိုင်နယ် ပွဲစဉ်တို့တွင် ယှဉ်ပြိုင်ခြင်း မရှိဘဲ ဗိုလ်လုပွဲစဉ်သို့ တစ်ပြိုင်တည်း အလို အလျောက် တက်ရောက်လာသည့် ATP သမိုင်း တွင် ပထမဆုံးသော တင်းနစ် ကစားသမားများ ဖြစ်လာ သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment